ကျော်ခ
သောကြာနေ့၊မေလ၀၇ရက်၂၀၁၀ခုနှစ်၁၂နာရီ၄၈မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။လူကုန်ကူးခံရသူများအမှုရင်ဆိုင်နေရချိန်အတွင်းနိုင်ငံအတွင်းယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ထိုင်းနိုင်ငံက ခွင့်ပြုတော့မှာဖြစ်သည်။
ဝန်ကြီးချုပ်အဘီဆစ်ဝေ့ခ်ျချချီဝအပါအဝင်ပြည်ထဲရေးဝန်ကြီးဌာန၊လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဝန်ကြီးဌာန၊အလုပ်သမားဝန်ကြီးဌာနတို့တက်ရောက်ခဲ့သည့်ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်တွင် ယခုလ၄ရက်နေ့အစည်းအဝေးမှအတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လူကုန်ကူးခံရသူနိုင်ငံခြားသားများအနေဖြင့်အမှုရင်ဆိုင်နေရချိန်အတွင်း“ဆေးကုသနိုင်ရန်၊ ပြန်လည်ထူထောင်ရေးလုပ်နိုင်ရန်၊ အခွင့်အရေးများ တောင်းဆိုနိုင်ရန်”အတွက် သူတို့အား ယာယီ နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်အတွက် ဆောင်ရွက်သွားရန် ပြည်ထဲရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး၊ အလုပ်သမားရေး စသည့် ဝန်ကြီးဌာနများအား ပူးတွဲ တာဝန် ပေးလိုက်သည်။
ယင်းဆုံးဖြတ်ချက်ကို အာဆီယံအဖွဲ့ကြီး၏ ၁၉၉၆ ခုနှစ်တွင် အာဆီယံလူမှုဖူလုံရေးနှင့် လုံခြုံရေးအစည်း အဝေး၌ ချမှတ်ခဲ့ပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားတို့ နောက် ထိုင်းနိုင်ငံသည် စတုတ္ထမြောက် လိုက်နာလာခြင်းဖြစ်သည်။
လူကုန်ကူးခံရသူများအား စူရပ်ဌာနီ၊ နွန်ထဘူရီ၊ ချင်းရိုင်၊ မဲဟောင်ဆောင်မြို့ များအပါအဝင် အနည်း ဆုံး ၅ မြို့နယ်များ၌ ထိုင်းအန်ဂျီများက ဖွင့်လှစ်ထား သော ယာယီပြုပြင်ထိန်းသိမ်းရေးစခန်း shelters များတွင် နေရာချထားပေး ထားကြောင်း အလုပ်သမားအဖွဲ့များက ဆိုသည်။
ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)HREIB၏BurmaAntiChildTrafficking လုပ်ငန်းခွဲမှစစ်တမ်းများအရမဲဆောက်-မြဝတီနယ်စပ်ဒေသသို့တရားမဝင်ရောက်လာပြီးရောင်းစားခံရသူ လစဉ်ပျှမ်းမျှလူ၁ဝဝဝကျော်ရှိပြီးအမျိုးသမီးနှင့်ကလေးအများစုဖြစ်ကြောင်းသိရသည်။
ရောင်းစားခံရသူများမှာ အိမ်ဖော် လုပ်ငန်း၊ ပင်လယ်ရေထွက်ကုန်၊ စိုက်ပျိုးရေး တို့သာမက ပြည်တာဆန်၊ တောင်းရမ်းစားသောက်ခြင်းတို့ပင် လုပ်ကိုင်ကြရ လေ့ရှိသည်ဟု ဆိုသည်။
နာဂစ်မုန်တိုင်းတိုက်ပြီး မြစ်ဝကျွန်းပေါ်ဒေသမှ အမျိုးသမီးနှင့် ကလေးငယ်များ လူကုန်ကူးခံရမှုတွင် ပိုမိုပါဝင်လာသည်ဟု စုံစမ်းသိရှိရသည်။
“အလုပ်အကိုင်ကအဆင်မပြေတော့ဒီဘက်ထွက်လာကြတယ်။နယ်စပ်လူဝင်မှုကြီးကြပ်ရေးကတင်းကျပ်တော့ လူပွဲစားတွေအကူအညီနဲ့သွားရတော့ရောင်းစားခံထိတာများတာပေါ့”ဟုBurmaAntiChildTrafficking တာဝန်ခံမနန်းမှုကပြောသည်။
(ကိုဝိုင်းတည်းဖြတ်သည်)
Geen opmerkingen:
Een reactie posten