ကျော်ခ
ကြာသပတေးနေ့၊မေလ၀၆ရက်၂၀၁၀ခုနှစ်၁၉နာရီ၀၃မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။တိုးတက်သောဗုဒ္ဓဘာသာကရင်တပ်မတော်DKBA၏ထိပ်ပိုင်းခေါင်းဆောင် အချို့ကြားတွင်နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအပ်ါသဘောထားကွဲလွဲမှုများဖြစ်နေကြောင်း တပ်မှူးများကဝန်ခံပြောကြားသည်။
အင်အား၇ဝဝဝအနည်းဆုံးရှိသောDKBAအင်အားကိုစစ်အစိုးရက၁ဝဝဝအထိလျော့ချခိုင်းခံနေရစဉ် သဘောကွဲမှုမှာလူသိရှင်ကြားဖြစ်လာသည်။
“အရင်ကDKBAတံဆိပ်၊DKBAအလံနဲ့နေပြီးအသက်မွေးဝမ်းကျောင်းလည်းဒီအပေါ်မှာလုပ်နေပြီး၊ အဲဒါတွေအားလုံးရုပ်သိမ်းခံလိုက်ရပြီးတော့..စစ်တပ်အောက်မှာမနေချင်ဘူးဆိုတာမျိုးတွေရှိနေတာပေါ့” တပ်မဟာ၉၉၉လက်အောက်ခံတပ်ရင်းမှူးတဦးကမဇ္ဈိမကိုပြောသည်။
DKBA တွင် အဓိက စစ်အင်အားအဖြစ် တပ်မဟာ ၃ ခုရှိပြီး ဗိုလ်မှူးချုပ် မောင်ကြည် ဦးဆောင်သော ၃၃၃၊ ဗိုလ်မှူးချုပ် ပြားပြား ဦးဆောင်သည့် ၅၅၅၊ ဗိုလ်မှူးချုပ် ဖားနွီး ဦးဆောင်သည့် ၉၉၉ တို့ဖြစ်ပြီး အမာခံအင်အား ၇ဝဝဝ ကျော်ရှိရှိမည်ဟု လေ့လာသူများက ခန့်မှန်းထားကြသည်။
နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရန်ကို ဥက္ကဌ ဦးသာထူးကျော်က သဘောတူသော်လည်း တပ်မှူးအချို့က မလိုက်နာလိုကြပေ။ သို့သော်လည်း သဘောမတူသောဘက်က အင်အားမည်မျှရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ဝေဖန်သူများကမူအပစ်ခတ်ရပ်စဲပြီးနောက်စီးပွားရေးအခွင့်အလမ်းများရနေသောDKBAအနေဖြင့် စစ်အစိုးရကို တင်းတင်းမာမာငြင်းဆန်ရန် ခဲယဉ်းသည်ဟု ပြောသည်။
ယခင်လကုန်ပိုင်းကDKBAဌာနချုပ်ရှိရာမြိုင်ကြီးငူ၌အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းဦးဆောင်သည့်အဖွဲ့နှင့်DKBAခေါင်းဆောင်အချို့ဆွေးနွေးကြရာDKBAတပ်မင်းအချို့ မတက်ရောက်ဘဲရှောင်နေခဲ့သည်။
နယ်ခြားစောင့်တပ်အသွင်ပြောင်းလျင်DKBAကိုအင်အား၁ဝဝဝကျော်အထိလျော့ချရန် စစ်အစိုးရကညွှန်ကြားမှုနှင့်ပတ်သက်၍အစည်းအဝေးတွင်လည်းသဘောတူမှုမရဘဲဖြစ်ခဲ့သည်။
ထို့နောက်DKBAတပ်သားတချို့KNUကြီးစိုးရာနယ်မြေအချို့တွင်အရပ်သားအဖြစ် ပြောင်းလဲနေထိုင်ကြသည်ဟု သတင်းများထွက်ပေါ်လာသည်။
ရန်ဘက်ကရင်အမျိုးသားအစည်းအရုံး(KNU)ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးစောလှငွေက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့်မပတ်သက်သူ၊KNU၏ဦးဆောင်မှုကိုခံယူနိုင်သူဖြစ်လျှင် လက်ခံမည်ဟုပြောသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်နေသော KNUမှ ခွဲထွက်ကာ၁၉၉၄နှစ်ကုန်ပိုင်းတွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးမဟာမိတ်ဖွဲ့ခဲ့သောDKBAမှာယခင်KNUထိန်းချုပ်ရာနယ်မြေအချို့ကို ထိန်းချုပ်ခွင့်နှင့်အတူ သစ်လုပ်ငန်း၊သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့်အခွန်အတုတ်ကောက်ပိုင်ခွင့်တို့ ရရှိသည်။ထို့အပြင်တပ်အချို့က မက်သာဖီသမင်းစိတ်ကြွဆေးပြားရောင်းဝယ်ဖောက်ကားမှုနှင့်ပတ်သက်၍ နာမည်ဆိုး ထွက်သည်။
(ကိုဝိုင်းတည်းဖြတ်သည်)

Geen opmerkingen:
Een reactie posten