မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 10 mei 2010

အမေရိကန်သံတမန်နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

ဖနိဒါ
တနင်္လာနေ့၊မေလ၁၀ရက်၂၀၁၀ခုနှစ်၁၉နာရီ၅၉မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။အရှေ့အာရှနဲ့ပစိဖိတ်ဒေသရေးရာအမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကာ့တ် ကမ့်ပ်ဘဲလ်Mr.KurtCampbellနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ယနေ့ နေ့လည်ကတွေ့ဆုံဆွေးနွေးကြသည်။
မစ္စတာကမ့်ပ်ဘဲလ်သည်သူ၏မြန်မာနိုင်ငံဒုတိယမြောက်ခရီးစဉ်အဖြစ်ယမန်နေ့ကနေပြည်တော်သို့ ရောက်ရှိကာဝန်ကြီးအချို့နှင့်တွေ့ဆုံအပြီးနေအိမ်အကျယ်ချုပ်ကျခံနေရသောအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်စိမ်းလဲ့ကန်သာအစိုးရဧည့်ရိပ်သာတွင်တွေ့ဆုံမှုဖြစ်သည်။
အမေရိကန်သံရုံးကဖိတ်ကြားထားသော်လည်းပြည်တွင်းနှင့်နိုင်ငံခြားသတင်းထောက်များကိုစစ်အစိုးရက ဝင်ခွင့်မပြုဘဲထားခဲ့သည်။
ယနေ့အစောပိုင်းကလည်းKurtCampbellနှင့်အန်အယ်ဒီဒုဥက္ကဌဦးတင်ဦးခေါင်းဆောင်သော ဗဟိုအလုပ်မှုဆောင်၁ဝဦးသည်ရန်ကုန်မြို့ရှိအမေရိကန်သံမှူးကြီး၏နေအိမ်တွင်၁နာရီကြာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
အမေရိကန်အစိုးရအနေဖြင့်မြန်မာစစ်ခေါင်းဆောင်များကိုဖိအားပိုမိုပေးရန်အန်အယ်ဒီက အမေရိကန်သံတမန်ကိုပြောကြားခဲ့ကြောင်းသိရှိရသည်။
“စစ်အစိုးရကို ဆက်ဆံတဲ့အခါမှာ နူးညံ့နေတယ်။ ကျနော်တို့အမြင်က ဒီလိုလုပ်နေလို့ မရဘူး။ ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်တဲ့ စီးပွားရေးပိတ်ဆို့မှုကို၎င်း လုပ်ဖို့လိုလိမ့်မယ်။ ရွေးကောက်ပွဲဟာ အားလုံးပါဝင် ပတ်သက်တဲ့ ဘက်ပေါင်းစုံကနေ တာဝန်ရှိတဲ့လူ ပါဝင်နိုင်တဲ့ရွေးကောက်ပွဲနဲ့ အများလက်ခံနိုင်မဲ့ ရွေးကောက်ပွဲမဟုတ်လို့ရှိရင်ဒီလိုရလဒ်တွေကိုအသိအမှတ်မပြုဆိုတာတွေ၊စစ်အစိုးရအပေါ် ရွေးကောက်ပွဲမှထွက်လာမဲ့လွတ်တော်တို့အသိအမှတ်မပြုဘူးဆိုတာတွေဆောင်ရွက်ပေးပါ”ဟုအန်အယ်ဒီ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင်က မဇ္ဈိမသို့ ပြန်လည်ပြောပြသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား အတိုက်အခံ ပါတီများနှင့်လည်း တွေ့ဆုံဆွေးနွေးပွဲ ဖြစ်အောင် လုပ်ဆောင်ပေးရန် တိုက်တွန်းပြောဆိုခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။
အန်အယ်ဒီနှင့်တွေ့ဆုံအပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ)၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် တို့မှ ကိုယ်စားလှယ်များ၊ ရခိုင်နိုင်ငံရေးသမားကြီးဖြစ်သော ဦးအေးသာအောင်၊ အန်အယ်ဒီ ဒုဥက္ကဌ ဦးတင်ဦးတို့ပါ ပြန်လည်ပါဝင် တွေ့ဆုံဆွေးနွေးကြပြန်သည်။
မစ္စတာကမ်းဘဲလ်က ရွေးကောက်ပွဲဥပဒေများအပေါ် စိတ်မသက်မသာဖြစ်ရကြောင်း မြန်မာနိုင်ငံမသွားခင် ထိုင်းနိုင်ငံ ဘန်ကောက်၌ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောတာကိုပင် ထပ်လောင်းပြောသည်။
“အမေရိကန်အစိုးရအနေနေနဲ့ရွေးကောက်ပွဲဥပဒေတွေ၊ရွေးကောက်ပွဲနဲ့ပတ်သက်တာတွေအရမ်းစိတ်ပျက်တယ်ပေါ့။ ဘယ်ဟာမှမရေမရာမသေမချာဖြစ်နေတာတွေရှိတယ်ပေါ့နော်။”ဟုဒီမိုကရက်တစ်ပါတီ(မြန်မာနိုင်ငံ)မှ ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။
ပြည်ထောင်စုဒီမိုကရေစီပါတီ(UDP)မှကိုဖြိုးမင်းသိန်းကအသွင်ကူးပြောင်းရေးကာလတွင် ကြားနေအစိုးရတရပ်ကိုပြောင်းလဲဖွဲ့စည်းရန်၊ရွေးကောက်ပွဲကိုသီးခြားလွတ်လပ်သောအဖွဲ့အစည်းများက ကြီးကြပ်လေ့လာခွင့်ပြုရန်နှင့်ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းအဆင့်ဆင့်ကိုအလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးရန်ဟူသောအချက်များတင်ပြဆွေးနွေးခဲ့သည်ဟုဆိုသည်။
ဦးအေးသာအောင်ကမူလာမည့်စစ်အစိုးရကျင်းပမည့်ရွေးကောက်ပွဲသည်အရေးမကြီးသည့်အပြင် မြန်မာနို်င်ငံရေးအပြောင်းအလဲမဖြစ်နိုင်ကြောင်းဆွေးနွေးခဲ့သည်ဟုသိရသည်။
ပိတ်ဆို့အရေးယူမှုနှင့်အတူ မြန်မာနှင့် ထိတွေ့ဆက်ဆံရေးမူကျင့်သုံးနေတဲ့ အမေရိကန်သမတ အိုဘားမားရဲ့ပေါ်လစီအောက်မှာ မစ္စတာ ကမ့်ပဲဘဲလ်ဟာ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။
မစ္စတာကမ့်ပ်ဘဲလ်သည်ယမန်နေ့ကနေပြည်တော်တွင်နိုင်ငံခြားရေးဝန်ကြီးဦးဥာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီးကျော်ဆန်းနှင့်သိပ္ပံနှင့်နည်းပညာဝန်ကြီးဦးသောင်းတို့နှင့်တွေ့ဆုံခဲ့သည်။
ထိုသို့ဖြစ်ထွန်းနေချိန်တွင်မတရားသောရွေးကောက်ပွဲဥပဒေများကိုကန့်ကွက်သောအားဖြင့် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံမတင်သော အန်အယ်ဒီ၏ ရန်ကုန်ရုံးချုပ်အနီးတဝိုက်ရှိ ဈေးဆိုင်များကို မေလ၁၃ရက်နေ့နောက်ဆုံးထားဖယ်ရှားရန်ညွှန်ကြားထားသည်ဟုရဲဌာနနှင့်နီးစပ်သူတဦးက မဇ္ဈိမသို့ပြောသည်။
ပါတီဆိုင်းဘုတ်၊အလံမဖြုတ်ဘဲဆက်လက်ဖွင့်လှစ်ထားမှုကိုအာဏာပိုင်များက အင်အားသုံးဖြုတ်သိမ်းမှုလုပ်ရန်ပြင်ဆင်နေသည်ဆိုသောစိုးရိမ်မှုများပေါ်ထွက်လာနေသည်။
ရွေးကောက်ပွဲဆိုင်ရာပါတီမှတ်ပုံတင်ခြင်းဥပဒေအရအန်အယ်ဒီသည်မေလ၆ရက်နေ့တွင်ပါတီ ပျက်ပယ်သည်။



Geen opmerkingen: