မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 10 mei 2010

သင်္ကြန်ဗုံးအမှုလူမှားဖမ်းဟုဆို

ဇာနည်မာန် Monday, May 10, 2010
.သင်္ကြန်ဗုံးကွဲမှုဖြင့်ဖမ်းဆီးခံထားရသောကိုဖြိုးဝေအောင်တွင်အပြစ်မရှိကြောင်းနှင့်အာဏာပိုင်တို့က မှားယွင်းဖမ်းဆီးထားခြင်းသာဖြစ်ကြောင်းဇနီးဖြစ်သူကထုတ်ဖော်ပြောဆိုလိုက်သည်။
                      ဗုံးပေါက်ကွဲမှုဖြစ်ပွားအပြီးX2Oမဏ္ဍပ်အနီးတွေ့ရသည့်ရဲတပ်ဖွဲ့ဝင်များ(ဓာတ်ပုံ-Reuters)
စစ်အစိုးရကမေလ၆ရက်နေ့တွင်ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင်ကိုဖြိုးဝေအောင်သည်ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှုများတွင်ပါဝင်လှုပ်ရှားခဲ့သည်ဟူ၍စွပ်စွဲထားသည်။
“အဲဒီဟာတွေကလေသတင်းစာထဲပါလာမှပဲကျမတို့ကြားဖူးတာ။တကယ်တမ်းအဲဒါတွေကတခုမှလည်း မဟုတ်ပါဘူး။ကျမအမျိုးသားကသင်္ကြန်ပိတ်ရက်တွင်းအပြီးလုပ်ရမယ့်ရန်ကင်းစင်တာကလုပ်ငန်းခွင်ထဲမှာ ရှိနေတာ။အိမ်ငှားတယ်ဆိုတာကလည်းမဟုတ်ဘူးရှင့်”ဟုကိုဖြိုးဝေအောင်၏ဇနီးဖြစ်သူမဌေးဌေးက ပြောသည်။
စစ်အစိုးရ၏ ရှင်းလင်းချက်များတွင် ဖော်ပြ ထားသည့် ကိုသူရဇော် ဆိုသူမှာ အင်ဂျင်နီယာ တဦးဖြစ်သည့် ကိုဖြိုးဝေအောင်နှင့် ယခင်က ဆောက်လုပ်ရေး လုပ်ငန်း အတူလုပ်ကိုင်ဖူးသူ တဦးမျှသာဖြစ်ကြောင်း၊ ကိုဖြိုးဝေအောင်၏ နာမည်ဝှက် သက်ခိုင် ဆိုသည်နှင့် တခြားသော အချက်များမှာလည်း စွပ်စွဲချက်များသာ ဖြစ်ကြောင်း သူကဆိုသည်။
သူက ဆက်၍ “ကျမစိတ်နဲ့ပြောရရင် ကျမယောက်ျား ဒီကိစ္စနဲ့ ဆက်စပ်မှုမရှိဘူး၊ အစကတော့ မစိုးရိမ်ဘူး။ အရင်ကလည်း ချယ်ရီ ဥယျာဉ် အိမ်ယာထဲမှာ ဗုံးတလုံးတွေ့တာနဲ့ပတ်သက်ပြီး မေးမြန်းမှုရှိခဲ့တယ်။ အခုကိစ္စလည်း သာမန်ကိစ္စလောက်ပဲ ထင်ထားတာ။ သူသာ တကယ်လုပ်တာဆိုရင် ထွက်ပြေးတာ၊ ပုန်းတာ လုပ်မှာပေါ့” ဟု ၎င်းက ပြောသည်။
ဧပြီလ၂၃ရက်နေ့ညကပုဇွန်တောင်မြို့နယ်၅၅လမ်းအလယ်ဘလောက်ရှိနေအိမ်သို့အာဏာပိုင်များက ရောက်လာပြီး ကိုဖြိုးဝေအောင်ကို ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မဌေးဌေးကဆိုသည်။
သူက“ည၁နာရီလောက်မှာဧည့်စာရင်းဆိုပြီးဝင်လာတာ။ဧည့်စာရင်းစာရွက်ပြပြီးတော့ကျမအမျိုးသားက ပြန်အိပ်ဖို့လုပ်တဲ့အချိန်မှာသူတို့ကမင်းနေဦးဆိုပြီးထိုင်ခိုင်းတယ်။ကျမတို့ကိုလည်းအကုန်လုံးအိပ်ရာကနှိုးပြီး ဒီမှာလာထိုင်ဆိုပြီးလုပ်တယ်”ဟုပြောသည်။
အာဏာပိုင်များကကိုဖြိုးဝေအောင်၏သားသမီး၂ဦးအပါအ၀င်မိသားစုဝင်များအားလုံးကိုတနေရာတွင် စုထိုင်ခိုင်းပြီးအိမ်တွင်းပစ္စည်းများရှာဖွေကာလက်ပ်တော့ကွန်ပျူတာ၊ဖုန်း၊ကင်မရာနှင့် စာရွက်စာတမ်းတချို့ကိုသိမ်းဆည်းသွားသည်ဟုသိရသည်။
“ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောနဲ့၊ ဘယ်ကိုမှ အကြောင်းကြားတာ၊ ဘယ်သူ့ကိုမှ ပြောတာ မလုပ်နဲ့၊ လုပ်ရင် ကျမတို့ကိုပါ ထောင်ထဲထည့်မယ် ဘာညာ ပြောပြီး သူ့ကို ခေါ်သွားတာပါ” ဟု မဌေးဌေးက ပြောပြသည်။
ယခုအချိန်ထိ ခင်ပွန်းသည်နှင့် ဆက်သွယ် တွေ့ဆုံခွင့်မရသကဲ့သို့ အာဏာ ပိုင်များ ဘက်ကလည်း တစုံတရာ အကြောင်းကြားခြင်း မရှိကြောင်း၊ ထို့ပြင် ခြိမ်းခြောက်ပြောဆိုမှုများကြောင့် မည်သူ့ကိုမျှ ဆက်သွယ်မေးမြန်းခြင်းများ မပြုလုပ်ရဲကြောင်း သူကဆိုသည်။
“စိုးရိမ်ပူပန်တာကတော့အများကြီးပါ။ဘာတွေဆက်ဖြစ်မယ်ဆိုတာတွေးတောင်မတွေးရဲဘူး။ကျမကတော့ ကျိုးကျိုး၊ ကန်းကန်း၊ ကျမဆီ သူ ပြန်ရောက်လာစေချင်တာပါပဲ” ဟု ဇနီးဖြစ်သူကဆိုသည်။
ခင်ပွန်းသည်ကို ဖမ်းဆီးသွားသည့် နောက်ပိုင်း ရပ်ကွက်အာဏာပိုင် ရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တရားခံကို မိတော့မည် ဖြစ်ကြောင်း၊ သံသယရှိ၍ ခေတ္တထိန်းသိမ်းထားခြင်းသာဖြစ်ကြောင်း၊ မကြာမီ ပြန်လွတ်လာမည် ဖြစ်ကြောင်း တို့ကိုသာ ဖြေကြားခဲ့ပြီး မည်သည့်နေရာသို့ ပို့ဆောင်ထားကြောင်းကိုမူ ပြောဆိုခြင်း မရှိဟု မဌေးဌေးက ဆိုသည်။
နေပြည်တော်တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သင်္ကြန်တွင်း X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှု၌ ပါဝင်သူ တဦးကို ဖော်ထုတ် ဖမ်းဆီးရမိထားကြောင်း၊ ထိုသူမှာ ကိုဖြိုးဝေအောင်ဖြစ်ပြီး နောက်ကွယ်မှ ခိုင်းစေနေသည့် ကျန်သူ များကို ရှာဖွေဖော်ထုတ်နေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ ဗိုလ်မှူးချုပ် ခင်ရီက သတင်းထောက်များကို ပြောဆိုခဲ့သည်။
ထို့အတူ သားသမီး ၃ ဦးရှိသည့် ကိုဖြိုးဝေအောင်၏ အမည်ဝှက်မှာ သက်ခိုင်ဖြစ်ကြောင်း၊ ကျန်သုံးဦးမှာ ထိုင်းနယ်စပ်သို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ဖောက်ခွဲမှုအတွက် တာဝန်ရှိသူမှာ ပြည်ပ အခြေစိုက် စွမ်းအားမြှင့် မြန်မာ ကျောင်းသား စစ်သည် တော်များ အဖွဲ့ (Vigorous Burmese Student Warriors – VBSW) မှ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

Geen opmerkingen: