မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 6 mei 2010

အန်အယ်ဒီကွဲထွက်၂၈ဦးပါတီထောင်

ခိုင်စု
ကြာသပတေးနေ့၊မေလ၀၆ရက်၂၀၁၀ခုနှစ်၂၁နာရီ၂၃မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။သဘောကွဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်၂၈ဦးကပါတီသစ်တရပ်ထူထောင်ပြီး ရွေးကောက်ပွဲဝင်သွားရန်ယနေ့ဆုံးဖြတ်လိုက်ကြောင်းသိရှိရသည်။
ရွေးကောက်ပွဲဥပဒေများကိုမကြိုက်၍NLDကနိုင်ငံရေးပါတီအဖြစ်ပြန်လည်မှတ်ပုံမတင်ခြင်းကို မကျေနပ်ခဲ့သောဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း၎ဦးဖြစ်သည့်ဦးခင်မောင်ဆွေ၊ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာဝင်းနိုင်နှင့်ဦးသိန်းညွန့်၊ဗဟိုဦးစီးအဖွဲ့ဝင်ဟောင်း၃ဦးဖြစ်သည့်ဦးစိန်လှဦး၊ဦးစိုးဝင်း၊ဦးသန်းဝင်းတို့ အပါအဝင်၂၈ဦးသည်ရန်ကုန်တိုင်းလမ်းမတော်မြို့နယ်တွင်ဆွေးနွေးခဲ့ပြီးနောက်ပါတီထောင်ရန် ဆုံးဖြတ်လိုက်ကြသည်ဟုဆိုသည်။
ပါတီကို”အမျိုးသားဒီမိုကရေစီအင်အားစု”(UnitedDemocraticForce)ဟုအမည်ပေးထားပြီးNLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း၇ဦးကဦးဆောင်ကာလက်ရှိအဖွဲ့ဝင်ပေါင်း၂၈ဦးရှိနေကြောင်း သိရသည်။သို့သော်လည်းပါတီဖွဲ့စည်းပုံကိုထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။
“ကျနော်တို့အနေနဲ့ပါတီတခုတည်ထောင်ဖို့သဘောတူညီတဲ့အစုအဖွဲ့လေးတခုအနေနဲ့ပါတီတောင်မယ်ဆိုတဲ့ သဘောထားတရပ်တော့ကျသွားပါပြီ”ဟုဦးခင်မောင်ဆွေကမဇ္ဈိမကိုပြောသည်။
၁၉၉ဝခုနှစ်တွင်NLDကဒီမိုကရေစီနိုင်ငံတည်ထောင်ပေးမည်ဟုပြည်သူကိုပေးခဲ့သည့်ကတိအား ဆက်လက်၍အကောင်အထည်ဖော်သွားရန်၊NLDအားမဲပေးလိုသည့်မဲဆန္ဒရှင်များအတွက်NLD ပါတီဝင်များအားဆက်လက်စုစည်းထားနိုင်ရန်နှင့်တရားဝင်ပါတီအဖြစ်ရပ်တည်ကာနိုင်ငံရေးကို တရားဝင် လုပ်ကိုင်ရေးအတွက်ရည်ရွယ်ကြောင်းဒေါက်တာသန်းငြိမ်းကပြောသည်။
နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခြင်းကို ယခုလလည်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ဦးခင်မောင်ဆွေက ပြောသည်။
ပါတီရုံးခန်းကို လမ်းမတော်မြို့နယ်တွင် ငှားရမ်းထားပြီး မကြာမီ ရုံးခန်းဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
ယနေ့သည် ပါတီဟောင်းများအတွက်မူ ပြန်လည်မှတ်ပုံတင်ရမည့် နောက်ဆုံးရက် ဖြစ်သည်။

Geen opmerkingen: