မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 5 mei 2010

နိုင်ငံရေးပါတီသစ်အဖြစ်အဖွဲ့ပေါင်း(၃၀)လျှောက်ထား

NEJ/ ၅ မေ ၂ဝ၁ဝ
နအဖစစ်အစိုးရကယခုနှစ်အတွင်းပြုလုပ်မည့်ရွေးကောက်ပွဲသို့ဝင်ရန်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့နိုင်ငံရေးပါတီတည်ထောင်ရန်လျှောက်ထားသူများမှာမေလ(၄)ရက်နေ့အထိ အဖွဲ့ပေါင်း(၃၀)ရှိပြီဖြစ်သည်။
အဆိုပါနိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားသည့်အဖွဲ့(၃၀)အနက်(၂၄)ဖွဲ့ကို ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြုလိုက်ပြီးဖြစ်သည်။
ထို့အပြင် တည်ရှိဆဲ နိုင်ငံရေးပါတီ(၅)ခုကပါတီဆက်လက်တည်ထောင်ခွင့်လျှောက်ထားခဲ့ရာပါတီ(၃) ခုအား ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည်။
အဆိုပါဆက်လက်မှတ်ပုံတင်ခွင့်ရသည့်ပါတီ(၃)ခုမှာတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊မြိုခေါ် ခမိအမျိုးသားညီညွတ်ရေးအဖွဲ့နှင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဖြစ်သည်။
ကျန်ပါတီ(၂)ခုဖြစ်သည့်ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်နှင့် ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီတို့မှာယမန်နေ့အထိမှတ်ပုံတင်ခွင့်ပြုသည့်ပါတီစာရင်းတွင် မပါရှိသေးပေ။
ပြီးခဲ့သည့်ဧပြီလအတွင်းနိုင်ငံရေးပါတီများအဖြစ်မှတ်ပုံတင်ရန်လျှောက်ထားခဲ့သည့်ပါတီသစ်များအနက် ဒေါက်တာမနမ်တူးဂျာခေါင်းဆောင်သည့်ကချင်ပြည်နယ်တိုးတက်ရေးပါတီနှင့် ရှမ်းပြည်မြောက်ပိုင်းတိုးတက်ရေးပါတီတို့မှာပါတီတည်ထောင်ခွင့်မရရှိသေးပေ။
မနက်ဖြန် မေ (၆) ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ကုန်ဆုံးမည်ဖြစ်သည်။





Geen opmerkingen: