မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 27 augustus 2010

ရွေးကောက်ပွဲ မဲမပေးကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ကြည်ဝေ Friday, August 27, 2010
.အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ယုံကြည် ထောက်ခံ အားပေးသော ပြည်သူလူထု အနေဖြင့် ရွေးကောက်ပွဲတွင် မဲမပေးဘဲ နေနိုင်ကြောင်း NLD ခေါင်းဆောင်များက ပြောဆိုလိုက်သည်။
“ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်၊ ရွေးကောက်ပွဲမှာ NLD ကိုပဲ မဲပေးချင်တယ်၊ NLD ရွေးကောက်ပွဲ မ၀င်တော့ ကျနော် ကျမတို့ ဘာလုပ်ကြမလဲ၊ ဒီလို မေးခွန်းမျိုးတွေကို မီဒီယာတွေကနေ ကြားရတယ်တဲ့၊ အဲတော့ NLD ကိုပဲ မဲပေးချင်တယ် ဆိုတဲ့ ပြည်သူတွေအနေနဲ့ NLD မရှိရင် မဲမပေးဘဲ နေရုံပဲ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်”ဟု ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်း က ပြောသည်။
နေအိမ် အကျယ်ချုပ် ကျခံနေရသော NLDခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် ရှေ့နေများ သြဂုတ်လ ၂၄ ရက်နေ့က တွေ့ဆုံခွင့် ရရာမှာ ဒေါ်အောင်ဆန်း စုကြည်က ပြည်သူ လူထုကို မှာကြား လိုက်ခြင်း ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောပြ သည်။
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ကျင်းပမည့်ရက် နိုဝင်ဘာ ၇ ရက်မှာ အချိန်တိုလွန်း၍ မတရားဟု ပြောဆိုကြောင်း၊ ပြည်သူများကို မလေးမစား လုပ်ခြင်းဟု မြင်ကြောင်း၊ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ သတင်း ထုတ်ပြန်ခွင့်၊ လွတ်လပ်စွာ သတင်း ရယူခွင့်၊ မိမိ ဆန္ဒ ထုတ်ဖော်ခွင့် မရခြင်းဟာ တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ဟု ပြောဆိုကြောင်း၊ ပြည်သူ လူထုအား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ နောင်ဖြစ်လာမည့် အစိုးရသည် ပြည်သူ့ လွှတ်တော်က ထိန်းညှိ နိုင်သော၊ ပြည်သူ့ လွှတ်တော်က တည့်မတ်နိုင်သော အစိုးရ မဟုတ်ဘဲ၊ သမ္မတ လွှမ်းမိုးမည့် အစိုးရသာ ဖြစ်သည်ကို ပြည်သူများ လေ့လာသင့် ကြောင်း၊ ထို့အပြင် အခြေခံဥပဒေတွင် ပြဌာန်းထားသော တရားမျှတမှုမရှိသည့်အချက်များ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများမှ တရားမျှတမှုမရှိသည့် အချက်များကိုပြည်သူများ သိရန် တတ်နိုင်သမျှ ဥပဒေပညာပေးရန် လိုအပ်ကြောင်း၊ ယင်းတို့ကို မသိဘဲ မဲဆန္ဒရှင်များက မဲပေးပါက အဓိပ္ပာယ်မှမရှိနိုင်ဟု ပြောလိုက်ကြောင်းလည်း ဦးဉာဏ်ဝင်းက ဆိုသည်။
NLD အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ရွေးကောက်ပွဲကို ယုံကြည်မှု မရှိသူများအနေနှင့် မဲမပေးဘဲ နေနိုင်ကြောင်း၊ မဲမပေးသူများကိုလည်း အရေးယူခွင့်မရှိကြောင်း၊ ပြည်သူလူထု အနေဖြင့် ကြောက်စရာမလိုကြောင်း ပြောဆိုသည်။
“မဲသွားမပေးလို့ အရေးယူစရာမရှိဘူး ဆိုတာကလည်း ရာဇသတ်ကြီးမှာ ပါပြီးသားပါ၊ ရာဇသတ်ကြီးမှာ ထည့်သွင်းထားတာက လူတိုင်းဟာ မဲပေးပိုင်ခွင့်ရှိသည်၊ မဲမပေးဘဲလည်း နေပိုင်ခွင့်ရှိသည် လို့ ရှိထားပြီးသားပါ၊ ဒါ လူ့အခွင့်အရေးပါ”ဟု ဦးတင်ဦးက ပြောဆိုသည်။
NLDခေါင်းဆောင် တဦးဖြစ်သော သတင်းစာဆရာကြီး ဦးဝင်းတင် ကလည်း အခြေခံဥပဒေကို လက်မခံနိုင်သောကြောင့် အဖွဲ့ချုပ် အနေနှင့် နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံမတင်ခဲ့ဘဲ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက် ထားကြောင်း၊ သပိတ်မှောက်သည် ဆိုခြင်း မှာလည်း မဲမပေးဘဲနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် NLDကို အားပေး ထောက်ခံ ယုံကြည်သူများ အနေနှင့် ကလည်း မဲမပေးဘဲ နေခွင့်ရှိကြောင်း၊ မဲမပေးသောကြောင့် ဥပဒေအရ အရေးယူခြင်းမပြုနိုင်ကြောင်း ပြောဆိုသည်။
“ရွေးကောက်ပွဲ ဥပဒေမှာလည်း ဒီကိစ္စက ပါတယ်၊ လူထုအနေနဲ့ မဲပေးခွင့်ရှိသလို၊ မဲမပေးဘဲနဲ့လည်း နေပိုင်ခွင့်ရှိတယ်ဆိုတာကို၊ ဒေါ်စုကလည်း ဒါကို အလေးအနက်ထားပြီး ပြောပါတယ်၊ လူထုအနေနဲ့ NLD ကို ထောက်ခံ အားပေးတယ်ဆိုရင် မဲမပေးဘဲ နေခွင့် ရှိတယ်ဆိုတော့ ပြည်သူလူထု တရပ်လုံးအနေနဲ့ NLD လိုပဲ ဆုံးဖြတ်ကျပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိဟောင်း ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကလည်း အခြေခံဥပဒေကို လက်မခံနိုင်သော ကြောင့် ရွေးကောက်ပွဲမ၀င်သည်ကို သဘောတူကြောင်း၊ အခြေခံဥပဒေကို လက်မခံသူတိုင်း မဲထည့်စရာမလိုအပ်ဟု နားလည် မိကြောင်း ပြောသည်။
“ကျနော့်သဘောကလည်း ဒီလိုရှိတဲ့၊ ကိုက်ညီတဲ့အတွက်ကြောင့် အဖွဲ့ချုပ်က ရွေးကောက်ပွဲ မ၀င်ဖို့ ဆုံးဖြတ်တာကို ကျနော်က က သဘောလည်းကျတယ်၊ ထောက်လည်း ထောက်ခံတယ်၊ ကျနော်ကိုယ်တိုင်ကလည်း မဲမပေးဘူး၊ ပြည်သူလူထု အနေနဲ့လည်း မဲမပေးဘဲ နေနိုင်ခွင့်ရှိပါတယ်”ဟု ဦးဝင်းထိန်က ပြောဆိုသည်။
စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီး အတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။

Geen opmerkingen: