မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 31 augustus 2010

အရှင်ပညာစာရတရားခွင် တံခါးပိတ်စစ်ဆေး

မင်းနိုင်သူ Tuesday, August 31, 2010
.စစ်တွေမြို့မှ အရှင်ပညာစာရကို စစ်တွေ တရားရုံးတွင် တရားစွဲဆိုနေရာ ယမန်နေ့က တရားခွင်သည် လွတ်လပ်သည့် တရားခွင် မဖြစ်ခဲ့ကြောင်း သိရသည်။
“မနေ့ကရုံးချိန်းမှာ မိသားစုဝင်ကလွဲရင် ကျန်တဲ့သူတွေကို ၀င်ရောက်နားထောင်ခွင့်မပေးဘူး ၊ နောက်ပြီး ဆွဲချခေါ်တဲ့ ဥပဒေ အရာရှိကလည်း အသစ်တယောက်ဖြစ်လာတယ် ၊ နောက်ရောက်တဲ့သူက သဘောထားတင်းမာတယ်"ဟု တရားခွင်သို့ တက်ရောက်ခဲ့သည့် အရှင်ပညာစာရ၏ မိသားစုဝင်တဦးက ပြောသည်။
ယမန်နေ့ကပြုလုပ်ခဲ့သော စတုတ္ထမြောက်ရုံးချိန်းတွင် အရှင်ပညာစာရ၏ ရှေ့နေဒေါ်အေးနုစိန်က တရားလိုပြသက်သေများ ဖြစ်သော ဒေါ်မာလာ ၊ မအေးသင်းခိုင် ၊ ခိုင်အောင်လင်းနှင့်ကျော်မိုးထွန်းတို့ကို စစ်မေးခဲ့ကြောင်း သိရသည်။
တရားခွင်တွင် စခန်းမှူး မြို့ဆွေ ၊ ရဲအုပ်အောင်မြင့်တို့ အချိန်ပြည့်စောင့်ကြပ်နေခဲ့ကြကာ တရားလိုပြသက်သေများ စစ်မေးမှုကို ဖြေဆိုစဉ် အစိုးရဥပဒေအရာရှိက၂ပေခန့်အကွာ ရှေ့မှရပ်ကာ တရားလိုပြသက်သေများကို ကြည့်နေခဲ့ကြောင်း ၊ ၁၀ ပေ ပတ် လည် ခန့်ရှိ တရားခွင်အတွင်း တရားခံစောင့်ရဲ ၂ ဦးအပြင် အခြားရဲ ၃ ဦးပါ ၀င်ရောက်စောင့်ကြပ်ခဲ့ကြကြောင်း တရားခွင်ရောက်ခဲ့ သူ တဦးက ပြောသည်။
“တရားလိုပြသက်သေတွေကို လွတ်လွတ်လပ်လပ် စစ်မေးခွင့်မရဘူး ၊ နောက်ပြီး တရားခွင်ထဲမှာ တရားခံစောင့်ရဲ ၂ ဦးထက် ပိုပြီး ၀င်ရောက် နေတာဟာ ဥပဒေနဲ့ မလျော်ညီဘူး"ဟု တရားခွင်ရောက်ခဲ့သူက ပြောသည်။
အရှင်ပညာစာရအား ပုဒ်မ ၄၂၀ လိမ်လည်မှု၊ ပုဒ်မ ၂၉၅ (က) ဘာသာသာသနာ ညှိုးနွမ်းစေမှု၊ ပုဒ်မ ၄၀၆ ယုံကြည်အပ်နှံထား သည့် ပစ္စည်းကို အလွဲသုံးစားမှု၊ ပုဒ်မ ၅၀၅ နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု၊ ပုဒ်မ ၂၉၂ သာသနာ့နယ်မြေကို အခကြေးငွေဖြင့် ငှားရမ်းအသုံးပြုမှု၊ နိုင်ငံခြားငွေ လဲလှယ်ရေး အက်ဥပဒေ ပုဒ်မ ၂၄ (၁)၊ စည်ပင်သာယာ အက်ဥပဒေ ပုဒ်မ ၆၁ (ဂ)စသည့် ပုဒ်မ တို့ဖြင့် စွပ်စွဲကာ အစိုးရက တရားလိုလုပ်၍ တရားစွဲဆိုထားခြင်းဖြစ်သည်။
“ထောင်ထဲမှာ အ၀တ်တစုံပဲပေးထားတယ်တဲ့ ၊ ပြင်ပအစားအစာပို့ဆောင်ခွင့်မရဘူး ၊ ဆရာတော် ခန္ဓာကိုယ်ဖောယောင်နေတယ် ၊ ကျန်းမာရေးကောင်းပုံမပေါ်ဘူး ၊ နောက်ပြီး ဆရာတော်နဲ့ သူ့ရှေ့နေ ထောင်ထဲမှာတွေ့ဆုံချိန်မှာလည်း လွတ်လွတ်လပ်လပ် တွေ့ခွင့် မရဘဲ ရဲက စောင့်ကြည့်တယ်လို့ သိရပါတယ်"ဟု မိသားစုဝင်တဦးက ပြောသည်။
ဆရာတော် အရှင်ပညာစာရကို စွပ်စွဲချက် အမျိုးမျိုးနှင့် အာဏာပိုင်များက အသင့်ရေးပြီး ယူဆောင်လာသော စာရွက် စာတမ်း များ ကို ဖတ်ပြကာ ပြည်နယ်ရဲမှူးကြီး ကိုယ်တိုင် ဇူလိုင်လ ၂၇ ရက်နေ့က လာရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဆရာတော်အား ဖမ်းဆီးသွားသည့် အပြင် ကျောင်းတိုက်ရှိ ရခိုင် ရှေးဟောင်းဘုရားများ၊ စာရွက်စာတမ်းများ၊ ရှေးဟောင်း ရွှေဒင်္ဂါးများ၊ ငွေဒင်္ဂါးများ၊ ပေစာ၊ ပုရပိုက်စာများ၊ ရှေးဟောင်း ရခိုင် ယဉ်ကျေးမှု အမွေ အနှစ်များ စသည့် ပစ္စည်းများကိုပါ အာဏာပိုင်များက ယူဆောင်သွားကြကြောင်း ကျောင်းတိုက်နှင့် နီးစပ်သူများက ပြောဆိုသည်။
အရှင်ပညာစာရသည် စစ်တွေမြို့၊ ကန်တော်ကြီး ရပ်ကွက်တွင် မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်ကို ၁၉၉၀ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး မိဘမဲ့ ကလေးများကို လက်ခံ စောင့်ရှောက်ထားကာ ရခိုင်ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကို ရှာဖွေစုဆောင်း လေ့ရှိသည့် သမိုင်းသုတေသီတဦးဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အရှင်ပညာစာရ ဖမ်းဆီးခံရပြီးနောက် အာဏာပိုင်များက ကျောင်းတိုက်ကို ချိပ်ပိတ်ပစ်ခဲ့သည့်အပြင် ကျောင်းတိုက်မှ ထိန်းသိမ်း စောင့်ရှောက်ထားသည့် မိဘမဲ့ကလေး ၁၀၀ ကျော်ကိုလည်း မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့ရှိ လူမှုဝန်ထမ်း ဦးစီးဌာနများသို့ ပို့ဆောင်ခဲ့သည်။



Geen opmerkingen: