မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 19 augustus 2010

“ နှစ်ထောင့်တဆယ်ရွေးကောက်ပွဲ ”


နီးလာပြီလေ -----
ယူနီဖောင်းချွတ်
စစ်ဗိုလ်တွေကိုပဲ
အနိုင်ရအောင်လုပ်ကာ
အာဏာပြန်လွှဲပေးမယ့်
နှစ်ထောင့်တဆယ်ရွေးကောက်ပွဲ --- ။
အခုအချိန်မှာ -----
တချိန်တုန်းက
မျှော်လင့်ချက်နဲ့
ဝင်ပြိုင်ကြမယ့်သူတွေတောင်
အချိန်နဲ့ငွေကြေး
အလုံအလောက်မဖြစ်ကြသေးလို့
ငြီးကြငြူကြ စာတင်ကြနဲ့
အယုံအကြည်မရှိတော့လို့
ဝင်မပြိုင်တော့ပဲ
နုတ်ထွက်သူတောင်မှပဲ
နုတ်ထွက်သွားကြတယ် --- ။

အသံတွေလည်းကြားနေရတယ်
လက်တွေ့မြင်သူတွေလည်းမြင်နေကြတယ်
အရည်ခွံချွတ်တွေခေါင်းဆောင်တဲ့
ကြံ့ဖွံ့ပါတီကို
အနိုင်ရအောင်လုပ်မယ့်ပွဲ --- ။
ယခုပြိုင်မယ့် -----
ဒီပွဲမှာက
ပြည်သူ့နှလုံးကို
မစည်းရုံးနိုင်လည်း
စစ်ခေါင်းဆောင်တွေရဲ့နောင်ရေး
ရတက်အေးရအောင်
ကိုယ့်လူကိုကိုယ်အနိုင်ရအောင်ပြန်လုပ်ပေးကာ
ကွာကွယ်ရေးဦးစီးချုပ်အလိုမကျရင်
အာဏာပြန်သိမ်းခွင့်ရှိတယ်ဆိုတဲ့
နှစ်ထောင်ရှစ်ဖွဲ့စည်းပုံနဲ့
ကျင်းပပြုလုပ်မယ့်
တရားမမျှတဲ့ရွေးကောက်ပွဲ --- ။

              ဇာနည်မောင်

Geen opmerkingen: