မြန်မာပြည် အချိန်
သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။
vrijdag 20 augustus 2010
နိုင်ငံတဝှမ်း ကြံ့ဖွံ့ရုံးများ ဖွင့်လှစ်
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ သြဂုတ်လ ၂၀ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၀၇ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံအဝှမ်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးများ ယနေ့ တပြိုင်နက်ဖွင့်ချိန်တွင် ပါတီရုံးချုပ်ကို မြို့တော်ဝန် ဦးအောင်သိန်းလင်းက ဦးဆောင် ဖွင့်ပေးခဲ့သည်။
ဗဟန်းမြို့နယ် ကျိုက္ကဆံကွင်းအနီး မြင်းပြိုင်ကွင်းလမ်းပေါ်က ယခင်ကြံ့ဖွံ့အသင်းရုံးချုပ်ကို ပါတီရုံးချုပ်အဖြစ် ပြောင်းလိုက်ကာ နံနက် ၉ နာရီ ၄၅ မိနစ်တွင် အမွှေးနံ့သာများဖြင့် ပက်ဖြန်းခဲ့သည်။
ကြံ့ဖွံ့ပါတီ ပြောရေးဆိုခွင့်ရှိသူ သူရဦးအေးမြင့်က ” မြန်မာတနိုင်ငံလုံး ဒီနေ့ဖွင့်ပါတယ်။ ရန်ကုန်မှာဆိုရင် မြို့နယ်တိုင်းမှာ တခုစီ ဖွင့်တာပေါ့၊ ရုံးချုပ်ဖွင့်ပြီးမှ ကျန်တဲ့ရုံးတွေ ဖွင့်ကြတယ်” ဟု မဇ္ဈိမသတင်းထောက်ကို ပြောကြားခဲ့သည်။
ကြံ့ဖွံ့ပါတီအနေဖြင့် တနိုင်ငံလုံးတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ လုံးဝ အပြတ်အသတ် အနိုင်ရမည်ဟု ယုံကြည်သော်လည်း ရန်ကုန်တွင် အနိုင်ရဖို့ မသေချာသေးကြောင်း သူရအေးမြင့်က ပြောသည်။
ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်နှင့် မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန်တို့ တက်ရောက်သည့် ကြံ့ဖွံ့ပါတီဖွင့်ပွဲ အခမ်းအနား
ကြံ့ဖွံ့ပါတီသည် ၁၉၉၃ ခုနှစ်ကဖွဲ့စည်းခဲ့သော ကြံ့ဖွံ့အသင်းကို အမည်ပြောင်း ဖွဲ့စည်းထားသော ပါတီ ဖြစ်သည်။
ဧပြီ လ၂၉ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ကြံ့ဖွံ့ပါတီ မှတ်ပုံတင်ခဲ့ရာ ဇွန်လ ၈ရက်နေ့က မှတ်ပုံတင်ခွင့် ကျခဲ့သည်။
သို့သော်လည်း ယခုအချိန်ထိ ပါတီဝင်စာရင်းကို တင်ပြခြင်း မပြုသေးပေ။
ကြံ့ဖွံ့ပါတီကို စစ်အစိုးရဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဦးဆောင်နေသည်။
Geen opmerkingen: