မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 20 augustus 2010

စစ်အစိုးရနှင့် UWSA နယ်ခြားစောင့် ကိစ္စ ထပ်မံဆွေးနွေး

ရန်ပိုင် Friday, August 20, 2010
.စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)ခေါင်းဆောင်တချို့ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးနှင့် ပတ်သက်၍ ယနေ့နံနက် ၁၀ နာရီတွင် ရှမ်းပြည်မြောက်ပိုင်း တန့်ယန်း မြို့တွင် တွေ့ဆုံဆွေးနွေးကြသည်။
သျှမ်းသံတော်ဆင့်သတင်းစဉ်မှအယ်ဒီတာဦးစိန်ကြည်က“UWSAဘက်ကတော့ အလယ်အလတ်ခေါင်းဆောင်တွေ လောက်ပဲ သွားဆွေးနွေးလိမ့်မယ်၊ ထိပ်တန်းခေါင်းဆောင်တွေ မသွားဘူး”ဟု ဆိုသည်။
UWSA အဖွဲ့ကို နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ဥက္ကဋ္ဌ ဗိုလ်လာခမ်းက ဦးဆောင်ပြီး တခြားသော အဖွဲ့ဝင် ၇ ဦး သွားရောက် ဆွေးနွေးကြောင်း၊ နယ်ခြားစောင့်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ အဆုံးအဖြတ်ပေးနိုင်မည့် သူများမပါရှိကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
ထိုသို့တွေ့ဆုံရာတွင် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရေးသာမက အဆိုပါ UWSAတပ်ဖွဲ့များ ထိန်းချုပ်ရာ နေရာများတွင် ရွေး ကောက်ပွဲ ပြုလုပ်ရန် ကိစ္စများလည်း ပါဝင်နိုင်ကြောင်း ဦးစိန်ကြည်က ပြောသည်။
UWSAအဖွဲ့တန့်ယန်းမြို့သို့ယမန်နေ့ကသွားရောက်သည်မှာဟုတ်မှန်ကြောင်း၊ မည်သူဦးဆောင်သွားသည်ကိုမူ မသိကြောင်းဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့နှင့် နီးစပ်သူတဦးကလည်း ဧရာဝတီသို့ပြောသည်။
ထို့အပြင် ရှမ်းပြည်တောင်ပိုင်းရှိ UWSAအဖွဲ့ကိုလည်း မိုင်းဆတ်မြို့တွင် လာရောက်ဆွေးနွေးရန် စစ်အစိုးရက ဖိတ်ကြား ထားကြောင်း သိရသည်။
ပြီးခဲ့သည့် မေလက စစ်အစိုးရ၏ စစ်ဘက်ဆိုင်ရာ အရာရှိများ ဖြစ်သည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် စစ်ဦးစီး ပထမတန်း ဒုတိယ ဗိုလ်မှူးကြီး သန်းထွဋ်သိန်း၊ ဒုတိယ ဗိုလ်မှူးကြီး ထွန်းထွန်းကြည် တို့ UWSA အဖွဲ့ဋ္ဌာနချုပ်ရှိရာ ပန်ဆန်း မြို့သို့ သွား ရောက်ခဲ့ပြီး နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံခြင်းဖြစ်သည်။
ယနေ့မှာပင် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)မိုင်းလား အဖွဲ့ကိုလည်း နယ်ခြားစောင့်တပ် အသွင်ပြောင်း ရေး ဆွေးနွေးရန် တြိဂံတိုင်း စစ်ဋ္ဌာနချုပ် တည်ရှိရာ ကျိုင်းတုံမြို့သို့ တိုင်းမှူး ဗိုလ်ချုပ် ကျော်ဖြိုးက ခေါ်ထားသည်ဟု သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ကရင်ပြည်နယ်ရှိ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
ထိုသို့ပြောင်းလဲဖွဲ့စည်းမှုကြောင့် DKBA အဖွဲ့အတွင်းတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေပြီး ၎င်းအဖွဲ့၏ အဓိက စီးပွားရေး လုပ်ငန်းဖြစ်သည့် ဖွင့်လှစ်ထားသည့် ကုန်ပစ္စည်းများ အခွန်ကောက်ခံသည့် ဂိတ်များကိုလည်း စစ်အစိုးရတပ်များက လွှဲပြောင်း ယူခဲ့သည်။
မကြာသေးမီက ဦးလွယ်မောင်း ဦးဆောင်သည့် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) (SSA-N) တပ်ဖွဲ့တချို့က ပြည်သူ့စစ် အသွင် ပြောင်းလဲခဲ့သော်လည်း ဗိုလ်မှူးကြီး ပန်ဖ ဦးဆောင်သည့် တပ်မဟာ ၁ ကမူ ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံခဲ့ပေ။

Geen opmerkingen: