မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 27 augustus 2010

“ ၀ ” တပ်နှင့် မွန်ပြည်သစ် ပါတီ နယ်ခြားစောင့် ထပ်မံငြင်းဆို

စိုင်းဇွမ်ဆိုင်း Friday, August 27, 2010
.အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သော “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် မွန်ပြည်သစ် ပါတီ (NMSP) တို့သည် နယ်ခြား စောင့်တပ် ဖွဲ့စည်းရန် လက်ခံမှု မရှိသေးကြောင်း သိရှိရသည်။
                           UWSA တပ်သားများ အခမ်းအနားတခုတွင် စစ်ရေးပြနေစဉ်(ဓာတ်ပုံ - mongloi.org)
“နယ်ခြား စောင့်တပ် မဖွဲ့ဘူး၊ လက်နက်လည်း မချဘူး၊ ဒီအတိုင်းပဲ နေသွားမယ်လို့ ကျနော်တို့ ဘက်က ပြီးခဲ့တဲ့ နှစ်ရက် လောက်က အကြောင်းပြန် လိုက်ပါတယ်၊ နအဖ အစိုးရ ဘက်ကနေ ဘာတွေ လုပ်လာမလဲ ဆိုတာကို မပြောတတ် သေးပါဘူး၊ သူတို့ရဲ့လုပ်ရပ်အပေါ် မူတည်ပြီးတော့ ကျနော်တို့ ဘက်က တုံ့ပြန်သွား မှာပါ”ဟု UWSA မှ အရာရှိ တဦးက ပြောသည်။
ယခုလ ၂၀ ရက်နေ့တွင် ရှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့၌ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် UWSAမှ တာဝန်ရှိသူများ တွေ့ဆုံရာတွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ထပ်မံ ဆွေးနွေးစရာ မရှိတော့ကြောင်း၊ နယ်ခြားစောင့်တပ် မဖွဲ့လျှင် မတရား အသင်း ကြေညာမည်ဟု ပြောဆိုပြီး နောက်တွင် UWSAဘက်မှ ယခုကဲ့သို့ အကြောင်းပြန်ထားခြင်းဖြစ်သည် ဟု လည်း UWSA အရာရှိက ဆိုသည်။
UWSAသည်တန့်ယန်းမြို့၌ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်နှင့်တွေ့ဆုံပြီးချိန်တွင်၎င်းတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်းမှ ဟိုပန်နှင့် မက်မန်းမြို့နယ်သို့ ရွေးကောက်ပွဲ စည်းရုံးရေး ကိစ္စ ဆောင်ရွက်မည့်သူများကို ဝင်ရောက်ခွင့်ပြုခဲ့သည်။
သို့သော် UWSA၏ ထိန်းချုပ်နယ်မြေအတွင်းမှ ကျန်မြို့နယ် လေးခုဖြစ်သော မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ ပန်ဆန်း မြို့နယ် များတွင်လည်း ဝင်ရောက်မည်ဟု ယူဆရကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် တစုံတရာ မချရသေးကြောင်း UWSA အရာရှိက ပြောသည်။
“ရွေးကောက်ပွဲအတွက် မဲဆွယ်တာတွေ လုပ်မယ့်သူတွေကို လုံခြုံရေးယူပေးမယ့် ဗမာတပ်တွေလည်း လာမယ် ပြောတယ်၊ အဲဒီလိုမျိုး လုံခြုံရေးယူတာကို အကြောင်းပြပြီး ကျနော်တို့ကို ဝင်တိုက်တာမျိုးတွေ ဖြစ်မလာလောက်ဘူး လို့ မျှော်လင့်ပါ တယ်၊ ကျနော်တို့ဘက်ကတော့ ဘယ်သူနဲ့မှ ပြဿနာမဖြစ်ချင်ဘူးလေ”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
မွန်ပြည်သစ်ပါတီ (NMSP) ၏ ဥက္ကဋ္ဌဖြစ်သူ နိုင်ထောမွန်က“ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို မပေးဘဲနဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းခိုင်းနေတာကို ကျနော်တို့အနေနဲ့ လက်မခံနိုင်ပါဘူး”ဟု ယမန်နေ့က ကျရောက်သော ၆၃ နှစ် မြောက် မွန်တော်လှန်ရေး နေ့တွင် ပြောဆိုကြောင်း နီးစပ်သူတဦးထံမှ သိရှိရသည်။
နအဖ အစိုးရဘက်မှ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို အတင်းအကျပ် ဖိအားပေးလာမည်ဆိုပါက NMSP နှင့် နအဖ အကြား ထားရှိသော အပစ်ရပ် သဘောတူညီမှုကို ဖျက်ရလိမ့်မည်ဟု NMSP၏ ထိပ်ပိုင်း ခေါင်းဆောင်များက ပြောဆို ထားသည်။
ယခုနှစ် ဧပြီလ ၂၈ ရက်နေ့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို NMSP မှ အတိအလင်း ငြင်းဆန်ပြီးနောက် နအဖ အစိုးရ နှင့် ဆက်ဆံရေး တင်းမာလာခဲ့သည်။
ယခု အချိန်အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ၏ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ လှိုင်းဘွဲ့မြိုနယ် ပိုင်ကျုံမြို့ ထန်းတပင် ကျေးရွာ၊ မြ၀တီမြို့နယ် မဲပလဲ့ ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာ၊ မြဝတီ မြို့နယ် အတွင်းကွင်းကလေး ဒေသတို့မှ တပ်ဖွဲ့ဝင်များနှင့် ကရင်ငြိမ်းချမ်းရေး အဖွဲ့တဖွဲ့ဖြစ်သော ဟောင် သရော အဖွဲ့တို့သည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။
၁၉၈၉ ခုနှစ်မှ စတင်ကာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိ သည်။

Geen opmerkingen: