မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 31 augustus 2010

အငြိမ်းစားရ ဗိုလ်ချုပ်မိသားစုများ စိန်နှင့်ရွှေချောင်း ဝယ်စုနေကြ

ဧရာဝတီ Tuesday, August 31, 2010
.ထိပ်တန်း စစ်ရာထူးများမှ အငြိမ်းစားယူကာ အရပ်သား အမည်ခံ အစိုးရသစ်တွင် ပါဝင်ကြမည့် စစ်ဗိုလ်ချုပ် မိသားစုများနှင့် အစိုးရ၀န်ကြီး အသိုင်းအ၀န်းများ အကြား စိန်နှင့် ရွှေချောင်းရွှေခဲ ၀ယ်ယူစုဆောင်းမှု များနေကြောင်း သတင်းရရှိသည်။
                                         ရန်ကုန် ဗိုလ်ချုပ်အောင်ဆန်းဈေးမှ ရွှေဆိုင်တန်း (ဓာတ်ပုံ - Flickr / Clkr)
“၀န်ကြီးတွေရော၊ စစ်ဗိုလ်ချုပ်ကြီး တွေရော ငွေသား မကိုင်ကြဘူး။ စိန်တို့၊ ရွှေတို့လို ခိုင်မာတဲ့ ပိုင်ဆိုင်မှုတွေ အဖြစ် ပြောင်းတယ်။ စိန်၊ ရွှေ ၀ယ်တာ များတယ်။ မြေကွက်တို့၊ ကားတို့က အာဏာရှိတဲ့ အချိန်မှာ လိုချင်သလောက် ရထားပြီးသား ဆိုတော့ ၀ယ်စရာ မလိုဘူး။ ဒါတွေက တကယ် ခိုင်မာတဲ့ ပစ္စည်းတွေလည်း မဟုတ်ဘူး။ စိန်၊ ရွှေဆိုတာက မိသားစုနဲ့ တပါတည်း သွားလေရာ ယူသွားလို့ ရတဲ့ ခိုင်မာတဲ့ ပစ္စည်းတွေ” ဟု ရန်ကုန် အခြေစိုက် စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။
စိန်၊ ရွှေများ ၀ယ်ယူကြရာတွင် ဈေးကွက်ထဲသို့ စစ်ဗိုလ်ချုပ် မိသားစုများကိုယ်တိုင် လာရောက် ၀ယ်ယူကြခြင်း မဟုတ်ဘဲ၎င်းတို့နှင့် ရင်းနှီးဆက်နွှယ်သော စီးပွားရေးသမားများ၊ စိန်၊ ရွှေ ပွဲစား အ၀ယ်တော်များ ဆီမှတဆင့် ၀ယ်ယူကြခြင်းဖြစ်သည်ဟုစုံစမ်းသိရှိရသည်။
ထိပ်ပိုင်းစစ်ဗိုလ်ချုပ် မိသားစုများနှင့် ၀န်ကြီး၊ စစ်အရာရှိ မိသားစုများသည် ရွှေချောင်း၊ ရွှေခဲများကို ပိဿာလိုက် ၀ယ်ယူကြခြင်းဖြစ်ပြီး ၎င်းတို့တွင် ရှိနေမည့် ရွှေပိဿာချိန်ပမာဏမှာ ခန့်မှန်းရန် ခက်ခဲ လှသည်ဟု စစ်အစိုးရ ထိပ်တန်း စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် ရွှေကုန်သည်တဦးက ဆိုသည်။
“မှန်းဖို့လည်းခက်တယ်။ ပြောဖို့လည်း ခက်တယ်။ နှစ်ပေါင်းများစွာ စုဆောင်း လာခဲ့ကြတာ။ အခု ထွက်မယ့် အချိန်ထိ ၀ယ်နေတုန်းပဲ” ဟု ထိုရွှေကုန်သည်က ရှင်းပြသည်။
ယနေ့ရွှေဈေးမှာ အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျင် ၆၅၂၅၀၀ ကျပ်ဖြစ်သည်။
ရွှေချောင်း၊ ရွှေခဲများအပြင် တန်ဖိုးကြီး စိန်လက်ဝတ် ရတနာများလည်း ၀ယ်ယူကြပြီး စိန်ကို ၀န်ကြီးမိသားစုများထက် ထိပ်တန်း စစ်အရာရှိမိသားစုများက ပိုမိုနှစ်သက်ကြသည်ဟု သိရသည်။
“စိန်ဆိုတာ သည်းခြေကြိုက်ပဲ။ စိန်ကောင်းတပွင့်က ကျပ် သိန်းထောင်သောင်း ချီတန်တယ်။ စိန် ဆိုတာ သေးသေးကွေးကွေးနဲ့ပိုင်ဆိုင်မှုကို ခိုင်မာစေတဲ့ ရတနာ။ တန်ဖိုးကြီးတဲ့ စိန်ဝယ်လက် တွေထဲမှာ ထိပ်ပိုင်း လူကြီးမိသားစုတွေက အဓိက ပါတယ်” ဟုရန်ကုန် စိန်တိုက်ပိုင်ရှင်တဦးက ပြောသည်။
ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများထဲတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အချမ်းသာဆုံး အဖြစ် ကျော်ကြားပြီး ဒုတိယအချမ်းသာဆုံးမှာဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး မိသားစု ဖြစ်သည်ဟု နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းက ဆိုသည်။
အစိုးရ ၀န်ကြီးများတွင် ကျိကျိတက်ချမ်းသာသည်ဟု သတင်းထွက်နေကြသူများအထဲ၌ စက်မှု ၁ ၀န်ကြီးဦးအောင်သောင်းနှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးဌေးဦးတို့က ထိပ်ဆုံးစာရင်းတွင် ပါဝင်သည်ဟု အစိုးရ၀န်ထမ်း အသိုင်းအ၀န်းမှ သိရသည်။
ယခု လက်ရှိတွင် ၂၀၁၀ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် စစ်အစိုးရ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများ၊ စစ်အရာရှိဝန်ကြီးများစစ်ဘက်ဆိုင်ရာ ရာထူးများမှ အငြိမ်းစားယူခြင်း၊ နုတ်ထွက်ခြင်းများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

Geen opmerkingen: