မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 12 mei 2010

ထိုင်းဗီဇာကြေးတနှစ်ကင်းလွတ်ခွင့်ပြုမည်

သန်းထိုက်ဦး Wednesday, May 12, 2010
ထိုင်းနိုင်ငံသံရုံးတွင်ခရီးသွားဗီဇာလျှောက်ထားသူများနှင့်ဆိုက်ရောက်ဗီဇာလျှောက်ထားသူများအားဗီဇာကြေး ကင်းလွတ်ခွင့်တနှစ်အထိခွင့်ပြုမည်ဖြစ်ကြောင်းယခုလအတွင်းထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန် ကြေညာထားသည်။
ခရီးသွားဗီဇာ(Touristvisa)တမျိုးတည်းကိုသာယခုမေလ၁၁ရက်နေ့မှစတင်၍၂၀၁၁မတ်လ၃၁ရက်နေ့ အတွင်းဗီဇာကြေးကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း၎င်းကြေညာချက်တွင်ဖော်ပြထားခြင်းဖြစ်သည်။
ယခုကဲ့သို့ဗီဇာကင်းလွတ်ခွင့်ပြုခြင်းသည်ထိုင်းခရီးသွားလုပ်ငန်းကိုမြှင့်တင်ရန်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာန(လ၀က)မှတာဝန်ရှိသူတဦးကဧရာဝတီသို့ပြောသည်။
သို့သော်လည်းဗီဇာကင်းလွတ်ခွင့်ပြုလိုက်သည့်အတွက်အကြမ်းဖက်သမားများလည်းအလွယ်တကူ ရောက်ရှိလာနိုင်သောကြောင့်ထိုင်းနိုင်ငံအတွက်လည်းစိုးရိမ်ရသည်ဟု၎င်းကပြောသည်။
လွန်ခဲ့သည့်နှစ်ကလည်းနိုင်ငံတကာခရီးသွားဧည့်သည်ပြန်လည်ဝင်ရောက်မှုများပြားရန်ကြိုးပမ်းချက် တခုအဖြစ်ထိုင်းနိုင်ငံကဗီဇာကြေး၃၅ဒေါ်လာကို၃လကြာကင်းလွတ်ခွင့်ပြုခဲ့သည်။
ထိုအချိန်ကပြည်ဝင်ခွင့်ဗီဇာကြေးကင်းလွတ်ခွင့်ပြုသည့်အစီအစဉ်ကိုစတင်ခဲ့သော်လည်း မြန်မာပြည်သားများအနေဖြင့်မူပိုင်ဆိုင်မှုစာရွက်စာတမ်းများကိုတင်ပြနေကြရသည်။

Geen opmerkingen: