မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 11 mei 2010

မဲဆောက်ရှိမြန်မာအလုပ်သမား၆၀၀ကျော်ဖမ်းဆီးခံရ

ဘစောတင်Tuesday,May11,2010
.ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့တွင်၃ရက်အတွင်းမြန်မာနိုင်ငံသားအလုပ်သမား၆၀၀ကျော်ဖမ်းဆီး ခံရကြောင်းသတင်းရရှိသည်။
မဲဆောက်မြို့ရှိစက်ရုံများမှနေထိုင်အလုပ်လုပ်ခွင့်လက်မှတ်မရှိသောမြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းအာဏာပိုင်များကမေလ၈နေ့မှ၁၀ရက်နေ့များအတွင်းဖမ်းဆီးပြီးပြန်ပို့ခြင်း၊ထောင်ဒဏ်ချမှတ်ခြင်းများ ပြုလုပ်ကြောင်းသိရသည်။

မဲဆောက်တွင်မြန်မာရွှေ့ပြောင်းလုပ်သားတဦးကိုထိုင်းရဲကဖမ်းဆီးထားစဉ်။အဖမ်းအဆီးများရှိသည့်တိုင် အလုပ်အကိုင်ရှာဖွေရန်မြန်မာများထိုင်းဘက်သို့အမြဲဝင်ရောက်နေကြသည်(ဓာတ်ပုံ-Swiatoslaw Wojtkowiak)
“သုံးရက်အတွင်း၆၀၀ကျော်အဖမ်းခံရတယ်၊မယ်တော်ကမ်းနားကအမိုးစိမ်းရုံ၊အမိုးနီရုံ၊စတီးလ်ရုံ၊ချန်ပီယံရုံ၊ ဘတ်နှစ်ရာဘက်စက်ရုံကလူတွေပုလိပ်ဖမ်းမှာစိုးလို့တောထဲတောင်ထဲပြေးနေကြတယ်၊ပုလိပ်ကြောက်လို့ ပြေးတာတော့စက်ရုံအားလုံးလိုလိုပါပဲ”ဟု မြန်မာအလုပ်သမားကွန်ရက်မှတာဝန်ခံကိုဝဏ္ဏကဧရာဝတီသို့ ပြောသည်။
မဲဆောက်ရှိမဲ့သောင်၊ဘန့်နူယာစသည့်နေရာအမည်များကိုမြန်မာများကမယ်တော်၊ဘတ်နှစ်ရာဟု အသံထွက်ခေါ်ဝေါ်ကြခြင်းဖြစ်သည်။
မေလ၈ရက်နှင့်၉ရက်အတွင်းမယ်တော်ကမ်းနားရှိနွားရုံခေါ်စုန်ဟွန်သိုးမွေးရုံမှအလုပ်သမား၂၀၀နီးပါး၊ ကပ်ပီဘန်းဘက်တွင်လမ်းသွားလမ်းလာ၆၀ခန့်နှင့်အိုမီဂါရုံမှ၁၂၀ခန့်အဖမ်းခံရပြီးယမန်နေ့တွင်S.R သိုးမွေးစက်ရုံမှ၂၅၀ခန့်ဖမ်းဆီးခံရသည်ဟုကိုဝဏ္ဏကဆက်လက်ပြောပြသည်။
အိုမီဂါစက်ရုံမှအဖမ်းခံရသောအလုပ်သမားများအနက်၁၀၀ခန့်ကိုယမန်နေ့ကမြန်မာဘက်သို့ပြန်ပို့ လိုက်သည်ဟုသိရသည်။
သို့ သော်စုန်ဟွန်သိုးမွေးစက်ရုံ(နွားရုံ)မှအလုပ်သမားများကိုမူတရားရုံးကအမိန့်ချမှတ်ပြီးထောင်သို့
ပို့လိုက်သည်ဟု တရားခွင်သို့ သွားရောက်ခဲ့သော ယင်းစက်ရုံမှ အလုပ်သမားတဦးဖြစ်သူ ကိုကျော်ညွန့်က ပြောသည်။
ကိုကျော်ညွန့် သည် မြ၀တီမှမဲဆောက်သို့နေ့စဉ်လာရောက်အလုပ်လုပ်သူဖြစ်သည်။ယင်းသိုးမွှေးစက်ရုံ သည်မြ၀တီမြို့နှင့်မျက်နှာချင်းဆိုင်ရှိ မဲဆောက်မြို့နယ်အတွင်းမဲ့သောင်ရွာတွင်ရှိသည်။
“ကျနော်တို့နွားရုံကလူတွေကတော့အားလုံးထောင်ထဲပို့လိုက်ပြီဗျာ၊ကျနော်ပြန်လာခါနီးမှာအားလုံးဆံပင်တွေ ညှပ်လိုက်ပြီ၊ဘယ်လောက်အမိန့်ချလိုက်တယ်တော့ကျနော်မသိဘူး၊သူတို့အားလုံးကိုထောင်ချလိုက်ပြီ ဆိုတာပဲသိရတယ်”ဟုကိုကျော်ညွန့်ကဆိုသည်။
ရဲဖမ်းမည်စိုး၍တိမ်းရှောင်နေသူတဦးဖြစ်သောကပ်ဘီဘန်းရွာရှိပေါင်မုန့်စက်ရုံမှကိုမျိုးကလည်း“ကျနော်တို့ တွေတောထဲတောင်ထဲမှာအများကြီးပဲ၊ပုလိပ်ဖမ်းမှာစိုးလို့ပြေးနေတာ၊မနက်ကတည်းကစက်ရုံကလူတွေ ပြေးနေကြရတယ်၊ကျနော်တို့ မှာလက်မှတ်မရှိတော့ရဲဖမ်းမှာကိုကြောက်လို့”ဟုပြောသည်။
အလုပ်သမားများမှာ အခက်အခဲ ကြုံတွေ့နေရကြောင်း ရခိုင်အလုပ်သမား သမဂ္ဂမှ ဥက္ကဋ္ဌ ကိုလှမင်းက “တမြို့လုံးက စက်ရုံတွေ ပိတ်ထားရသလောက်ပဲ၊ အလုပ်သမား အများစုကလည်း လက်မှတ်မရှိကြတော့ ပြေးနေကြတယ်၊ ဒီတခါ ဖမ်းတာတော့ ဒီနှစ်အတွက် အဆိုးဆုံးပဲ”ဟုပြောသည်။
မြန်မာအလုပ်သမားများ အဖမ်းခံရသည့်အခါ ထိုင်းရဲများက အလုပ်သမားများကို ပြစ်ဒဏ်ချမှတ်ခြင်း၊ မြန်မာ ဘက်ကမ်းသို့ ပြန်ပို့ခြင်း၊ ဒဏ်ငွေရိုက်ခြင်းများ ရှိသော်လည်း ထိုင်းအလုပ်ရှင်များကိုမူ အရေးယူခြင်း မရှိဟု အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ)မှ တာဝန်ခံ ကိုသံဒုတ်က ပြောသည်။
“ထိုင်းအစိုးရနဲ့ အလုပ်ရှင်တွေက ဒီအလုပ်သမားတွေ အလုပ်လုပ်လို့ အဆင်ပြေနိုင်လောက်တဲ့ ဥပဒေကို ချမှတ်သင့်တယ်ဗျာ၊ အလုပ်ရှင်တွေကလည်း ယာယီပတ်စ်ပို့ ဆိုလည်း ယာယီပတ်စ်ပို့ ပေါ့၊လက်မှတ်ဆို လည်း လက်မှတ်ပေါ့၊ သူတို့ က ကူညီလုပ်ပေးသင့်တာပေါ့၊ အခုတော့ ဖမ်းရင် အလုပ်သမားတွေသာခံ၊ အလုပ်ရှင်တွေကတော့ဘာမှမဖြစ်ဘူး၊ ခံစရာရှိကျနော်တို့ အလုပ်သမားတွေကခံဘက်ကချည်းပဲ”ဟု ကိုသံဒုတ်က ဆိုသည်။
မဲဆောက်မြို့တွင်စက်ရုံပေါင်း၃၀၀နီးပါးရှိပြီး မြန်မာအလုပ်သမားသိန်းနှင့်ချီရှိသည်။မဲဆောက်မြို့မှအလုပ် သမားများအများစုသည်အလုပ်သမားလက်မှတ်လုပ်ခမတတ်နိုင်၍လက်မှတ်လုပ်သူရာနှုန်းအနည်းငယ်သာ ရှိသည်ဟုသိရသည်။
ထိုင်းနိုင်ငံအတွင်းတွင်မြန်မာရွှေ့ ပြောင်းအလုပ်သမား၂သန်းခွဲနှင့်အထက်ရှိသည်ဟုအလုပ်သမားအရေး လေ့လာသူများကခန့်မှန်းပြောဆိုကြသည်။

Geen opmerkingen: