မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 21 september 2010

ကုလစုံစမ်းရေးကော်မရှင်ဖွဲ့ရေး ဒတ်ခ်ျနိုင်ငံခြားရေး ဝန်ကြီး ထောက်ခံ

သောမတ်စ်မောင်ရွှေ
အင်္ဂါနေ့၊ စက်တင်ဘာလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၀၉ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်နေမှုများအား ကုလသမဂ္ဂစုံစမ်းရေး ကော်မရှင်ဖွဲ့၍ စုံစမ်းစစ်ဆေးရေး တောင်းဆိုနေမှုများကို ဒတ်ခ်ျနိုင်ငံခြားရေးဝန်ကြီး MaximeVerhagen က "အမှန်တကယ်ထောက်ခံကြောင်း” ဒတ်ခ်ျ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
အာရှနှင့်ကျွန်းနိုင်ငံများဆိုင်ရာ အကြီးတန်းမူဝါဒရေးရာအရာရှိ JettyKouwenက မဇ္ဈိမသို့ အီးမေးလ် ပေးပို့ပြောကြားရာတွင် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးကိစ္စအတွက် နယ်သာလန်နိုင်ငံသည် “ဥရောပ သမဂ္ဂအတွင်းနှင့် ပြင်ပရှိနိုင်ငံများအားလုံးနှင့်နီးနီးကပ် ကပ်လက်တွဲဆောက်ရွက်သွားမည်” ဟုဆိုသည်။
                                                                                         နယ်သာလန် နိုင်ငံခြားရေးဝန်ကြီး
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းရန် မြန်မာစစ်အစိုးရက မကြာသေးခင်က အမိန့်ထုတ်ခဲ့ကြောင်း သိရှိရသည့်အတွက် နိုင်ငံခြားရေးဝန် ကြီး Verhagenသည် အလွန်အမင်း အံ့သြ တုန်လှုပ်ခဲ့ရကြောင်းဖြင့်လည်း Kouwen က မဇ္ဈိမကို ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထိုသို့ အရေးယူ ဆောင်ရွက်လိုက်ခြင်းက “လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်မျှတမည် မဟုတ်ကြောင်း ပြသနေခြင်းပင် ဖြစ်သည်”ဟု နိုင်ငံခြားရေးဝန်ကြီးက ယုံကြည်နေကြောင်းဖြင့်လည်း သူကဆက်လက် ပြောဆိုခဲ့သည်။
ဖေဖော်ဝါရီလအတွင်းက ကျင်းပခဲ့သော JanPeterBalkenende ခေါင်းဆောင်သည့် ညွန့်ပေါင်းအစိုးရ လက်ထက်တွင် Verhagenသည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ ယခုလည်း ကွန်ဆာဗေးတစ် လူနည်းစု ညွန့်ပေါင်းအစိုးရ မဖွဲ့စည်းနိုင်သေးမီ ကြားဖြတ်အစိုးရ လက်ထက်တွင် ဆက်လက် တာဝန်ယူ ဆောင်ရွက်နေသည်။
၂ဝဝ၇ ခုနှစ်မှ စတင်၍ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လာခဲ့သူ Verhagenသည် ဒတ်ခ်ျအစိုးရသစ် လက်ထက်တွင်လည်း ဤမူဝါဒအတိုင်း ဆက်လက် ရပ်တည်သွားလိမ့်မည်ဟု မျှော်လင့်ရသည်။
ဒတ်ခ်ျအစိုးရသစ် မည်သည့်အချိန် ဖွဲ့နိုင်မည် မသေချာသေး နယ်သာလန်နိုင်ငံ အစိုးရသစ် ဖွဲ့စည်းရေး ဆွေးနွေးနေမှုများ မည်သည့်အချိန် ပြီးဆုံးမည် ဆိုသည်ကို မသိရသေးပါ။
MarkRutteခေါင်းဆောင်သည့် လွတ်လပ်သောဈေးကွက် လစ်ဘရယ်ဝါဒီ VVD ပါတီသည် ဇွန်လအတွင်းက ကျင်းပခဲ့သော အမျိုးသား ရွေးကောက်ပွဲများတွင် အမတ်နေရာ ၃၁ နေရာသာ အနိုင်ရရှိခဲ့ပြီး ဒတ်ခ်ျနိုင်ငံ သမိုင်းတွင် `အင်အားအနည်းဆုံး အနိုင်ရပါတီ´ ဖြစ်လာခဲ့သည်။
VVD ပါတီ၊ ဝန်ကြီး Verhagen ခေါင်းဆောင်သည့် ဒတ်ခ်ျခရစ်ယန် ဒီမိုကရက်တစ် အက်ရှင်ပါတီ CDA တို့သည် အစိုးရသစ် ဖွဲ့နိုင်ရေးအတွက် အကြိတ်အနယ် ဆွေးနွေးနေရဆဲဖြစ်ပြီး ပါလီမန်တွင်း တတိယအကြီးဆုံး ပါတီဖြစ်သည့် လွတ်လပ်ရေးပါတီ (PVV)ပါတီကို ထည့်သွင်း ဖွဲ့စည်းရေးနှင့် ပတ်သက်၍ အငြင်းပွားနေကြခြင်း ဖြစ်သည်။
GeertWildersခေါင်းဆောင်သည့်PPVပါတီကို အစ္စလမ် ဆန့်ကျင်ရေး ပါတီဟု အများက သိရှိထားကြသည်။ အစ္စလမ်ဘာသာကို ပုတ်ခတ် စော်ကားသည့် စကားများ Wilders ပြောကြားခဲ့သည့်အတွက် ကမ္ဘာတလွှား ဟိုးလေးတကျော် ဖော်ပြခြင်းခံခဲ့ရသည်။ Wildersနှင့် သူ့ပါတီ လုပ်ဖော်ကိုင်ဖက်များက လူ့အခွင့်အရေး အကြောင်းပြပြီး ကိုရမ်ကျမ်းကို ပိတ်ပင်လိုကြသည်။ ဒတ်ခ်ျလူမျိုး မူဆလင် ဘာသာဝင်များ၏ ဘာသာရေး အခွင့်အရေးများကို ကန့်သတ်သည့် ဥပဒေများလည်း ပြဠာန်းလိုကြသည်။



Geen opmerkingen: