မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 25 september 2010

“ ခရီးမှာ ”

ငြိမ်းချမ်းတဲ့ဘ၀အခြေအနေတွေရဖို့
ကံစီမံရာကိုချည်းပဲ
ရေစုံမျှောကာလိုက်နေလို့မရတော့ဘူး
အသိဥာဏ်ရှိတဲ့လူသားတွေဆိုတော့
ဘ၀ဇတ်ဆရာစေရာကို
သူ့အလိုကျအမြဲမလိုက်ပဲ
ကိုယ့်အလိုပါပြည့်ရအောင်
ဥာဏ်သတိနဲ့ယှဉ်ကာရင်ဆိုင်ရတော့မယ် --- ။
ကျီးလန့်စာစားဘ၀မျိုးတွေ
အမြဲတမ်းမဖြစ်ရလေအောင်
ဘယ်တန်ခိုးရှင်တစုံတယောက်က
လူ့ပြည်ကပြည့်နှက်နေတဲ့ အတိဒုက္ခတွေကို
လာရောက်ကူညီဖြေရှင်းပေးနိုင်မလဲ --- ။
သူငယ်ချင်းရေ --- ငါဟာ
ငါးပိရည်၊တို့စရာနဲ့
လ္ဘက်တွေကိုကြိုက်နှစ်သက်ခဲ့ပေမယ့်
ပျော်ရာမှမနေရပဲ
မတရားဖိနှိပ်မှုတွေကို
ခေါင်းငုံခံကာငြိမ်မနေနိုင်လို့
တော်ရာမှာနေ နေခဲ့ရသူတယောက်ပါ --- ။
တခါတလေမှာ
အညာမြေကအမေ့ရဲ့လက်ရာ
မကျည်းရွက်ချဉ်ရည်ဟင်းကိုစားချင်ရင်တောင်
ဘ၀တပါးကိုပြောင်းသွားတဲ့
ထောင့်သုံးရာပြည့်ဖွား အမေ
ကောင်းရာသုဂတိလားပါစေလို့ပဲ
ဆုတောင်းကာမေတ္တာပို့ပေးနေရတယ် --- ။
စိုးမိုးချယ်လှယ်မှုအောက်မှာ
စား၊၀တ်၊နေမှုပြည့်စုံဖို့အတွက်
အမြှီးကျက်အမြှီးစား
ခေါင်းကျက်ခေါင်းစားလူတွေသာပိုများလာခဲ့တယ်
ရှာဖွေလေတွေ့ရှိလေပဲပေမို့
ရန်သူလုပ်တဲ့အမှားတွေကို
ငြိမ်းချမ်းစွာနဲ့ဆန့်ကျင်ပြလို့လည်းရတယ်
အရိုးပေါ်အရွက်ဖုံးကာ
နောင်မျိုးဆက်တွေပါ ဆက်မခံရလေအောင်
သတိထား --- ရပ် - ကြည့် - သွား --- ။

                   ဇာနည်မောင်

နှစ်ပရိစ္ဆေဒအတွေးအခေါ်ပိုင်ရှင်လူတစုရဲ့
စိုးတထိတ်ထိတ်နဲ့နေရတဲ့

Geen opmerkingen: