မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 20 september 2010

ပခုက္ကူ ခရိုင်တွင် ရွေးကောက်ပွဲကော်မရှင်အတွက် အဓမ္မ ငွေကြေးကောက်ခံ

ဇာနည်မာန် Monday, September 20, 2010
.မကွေးတိုင်ပခုက္ကူခရိုင်ပေါက်မြို့နယ်အတွင်းရှိကျေးရွာများတွင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အသုံးစရိတ်ဟု ဆိုကာ နယ်မြေခံ ရယက အဖွဲ့ဝင်များက ငွေကြေးကောက်ခံမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
“ရယက ဥက္ကဌ ဦးဝင်းကိုက ဒါက ခင်ဗျားတို့အတွက် ရွေးကောက်ပွဲ ဖြစ်မြောက်အောင် လုပ်ဖို့လို့ ပြောပြီး အိမ်ထောင်စု တခုကို ကျပ် ၈၀၀၊ တချို့လည်း ၁၀၀၀ လိုက်ကောက်နေတာ။ ကြောက်တော့လည်း ပေးလိုက်ရတာပေါ့ဗျာ။ ဘယ်တိုင်ရ မှန်းလည်း မသိဘူး”ဟု ပေါက်မြို့နယ် တောင်မြင့် ကျေးရွာအုပ်စုမှ ဒေသခံတဦးက ပြောသည်။
ပေါက်မြို့နယ် ခင်ရှည် ကျေးရွာအုပ်စုတွင်မူ ရယက ဥက္ကဌ တဦးလျှင် ကျပ် ၅ သောင်း နှုန်း ထည့်ဝင်ရန် မြို့နယ်ရုံးမှ တောင်းခံနေသည်ဟု အမည်မဖော်လိုသူ ရယက အဖွဲ့ဝင်တဦးက ဆိုသည်။
“ကျနော်တို့ အုပ်စုမှာက ရွာလူထုကိုတော့ မကောက်ဘူးဗျ။ ဒါပေမယ့် ရယက ဥက္ကဌ တယောက် ၅ သောင်းပေးရမယ် ဆိုတော့ ဘယ်လိုလုပ် ထည့်နိုင်မှာလဲ။ ၅ သောင်းရအောင် ကျနော်တို့ ရယက အဖွဲ့ဝင်တွေက ငွေခွဲထည့်ရတယ်ဗျ။ ငြင်းလို့ လည်း မရဘူးလေဗျာ”ဟု ခင်ရှည် ကျေးရွာ အုပ်စု ရယက အဖွဲ့ဝင်တဦးက ပြောသည်။
တောင်မြင့် ကျေးရွာအုပ်စုမှ ဒေသခံများကို ငွေကောက်ခံခြင်းမှာ ရယက ဥက္ကဌ ပေးဆောင်ရမည့် ငွေ အတွက် ထည့်ဝင် ရခြင်းဖြစ်နိုင်သည်ဟုလည်း ၎င်းကဆိုသည်။
ခင်ရှည်ကျေးရွာ ရယက က ဆက်လက်၍ “ကော်မရှင်အတွက်က ရန်ပုံငွေက ရှိပြီးသားဖြစ်ရမှာလေ။ လူထုဆီက ပြန် ကောက်တယ် ဆိုတာတော့ ဘယ်လိုလည်း မပြောတတ်တော့ဘူး။ လက်လုပ်လက်စား သမားတွေ ဆိုတော့ အများစုက မတတ်နိုင်ကြဘူး”ဟု ပြောဆိုသည်။
ယခုကဲ့သို့ ငွေကောက်ခံခြင်းအတွက် မကျေမနပ်ဖြစ်နေကြသော်လည်း မည်သို့ တိုင်တန်းရမည်ကို မသိကြ၍ တကြောင်း၊ အာဏာပိုင်များကို ကြောက်ရွံ့သည်က တကြောင်း တို့ကြောင့် ငွေများထည့်ဝင်ကြရသည်ဟု ဒေသခံများက ဆိုသည်။
စစ်အစိုးရကျင်းပမည့်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရွာခံများအနေဖြင့် စိတ်ဝင်စားမှုမရှိသူ များကြောင်း ပြောဆိုကြသည်။
“မဲ သွားမထည့်ချင်ကြဘူး။ အားလုံးလိုလိုကတော့ ဒါက တရားဝင်အစိုးရဖြစ်အောင် လုပ်မယ်ဆိုတာ သိနေကြတယ်။ ပြည်သူအတွက် ဘာမှ ဖြစ်လာမှာမဟုတ်ဘူးလေ”ဟု ခင်ရှည်ရွာခံ တဦးက ပြောသည်။
လာမည့် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပ သွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန် ကြေညာထားသည်။

Geen opmerkingen: