မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 17 september 2010

ရန်ကုန်ရှိ ၀န်ထမ်း သုံးသောင်းခန့် နေပြည်တော်သို့ ပြောင်းရွှေ့ရမည်

နရီလင်းလက် Friday, September 17, 2010
.ရန်ကုန်မြို့မှ ပြောင်းရွှေ့လာမည့် အစိုးရ ၀န်ထမ်းဦးရေ သုံးသောင်း ခန့် အတွက် နေပြည်တော်တွင် ၀န်ထမ်း အိမ်ရာများ တိုးချဲ့ တည်ဆောက် နေသည်ဟု သိရသည်။
၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ စစ်အစိုးရ က ၀န်ကြီးဌာနများနှင့် ၀န်ထမ်းများကို နေပြည်တော် သို့ ပြောင်းရွှေ့စေခဲ့ပြီး တချို့ ဌာနဆိုင်ရာရုံးများမှ ၀န်ထမ်းများ ကျန်ရှိနေခဲ့သည်။
                           နေပြည်တော်ရှိဝန်ထမ်းအိမ်ရာကိုတွေ့ရစဉ်(ဓာတ်ပုံ-photo.greatmyanmar.com)
“လက်ရှိ ဥတ္တရ သီရိ၊ ပုဗ္ပ သီရိ၊ ဇဗ္ဗူ သီရိမြို့နယ်တွေမှာ ၀န်ထမ်း အိမ်ရာနဲ့ အစိုးရ အဆောက် အအုံတွေကို ဆောက်နေတဲ့ အပြင် နေပြည်တော် ဘူတာသစ် ရှိတဲ့နေရာမှာလည်း ၀န်ထမ်းအိမ်ရာတွေ ထပ်ချပေးဖို့ မြေနေရာ ဖော်နေတယ်”ဟု နေပြည်တော် ဆောက်ရေး လုပ်ငန်းခွင်မှ အင်ဂျင်နီယာတဦးက ပြောပြသည်။
ရန်ကုန်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများကို ၂၀၁၁ ဧပြီ လ နောက်ဆုံးထား ပြောင်းရွှေ့ရမည်ဟု သတင်းများထွက်ပေါ်နေကြောင်း နေပြည်တော်မှ စစ်အရာရှိတဦးက ပြောသည်။
“အခုချိန်အထိတော့ အာဏာပိုင်တွေဘက်က ဘယ်တော့ နောက်ဆုံးပြောင်းရမယ်ဆိုပြီး တရားဝင်စာ ထွက်တာမျိုး မရှိသေး ပေမယ့် ၀န်ထမ်းတွေနဲ့ ပတ်သက်တဲ့ အိမ်ရာတွေ ၊ ဌာနဆိုင်ရာ အဆောက်အအုံတွေ အကုန်လုံးကို ဒီနှစ်အတွင်းမှာ အရှိန် အဟုန်မြှင့်ပြီး ဆောက်ဖို့ ညွှန်ကြားထားတာကို ကြည့်ရင်နှစ်ဆန်းပိုင်းလောက်ပြောင်းရဖို့ သေချာနေတဲ့ သဘောမှာရှိတယ်”ဟု ၎င်းက ဆိုသည်။
နေပြည်တော် စစ်အရာရှိက ဆက်လက်၍ “အရေးကြီးတဲ့ ဌာနဆိုင်ရာ ရုံးချုပ်တွေကို နေပြည်တော်မှာထားပြီး အဓိက ကိုင်တွယ်မှုတွေ လုပ်သွားမယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေက အစ နေပြည်တော်မှာ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ် တာဆိုတော့ ရန်ကုန်မှာ ကျန်နေတဲ့ ၀န်ထမ်းတွေကို နေပြည်တော် အကုန်ပြောင်းစေချင်နေတာ သူတို့ရဲ့ ဆန္ဒပဲ”ဟု ပြော ပြသည်။
လက်ရှိ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မြို့သစ်သို့ အစိုးရအဖွဲ့ အများစု ပြောင်းရွှေ့ခဲ့ပြီးဖြစ်ရာ ရန်ကုန်မြို့ရှိ ရုံးဟောင်း အဆောက် အအုံတချို့ကို လည်း ရောင်းချမှုများပြုလုပ်ခဲ့သည်။
“ရန်ကုန်မှာ ကျန်ခဲ့တဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတွေဆိုလည်း သူ့နေရာနဲ့ သူ့ရုံးနဲ့ သူ သတ်သတ်မှတ်မှတ် နေရတာမဟုတ်ဘူး။ စုပေါင်းရုံးလို နေရာတွေမှာ သွားပြီးရုံးတက်ရတာ။ ရန်ကင်းက ကာကွယ်ရေးဝန်ကြီးဌာန(ငွေစာရင်းရုံး)ဆို အခွံကြီး ဒီအတိုင်းပဲ၊ ကျန်ခဲ့တဲ့ ၀န်ထမ်းတွေကို မရမ်းကုန်းက ကုန်းမြင့်သာယာ စစ်ဌာနချုပ်ရုံးမှာ သွားထားထားတယ်”ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ် မှ အရာရှိတဦးက ပြောသည်။
ရန်ကုန်မြို့ရှိ ၀န်ကြီးဌာနများမှ နေပြည်တော် သို့ ပြောင်းရွှေ့ပြီး ၀န်ထမ်း ၁ သိန်းခန့်ရှိကြောင်း သိရသည်။

Geen opmerkingen: