မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 23 september 2010

စစ်အစိုးရရာဇဝတ်မှုများ စုံစမ်းစစ်ဆေးမည့် ကော်မရှင်ဖွဲ့ရန် ထောက်ခံမှုများလာ

စိုင်းဇွမ်ဆိုင်း Thursday, September 23, 2010
.မြန်မာ စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရေး ကော်မရှင်(CoI)ဖွဲ့စည်းရန် ပြင်သစ်နိုင်ငံက ထောက်ခံ လိုက်ခြင်းဖြင့် ထောက်ခံသည့် နိုင်ငံ ၁၀ နိုင်ငံ ရှိသွားပြီဖြစ်သည်။
၂၀၀၅ခုနှစ်အတွင်းကအဓမ္မရွှေ့ပြောင်းခံခဲ့ရသည့်ကရင်ပြည်နယ်မြောက်ပိုင်းမှဒုက္ခသည်ကရင် တိုင်းရင်းသားများ(ဓာတ်ပုံ-FreeBurmaRangers)
CoI ဖွဲ့စည်းရေးကို အမေရိကန်၊ ကနေဒါ၊ ချက်၊ ဗြိတိန်၊ စလိုဗက်ကီးယား၊ သြစတြေးလျ၊ ဟန်ဂေရီ စသည့် နိုင်ငံတို့က ထောက်ခံ ခဲ့ကြပြီး ယခုရက်ပိုင်း အတွင်း နယ်သာလန်၊ နယူးဇီလန်နှင့် ပြင်သစ် တို့ကပါ ထပ်မံ ထောက်ခံ လိုက်ကြသည်။
ကုလသမဂ္ဂ၏ အထွေထွေ ညီလာခံ၌ ကျင်းပသည့် ၁၅ ကြိမ်မြောက် လူအခွင့် အရေး ကောင်စီတွင် ပြင်သစ်နိုင်ငံ၏ ကိုယ်စားလှယ် ဖြစ်သူက “မြန်မာ နိုင်ငံမှာ လူ့အခွင့်အရေး တွေကို အစီအစဉ် တကျနဲ့ ချိုးဖောက် ခံနေရပါတယ်၊ ကုလ အထူး ကိုယ်စားလှယ် မစ္စတာ ကင်တာနာ အကြံပြုထားတဲ့ CoI ဖွဲ့စည်းဖို့ကို ပြင်သစ်နိုင်ငံက ထောက်ခံကြောင်း အခုလုပ်ရပ်နဲ့ ဖော်ပြလိုက်တာဖြစ်ပါတယ်”ဟု ပြောဆိုသည်။
ပြင်သစ်နိုင်ငံက ယခုကဲ့သို့ ထောက်ခံလိုက်ခြင်းအပေါ်တွင် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (NGOs) ဖြစ်သောHumanRightsWatch(HRW)၊ ပြင်သစ်အဖွဲ့အစည်းများဖြစ်သောInfoBirmanie,Federation Internationaledesliguesdesdroitsdel’Homme(FIDH)နှင့်FrenchHumanRightsLeagueတို့က ကြိုဆိုကြောင်း ယနေ့ သတင်း ထုတ်ပြန်သည်။
FIDH ၏ ဥက္ကဋ္ဌဖြစ်သူ မစ္စ ဆူဟဲရ် ဘယ်လ်ဟက်ဆန် (Ms. Souhayr Belhassen) က“အခုဖွဲ့စည်းမယ့် CoIက စစ်အစိုးရ ရဲ့ ရာဇဝတ်မှုတွေအတွက်ပဲ လိုအပ်တာမဟုတ်ပါဘူး၊ မြန်မာနိုင်ငံကို တရားမျှတမှုတွေပါ ယူဆောင် ပေးနိုင်ဖို့လိုအပ်ပါ တယ်”ဟု ပြောဆိုကြောင်း BurmaCampaignUK၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
CoI ဖွဲ့စည်းရေးကို အဓိက တိုက်တွန်းသူမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာ ဖြစ်သည်။
“ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာ ရာဇဝတ်မှုများကို ထုတ်ဖော် စစ်ဆေးမည့် ကော်မရှင် တရပ် ဖွဲ့စည်းရန် စဉ်းစားသင့်ပါသည်”ဟု ကင်တာနာ က မတ်လအတွင်း၌ တင်သွင်းသော အစီရင်ခံစာတွင် တိုက်တွန်း ထားသည်။
ယင်းအစီရင်ခံစာသည် စစ်အစိုးရအပေါ် ဥပဒေကြောင်းအရ အရေးယူရန် ကြိုးပမ်းနေသော အဖွဲ့အစည်းများနှင့် မြန်မာ အတိုက်အခံ အင်အားစုများ၏ မျှော်လင့်ချက်ကို မြင့်တက်စေကြောင်းလည်း လေ့လာသုံးသပ်သူများက ဆိုသည်။
“မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေ ထွက်ပြီးသားပါ၊ တကယ်တမ်းဆိုရင်တော့ အဲဒီ အစီရင်ခံစာတွေနဲ့တင် လုံလောက်နေပါပြီ၊ ဒါပေမယ့် နအဖ ကလည်း သူ့အပြစ်တွေကို ငြင်းနေတော့ ဒါကို အမှန် အတိုင်း သိဖို့အတွက် စစ်ဆေးမယ့် ကော်မရှင်တရပ်ပဲ လိုတာပါ”ဟု မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ ဦးသိန်းဦး က ဧရာဝတီသို့ပြောသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အင်အားကြီးနိုင်ငံများဖြစ်သည့် အမေရိကန်၊ ကနေဒါ နှင့် ပြင်သစ်ကဲ့သို့ နိုင်ငံများကပါCoIဖွဲ့စည်းရေးကို ထောက်ခံထားကြသောကြောင့် စစ်အစိုးရကို ၎င်း၏ ရာဇဝတ်မှုများအတွက် နိုင်ငံတကာခုံရုံးသို့ ပို့ဆောင်ရန် အားကောင်းနေကြောင်း ဦးသိန်းဦး က ပြောဆိုသည်။
ဥပဒေ အတိုင်ပင်ခံ ရှေ့နေကြီး ဦးအောင်သိန်းကလည်း လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေသည် CoI ဖွဲ့စည်းရန်လိုအပ်နေသည့်အတွက်ကြောင့်ယခုကဲ့သို့နိုင်ငံတကာမှCoIဖွဲ့စည်းရေးအား ထောက်ခံနေကြသည့်အပေါ်တွင် အားတက်သရော ကြိုဆိုသည်ဟု ဆိုသည်။
“နိုင်ငံတော်တော်များများက ထောက်ခံနေကြပြီဆိုတော့ CoI ကို ဖွဲ့စည်းကြလိမ့်မယ်လို့ ကျနော်ယူဆတယ်၊ ဒါပေမယ့် အရေးကြီးတာက စုံစမ်းစစ်ဆေးမှုတွေကို မြို့ပြတွေမှာပဲ မလုပ်ဘဲနဲ့ တိုင်းရင်းသားနယ်မြေတွေအထိကိုပါ နက်နက်ရှိုင်းရှိုင်း လုပ်ဖို့ လိုပါလိမ့်မယ်”ဟုလည်း ဦးအောင်သိန်းက ပြောသည်။
လူ့အခွင့်အရေးအဖွဲ့အစည်း တချို့က ဖိလစ်ပိုင်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ကိုလည်း CoIဖွဲ့စည်းရေးကို ထောက်ခံရန် မကြာသေးမီ က တိုက်တွန်းထားသေးသည်။

Geen opmerkingen: