မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 20 september 2010

ကြံ့ဖွံ့ အမတ်လောင်း အနီးကပ်သင်တန်း

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၅၈ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲ စည်းရုံးရေးအတွက် ကိုယ်စားလှယ်လောင်း ရက်တိုသင်တန်းတခု ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် ကြံ့ဖွံ့ခေါင်းဆောင်များက နေပြည်တော်တွင် ပေးခဲ့ကြောင်း ကြံ့ဖွံ့သတင်းရပ်ကွက်များက ဆိုသည်။
ကြံ့ဖွံ့ရုံးချုပ်တွင် ပြုလုပ်ပြီး စစ်ဘက်မှအနားယူကာ ဝင်အရွေးခံမည့် ၃ဝဝ ကျော်အပါအဝင် ကြံ့ဖွံ့အမတ်လောင်း ၄၀၀ နီးပါးတက်ရောက်၍ လူထုစည်းရုံးရေးတွင် ပြောကြားသင့်သည်များ၊ ဥပဒေရေးရာများကို ပို့ချမည် ဖြစ်သည်။
” နိုင်မယ်လို့ ထင်နေကြတယ်။ ဒါပေမယ့် စိုးရိမ်တာက အမတ်တွေ ဥပဒေချိုးဖောက်တာ၊ အလွဲသုံးစား လုပ်တာတွေဖြစ်ရင် တခြားပါတီတွေက ကန့်ကွက်လာမှာကိုပဲ၊ အဲဒါကြောင့် ဥပဒေကိုပါ ပို့ချတာ”ဟု သတင်းရပ်ကွက်က ပြောသည်။
စက်တင်ဘာ ၁၃ မှ ၁၅ ရက်အထိ နံနက် ၇ နာရီမှ ညဥ့်နက်သည့်တိုင် သင်တန်းလာတက်သူများမှာ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး တိုင်း၊ ကရင်နှင့် မွန်ပြည်နယ်တို့မှ အမတ်လောင်းများ ဖြစ်သည်။
ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်အတွက် ကြံ့ဖွံ့မှ ဝင်အရွေးခံမည့် ဇေကမ္ဘာဦးခင်ရွှေ၊ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း၊ ဖဒိုအောင်ဆန်း၊ တက္ကသိုလ်မြတ်သူ၊ တက္ကသိုလ်တင်ခတို့လည်း တက်ရသည်။
ကျန် တိုင်းနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်လောင်းများ နောက်သင်တန်းများတွင် တက်ရမည် ဖြစ်သည်။
သင်တန်းတက်ရမည့် စာရင်းတွင် ပါသော်လည်း ကားတိုက်မှုကြောင့် အနားယူနေရသော စစ်ဆင်ရေး အထူးအဖွဲ့ (၅) ဟောင်း အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ ပျက်ကွက်ခဲ့သည်ဟု သိရ၏။ ဦးမြင့်ဆွေသည် နေပြည်တော်-ရန်ကုန် အဝေးပြေးလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား၍ ဦးခေါင်းဒဏ်ရာရခဲ့သည်ဟု သင်တန်း တက်ရောက်ခဲ့သူတဦးက မဇ္ဈိမသို့ ပြောပြသည်။



Geen opmerkingen: