ဓာတ်ပုံသတင်း
စက်တင်ဘာ ၅၊ ၂၀၁၀
ဇန်နဝါရီတွင် အိန္ဒြာကျော်ဇင်နှင့် လက်ထပ်မည်ဟု ပြေတီဦးက ယခုတပတ်ထုတ် TRUE NEWS ဂျာနယ်ကို ပြောလိုက်သည်။ စက်တင်ဘာ ၁ ရက် နေ့စွဲဖြင့် ရေးထားသော မျက်နှာဖုံး သတင်းတွင် "ပရိသတ်တွေ ကြားထဲမှာ ထွက်ပေါ်နေတဲ့ သတင်းက အမှန်တကယ် ဖြစ်ပါတယ်။ ကျွန်တော် ဇန်န၀ါရီလထဲမှာ မင်္ဂလာ ဧည့်ခံပွဲ ကျင်းပမှာပါ" ဟူသော ပြေတီဦး၏ စကားကို တွေ့ရသည်။ ရက် အတိအကျ မသတ်မှတ်ရသေးဟု မင်းသားက ဆိုသည်။
ဗီဒီယို ရုပ်ရှင် မင်းသား မင်းသမီး ချစ်သူ နှစ်ဦး အကြောင်း မိုးမခ သတင်းဟောင်း

Geen opmerkingen:
Een reactie posten