မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 13 december 2010

ပို့ကုန်သွင်းကုန်အခွန်အကျိုးဆောင်များကိုလုပ်ကိုင်ခွင့်ပိတ်ပင်

မိုးယံ Monday, 13 December 2010 16:43
.ပြည်တွင်းအကောက်ခွန်ဦးစီးဌာနရှိပန်းရောင်လိုင်စင်ကိုင်ဆောင်ထားသောပို့ကုန်သွင်းကုန်အကောက်ခွန် အကျိုးဆောင်၂၀၀၀ခန့်ကိုလုပ်ပိုင်ခွင့်ပြန်လည်ပိတ်ပင်လိုက်ကြောင်းအကောက်ခွန်ဦးစီးဌာနမှ သိရသည်။
                                             ရန်ကုန်မြို့ရှိပြည်တွင်းအခွန်များဦးစီးဌာနရုံးမြင်ကွင်း(ဓာတ်ပုံ-Flicker)
“ကုမ္ပဏီတွေကလာအပ်တဲ့Export/Importဖိုင်တဖိုင်ချင်းဆီအတွက် ပိုက်ဆံရတာ။ အခုလို ပိတ်လိုက်တော့ အကောက်ခွန်ရုံးရှေ့မှာငုတ်တုတ်ထိုင်နေရတယ်”ဟုအကောက်ခွန်အကျိုးဆောင်လုပ်သား တဦးကဆိုသည်။
အကောက်ခွန်ရုံးအတွင်း ပို့ကုန်သွင်းကုန် လုပ်ငန်းများ လုပ်ကိုင်မှု လွယ်ကူမြန်ဆန်စေရန် အဝါရောင် လိုင်စင် ကိုင်ဆာင် ထားသူ အကောက်ခွန် ကိုယ်စားလှယ် ၂၀၀ ကျော်က ပန်းရောင်လိုင်စင် ကိုင်ဆောင်ထားသည့် အကောက်ခွန် အကျိုးဆောင် လုပ်သား ၂၀၀၀ ခန့်ကို ထပ်ဆင့်ခန့်အပ် ထားကြကြောင်း သိရသည်။
ယခုအခါ ပန်းရောင်လိုင်စင်ကိုင်ဆောင် ထားသူများ အကောက်ခွန်ရုံးအတွင်း ၀င်ရောက်၍ ပို့ကုန်သွင်းကုန် လုပ်ငန်းများ လုပ်ကိုင်ပါက အ၀ါရောင်လိုင်စင်ရ ကိုယ်စားလှယ်များ တင်ထားသည့် Deposit ငွေ ကျပ် ၁၀ သိန်း ဆုံးရှုံးမည်ဖြစ်ကြောင်းတရားဝင် ထုတ်ပြန်ထားသည်။
“ကျနော်တို့အကောက်ခွန်ရုံးထဲမှာအရာရှိတယောက်အသတ်ခံလိုက်ရကတည်းကစည်းကမ်းပြန် တင်းကျပ်လိုက်တာ။အခုတရားဝင်စာထွက်လာပြီးပန်းရောင်လိုင်စင်သမားတွေကိုပိတ်လိုက်ပြီ”ဟု အကောက်ခွန် ဝန်ထမ်းတဦးက ပြောသည်။
ပန်းရောင်လိုင်စင် ကိုင်ဆောင်ထားသော အကောက်ခွန် အကျိုးဆောင် လုပ်သားများကြောင့် ပို့ကုန်သွင်းကုန် လုပ်ငန်းများ လုပ်ကိုင်ရာတွင် ပိုမိုတွင်ကျယ်ခဲ့ကြောင်း၊ သို့ရာတွင် ဒီဇင်ဘာ ၁၀ ရက်နေ့မှ စတင်၍ လုပ်ကိုင်ခွင့် ပိတ်ပင်လိုက် သောကြောင့် လုပ်သား ၂၀၀၀ ကျော် အခက်အခဲ ဖြစ်နေကြောင်း အကောက်ခွန် အေဂျင်စီများ ထံမှသိရသည်။
လက်ရှိတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းများကို အကောက်ခွန်ရုံးအတွင်း အ၀ါရောင် လိုင်စင် ကိုင်ဆောင်ထားသော ကိုယ်စားလှယ်များကိုသာ လုပ်ကိုင်ခွင့် ပေးထားကြောင်း၊ သို့ရာတွင် နေ့စဉ် ပို့ကုန် သွင်းကုန် အရေအတွက် များပြားပြီး အဝါရောင်လိုင်စင် ကိုင်ဆောင်ထားသူ အရေအတွက်ဖြင့် မလောက်ငသောကြောင့် လုပ်ငန်း မတွင်ကျယ် ဖြစ်နေကြောင်း ပြည်ပသို့ ရေထွက်ကုန် ပစ္စည်းများ ပို့ဆောင်နေသည့် ကုမ္ပဏီ မန်နေဂျာ တဦးက ပြောသည်။
“သွင်းကုန် ထုတ်ကုန် ဖိုင်တွေက တနေ့တနေ့ နည်းတာမဟုတ်ဘူး။ သဘောင်္ပေါ်ကို အချိန်မီ တင်နိုင်ဖို့ အကောက်ခွန်မှာ အဆင့်ဆင့် ဖြတ်ရတယ်။ တကယ်ကျွမ်းကျင်တဲ့ အကျိုးဆောင်တွေ မ၀င်ရတော့ ကျနော်တို့တွေ တော်တော် အခက်အခဲ ဖြစ်တယ်။ ပန်းရောင်လိုင်စင် သမားတွေလည်း စားဝတ်နေရေး အခက်တွေ့ နေရတယ်” ဟု ၎င်းက ဆိုသည်။
အကောက်ခွန်ရုံးတွင် အောက်တိုဘာလ အတွင်းက အမျိုးသမီးအရာရှိ တဦးသည် လုပ်ငန်းချိန်အတွင်း ရုံးဘေးရှိ အအေးဆိုင်မှ ဝန်ထမ်းတဦးကို နှိပ်ခိုင်းရာမှ အဆိုပါအအေးဆိုင် ဝန်ထမ်းက လည်ပင်းညှစ် သတ်ပစ်ခဲ့ကြောင်း၊ ထို ရုံးအတွင်း လူသတ်မှုနှင့် ပတ်သက်၍ ပန်းရောင် လိုင်စင် ကိုင်ဆောင်သူများကို လုပ်ငန်း လုပ်ပိုင်ခွင့် ပိတ်ခဲ့ခြင်း ဖြစ်ကြောင်း အကောက်ခွန်ရုံးနှင့် နီးစပ်သူများက ပြောသည်။
၂၀၀၈ ခုနှစ်အတွင်းကလည်း အဆိုပါ ပန်းရောင်လိုင်စင်သမားများကို အကောက်ခွန်ရုံးအတွင်း ၀င်ရောက်၍ လုပ်ငန်းများ လုပ်ပိုင်ခွင့် ပိတ်ပင်ခဲ့ဖူးကြောင်း သိရသည်။

Geen opmerkingen: