မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 11 december 2010

ထောင်ဝင်စာတွေ့ရာတွင်တောင်းဆိုပိုင်ခွင့်များပညာပေးမည်

ဟိန်းဇော် Saturday, 11 December 2010 12:45
.နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များ ထောင်ဝင်စာ တွေ့ရာတွင် အခက်အခဲများ ရှိပါက ဥပဒေအရ ကန့်ကွက် အရေးဆိုနိုင်ရန် ထောင်စည်းမျဉ်း စည်းကမ်းစာအုပ်ကို ဖြန့်ဝေပေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
NLDရုံးချုပ်၌အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင်မိန့်ခွန်းပြောနေသောဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ-ဧရာဝတီ)
ဒေါ်အောင်ဆန်းစုကြည်က “အကျဉ်းထောင်မှာ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ ရှိပါတယ်။ ထောင်ဝင်စာ သွားတွေတဲ့ နေရာမှာ စည်းမျဉ်း စည်းကမ်းအရ ဒီလိုဒီလို လုပ်ပေးရမယ်။ မလုပ် ပေးဘူးဆို တရားဥပဒေအရ ကန့်ကွက်ရမှာပဲ ဆိုတာ အဲဒီခြေလှမ်း တခုတော့ စမှဖြစ်မယ်။ ကိုယ့်ရဲ့ အကျဉ်းကျ ခံနေရတဲ့ မိသားစုဝင်တွေကို အတတ်နိုင်ဆုံး ကာကွယ် ပေးရမယ်” ဟု ပြောသည်။
ယမန်နေ့က ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ပြုလုပ်သော ၆၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၌ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များက ထောင်ဝင်စာ တွေ့ရာတွင် အခက်အခဲများကို တင်ပြကြရာမှ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။
အကျဉ်းထောင် ဆိုင်ရာ စည်းမျဉ်း စည်းကမ်း ဥပဒေ စာအုပ်ကို အကျဉ်းကျ မိသားစုဝင်များ မဖတ်ဖူး ကြသည်က များကြောင်း၊ မည်သည့် အချက်များ ပါဝင်သည်ကို သိထားသင့် ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။
ထောင်ဝင်စာ သွားတွေ့ရာတွင် သန်းခေါင်စာရင်းတွင် ပါရှိသူသာ ထောင်ဝင်စာ တွေ့ခွင့်ရှိသည်ဆိုသော အချက်မှာ ဥပဒေမဲ့ လုပ်ရပ်သာဖြစ်ကြောင်း၊ အာဏာပိုင်များက ၎င်းတို့ဆန္ဒအလျောက် သတ်မှတ်ထားခြင်းဖြစ်ကြောင်း NLD မှ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ထောက်ပြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ရှိနေပြီး ရဟန်းသံဃာတော်နှင့် သီလရှင်များ၊ ကျောင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ လူမှုကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများ၊ သတင်းထောက်များ၊ ဥပဒေသမားများနှင့် ဆရာဝန်များပါဝင်သည်။

Geen opmerkingen: