မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 27 december 2010

ဖိလစ်ပိုင်အမတ်နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

ရန်ပိုင် Monday, 27 December 2010 16:27
ဒေါ်အောင်ဆန်းစုကြည်အား ဖိလစ်ပိုင် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ အထက်လွှတ်တော် အမတ် မစ္စလော်ရင်လီဂါးဒါး(LorenLegarda)ယမန့်နေ့ကလာရောက်တွေ့ဆုံကြောင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ပြောသည်။

ဒီဇင်ဘာ၁၀ရက်နေ့ကရန်ကုန်NLDရုံးချုပ်၌ကျင်းပသည့်၆၂နှစ်မြောက်နိုင်ငံတကာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင်မိန့်ခွန်းပြောကြားနေသောဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ-Reuters)
မည်သည့်အကြောင်းအရာများဆွေးနွေးသည်ကိုသတင်းထုတ်ပြန်ခြင်းမရှိသော်လည်း ဖိလစ်ပိုင်နိုင်ငံသည်သမ္မတဘစ်နစ်နိုအကွီနို၏လက်ထက်တွင်မြန်မာ့အရေးနှင့်ပတ်သက်ပြီး ပိုမိုတက်ကြွမှုရှိလာကြောင်း NLD ခေါင်းဆောင်တဦးဖြစ်သည့် ဦးအုန်းကြိုင် က ဧရာဝတီသို့ ပြောပြသည်။
“အခုလိုအာဆီယံနိုင်ငံထဲကအထက်လွှတ်တော် အမတ် လာတွေ့တာ တနည်းအားဖြင့် ဒီမိုကရေစီအရေးမှာ အားတက်စရာပဲ” ဟု ၎င်းက ဆိုသည်။
မစ္စလီဂါးဒါးနှင့်အတူ၎င်း၏သားနှစ်ဦးလည်းလိုက်ပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုသို့တွေ့ဆုံနိုင်ရန် ၎င်း၏ အရင်း အနှီးဆုံး မိတ်ဆွေ ဖြစ်သည့် အရှေ့တီမောသမ္မတဂျိုးဇက်ဟိုဆေးရာမို့စ် ဟော်တာ က အကူအညီပေးကြောင်း ဖိလစ်ပိုင် စတား သတင်း တွင် ဖော်ပြထားသည်။
“ပုဂ္ဂိုလ်ရေးရာခင်မင်မှုအဖြစ်သွားလည်တာပါ၊ဒီမိုကရေစီနဲ့ပတ်သက်ပြီးအမြင်ချင်းဖလှယ်မှာပါ၊ အထူးသဖြင့် မြန်မာ့ဒီမိုကရေစီ အရေးနဲ့ ပတ်သက်ပြီးပေါ့”ဟု မစ္စ လီဂါးဒါးက ပြောသည်။
နှစ်ပေါင်း ၂၀ခန့် နေအိမ်အကျယ်ချုပ် ဘ၀ဖြင့် နေထိုင်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသည့် ဒေါ်အောင်ဆန်း စုကြည် ထံမှ သင်ယူစရာများ ရှိနိုင်သည်ဟု မျှော်လင့်ထားကြောင်းလည်း ၎င်းက ဆိုသည်။
ထို့အပြင် လူ့အခွင့်အရေး ကာကွယ်ရာတွင် အမျိုးသမီးခေါင်းဆောင်များ၏ အရေးပါမှု ကဏ္ဍကိုလည်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်က ပြသခဲ့သည်ဟု ၎င်းက ပြောဆိုကြောင်း အဆိုပါ သတင်းတွင် ရေးသားထားသည်။
အာဆီယံ အဖွဲ့အတွင်း စီးပွားရေးနှင့် နိုင်ငံရေး တည်ငြိမ်မှုသည် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှု ရရှိစေ ရန် အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုအပ်နေသည့်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်းကို ကြိုဆိုကြောင်း ဦးအုန်းကြိုင်က ဆက်လက်ပြောသည်။
ဒေသတွင်း အာဆီယံနိုင်ငံများ ဖြစ်သည့် ထိုင်း၊ စင်္ကာပူ၊ မလေးရှား စသည့်နိုင်ငံများမှ သံတမန်များက ဒေါ်အောင်ဆန်းစုကြည် အား လာရောက်တွေ့ဆုံသည့် အပြင် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ ကလည်း မကြာသေးမီက ဖုံးဆက်၍ မြန်မာ့ ဒီမိုကရေစီ အရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သေးသည်။
ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံအဖွဲ့အတွင်း မြန်မာစစ်အစိုးရကို ပွင့်လင်းစွာပြောဆို ဝေဖန်သည့် နိုင်ငံတနိုင်ငံ ဖြစ်သည်။

Geen opmerkingen: