မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 16 december 2010

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့စီးပွားရေးနော်ဝေအစိုးရပတ်သက်နေ

ဘကောင်း Thursday, 16 December 2010 14:49
.နော်ဝေနိုင်ငံအစိုးရသည်မြန်မာနိုင်ငံရှိရေနံနှင့်သဘာဝဓတ်ငွေ့လုပ်ငန်းများ၌လုပ်ကိုင်နေသော ကုမ္ပဏီများတွင်ကျင့်ဝတ်စည်းကမ်းများကိုတိတိကျကျလိုက်နာခြင်းမရှိဘဲရင်းနှီးမြှုပ်နှံခြင်းဖြင့်လူ့ အခွင့်အရေးချိုးဖောက်မှုများတွင်သွယ်ဝိုက်ပတ်သက်နေသည်ဟုEarthRightsInternational(ERIအဖွဲ့က ယမန်နေ့က ဝေဖန် ပြောဆိုလိုက်သည်။
“ကျင့်ဝတ်တို့ပျက်သုဉ်းခြင်း၊မြန်မာနိုင်ငံအတွင်းရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများတွင် နော်ဝေအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများ” အစီရင်ခံစာ
နော်ဝေ အစိုးရ အေဂျင်စီ တခုဖြစ်သော ပင်စင်စားများ၏ ရန်ပုံငွေ NorwegianPensionFund-Global (Fund) မှ အမေရိကန် ဒေါ်လာ ၄.၇ ဘီလီယံအား မြန်မာနိုင်ငံအတွင်း ဝင်ရောက် လုပ်ကိုင်နေသည့် နိုင်ငံ ၈ နိုင်ငံမှ ကုမ္ပဏီ ၁၅ ခုတွင် ရင်းနှီးမြှုပ်နှံမှုများ ထားရှိကြောင်းနှင့် ထိုကုမ္ပဏီများသည် မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး ချိုးဖောက် နေမှုများတွင် ပါဝင်နေကြောင်း၊ အမေရိကန်နှင့် ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ERI အဖွဲ့၏ ယမန်နေ့က ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။
“ကျင့်ဝတ်တို့ပျက်သုဉ်းခြင်း၊မြန်မာနိုင်ငံအတွင်းရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများတွင် နော်ဝေအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများ"ဟုခေါင်းစဉ် ပေးထားသည့် ထိုအစီရင်ခံစာ၌ နော်ဝေနိုင်ငံ၏ ကျင့်ဝတ်ကောင်စီ သည်လည်း မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ စနစ်တကျ လေ့လာခြင်းမရှိဘဲ ၄င်းချမှတ်ထားသော ကျင့်ဝတ် စည်းကမ်းများကို လည်း တိတိကျကျ လိုက်နာခြင်း မရှိဟု ဝေဖန်ထားသည်။
နော်ဝေရှိကျင့်ဝတ်ကောင်စီသည်လူ့အခွင့်အရေးချိုးဖောက်မှုများအားလေ့လာ၍ ဘဏ္ဍာရေးဝန်ကြီးဌာနအား တင်ပြရပြီး ထို အစီရင်ခံစာအပေါ် မူတည်၍ ဘဏ္ဍာရေးဝန်ကြီးဌာနက ရင်းနှီးမြှုပ်နှံမှု ဆက်လက်ထားရှိရန် သို့မဟုတ် ရုပ်သိမ်းရန် ဆုံးဖြတ်ရ၏။
“ကျင့်ဝတ်ကောင်စီက သူ့နိုင်ငံရဲ့ရင်းနှီးမြုပ်နှံမှုတွေနဲ့ ပတ်သတ်ပြီး ဘာမှတိတိပပ အလုပ်မလုပ်တော့ နော်ဝေးပြည်သူတွေ ကိုယ်တိုင် မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါနေတဲ့သဘောမျိုး သက်ရောက်စေတာပေါ့”ဟု အစီရင်ခံစာ ပြုစုရာတွင် ပါဝင်သူ တဦးဖြစ်သည့် MatthewSmithက ဆိုသည်။
အစီရင်ခံစာ၌ ပြင်သစ် ရေနံကုမ္ပဏီTotalအပါအဝင်ကုမ္ပဏီ၎ခုမှာ ရတနာနှင့် ရဲတံခွန် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း များ၌ ပါဝင်လုပ်ကိုင်လျက်ရှိပြီး Totalကုမ္ပဏီ တခုတည်း၌ နော်ဝေနိုင်ငံမှ ရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရှိကြောင်း ဖော်ပြထားသည်။
Totalနှင့်ပတ်သက်၍နော်ဝေရှိကျင့်ဝတ်ကောင်စီကကုမ္ပဏီသည်၎င်း၏ရေနံပိုက်လိုင်း တည်ဆောက်ရာဒေသရှိ ဒေသခံများ၏ လူနေမှုဘဝကို တိုးတက်ရာတိုးတက်ကြောင်း လုပ်ဆောင်ရန် သန္နိဌာန်ချထားသည့်အသွင်အထင်အရှားရှိကြောင်း၊အနာဂတ်ကုမ္ပဏီ၏လုပ်ငန်းများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နှီးနွယ်ပတ်သက်ရန်ဖြစ်နိုင်ခြေမရှိကြောင်း သုံးသပ်ထားသည်။
သို့သော် ERIက ထိုသုံးသပ်ချက်သည် ခိုင်လုံကောင်းမွန်သည့် လေ့လာချက်များကို အခြေပြုထားခြင်း မရှိကြောင်း၊ အဆိုပါ ရေနံ ပိုက်လိုင်း တလျှောက်ရှိ လုံခြုံရေး တာဝန်ယူထားသည့် မြန်မာစစ်သားများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျယ်ကျယ် ပြန့်ပြန့် ဆက်လက်ကျုးလွန်နေကြောင်း ဆိုသည်။
ထို့အပြင်မြန်မာနိုင်ငံ အတွင်း ရေနံနှင့် သဘာ ဝဓာတ်ငွေ့လုပ်ငန်းများ လုပ်ကိုင်နေသည့် တောင်ကိုရီးယား ဒေဝူး ကုမ္ပဏီ တွင် နော်ဝေးနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများထားရှိခြင်းကိုလည်း ERI က ဝေဖန်ထားသည်။ ၂၀၀၇ ခုနှစ်၌ဒေ၀ူးကုမ္ပဏီမှတာဝန်ရှိသူများသည်မြန်မာအစိုးရအားစစ်လက်နက်နည်းပညာ တရားမဝင်တင်ပို့မှုအတွက် တရားစွဲဆိုခံခဲ့ရ သော်လည်း နော်ဝေ ကျင့်ဝတ် ကောင်စီ က ထိုဖြစ်စဉ်သည် ဒေဝူး ကုမ္ပဏီ၏ သဘာဝဓာတ်ငွေ့ လုပ်ငန်းများနှင့် ပတ်သတ်ခြင်း မရှိကြောင်း ကောက်ချက်ချခဲ့ သည် ဟုလည်း အစီရင်ခံစာ က ဆိုသည်။
“ကျင့်ဝတ်ကောင်စီမှာသူ့စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ဒါတွေကိုတိတိကျကျလိုက်နာဖို့ အရေးကြီးပါတယ်။လူ့အခွင့်အရေးချိုးဖောက်မှုတွေတွေ့ရင်ဘဏ္ဍာရေးဝန်ကြီးဌာနကို သေသေချာချာချပြရမှာပါ။ အခုတော့ အဲဒီလိုမဟုတ်ဘူး ဖြစ်နေတယ်"ဟု အစီအရင်ခံစာကို ပါဝင်ပြုစုသူ ကိုနိုင်ထူးက ဧရာဝတီ သို့ ပြောသည်။
နော်ဝေအစိုးရသည် မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုအား တက်ကြွစွာထောက်ခံသည့် နိုင်ငံဖြစ်ပြီး နော်ဝေနိုင်ငံမြို့တော်အော်စလိုရှိဒီမိုကရက်တစ်မြန်မာ့အသံ(DVB)ကို အဓိက ငွေကြေးထောက်ပံ့နေသည်။ မြန်မာနိုင်ငံ၏ လွန်ခဲ့သော လက ကျင်းပခဲ့ သည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲဝင်ရေးကို အားပေးခဲ့သော်လည်း အတိုက်အခံအဖွဲ့အစည်းအနည်းငယ်မှလွဲ၍ အဖွဲ့ များစွာကို ငွေကြေး ဆက်လက်ပြီး ထောက်ပံ့ နေကြောင်း သိရသည်။

Geen opmerkingen: