မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 17 december 2010

နိုင်ငံရေးပါတီများရေရှည်အတွက်စီးပွားရေးလုပ်ငန်းတည်ထောင်

ခင်ဦးသာ Friday, 17 December 2010 19:13
.ရွေးကောက်ပွဲ၌ အနိုင်ရထားသော နိုင်ငံရေးပါတီတချို့သည် ပါတီ ရေရှည် ရပ်တည်နိုင်ရေးအတွက် စီးပွားရေး လုပ်ငန်းများ၊ ကုမ္ပဏီများ တည်ထောင် လုပ်ကိုင်နေကြကြောင်း သိရသည်။
“ကျနော်တို့ ကုမ္ပဏီကနေဆောက်လုပ်ရေးလုပ်ငန်း၊ ရေလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်း အဓိကလုပ်ပါတယ်” ဟုရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)၏ဥက္ကဋ္ဌဒေါက်တာအေးမောင်ကဧရာဝတီကို ပြောသည်။
ကုမ္ပဏီ၏အမည်အားသီရိဝစ္စဟုသတ်မှတ်ထားပြီး၂၀၁၁ ဇန်န၀ါရီလ ထဲတွင် အစုရှယ်ယာများ ရောင်းချရန် ရည်ရွယ်ထား ကြောင်း၊ အထက်ပါ လုပ်ငန်းများအပြင် စုစုပေါင်း စီးပွားရေးလုပ်ငန်း အမျိုးအစား ၆ ခုခန့် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ရရှိတဲ့အကျိုးအမြတ်တွေကိုပါတီအတွက်ပဲမဟုတ်ဘဲပညာရေးကိစ္စတွေ၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာပါ သုံးသွားမှာပါ” ဟုလည်း ဒေါက်တာအေးမောင်က ဆိုသည်။
RNDP ပါတီသည် ကိုယ်စားလှယ် ၄၄ ဦး ၀င်ရောက်ယှဉ် ပြိုင်ခဲ့ရာ ၃၅ ဦး အနိုင်ရရှိ ခဲ့သည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)ခေါ်ကျားဖြူပါတီကလည်းကျားဖြူ အမည်ဖြင့် ကုမ္ပဏီတခု တည်ထောင်၍ ပါတီ၏ ရပ်တည်မှုကို ဆောင်ရွက်သွားရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည့် ညီလာခံ၌ ဆုံးဖြတ်ခဲ့ကြကြောင်း အဆိုပါ ပါတီ၏ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
၎င်းတို့ပါတီသည်ဒေသထွက်ကုန်ပစ္စည်းများကိုအဓိကထားကုန်သွယ်၍စီးပွားရေးလုပ်ငန်းများလုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊လုပ်ငန်းစဉ်များအားမကြာခင်အကောင်အထည်ဖော်၍အစုရှယ်ယာများ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
“ပါတီညီလာခံကနိုင်ငံရေးထက်စီးပွားရေးအကြောင်းကိုပဲဆွေးနွေးကြတာပါ။နိုင်ငံရေးကိစ္စကိုတော့ လွှတ်တော်ထဲရောက်မှပဲ ပူးပေါင်းလုပ်ဆောင်သွားမှာပါ” ဟု ပါတီ၏ ပြောခွင့်ရသူ တဦးက ဆိုသည်။
ပါတီညီလာခံအားတောင်ကြီးမြို့၌ဒီဇင်ဘာလ၁၂ရက်မှ၁၅ ရက်နေ့အထိ လုပ်ဆောင်ခဲ့ပြီး နောက်ရက်များ၌ ဗဟိုကော်မတီဝင်များကရှေ့လုပ်ငန်းစဉ်များကိုထပ်မံဆွေးနွေးခဲ့ကြကြောင်း၊ပါတီညီလာခံသို့တနိုင်ငံလုံးမှ ပါတီဝင်များ၊ကိုယ်စားလှယ်များ၊ရှမ်းတိုင်းရင်းသားများ စုစုပေါင်း၃၀၀၀န်းကျင်တက်ရောက်ခဲ့ ကြကြောင်း ၎င်းက ဆက်ပြောသည်။
အစုရှယ်ယာစုစုပေါင်း၏၇၅ရာခိုင်နှုန်းကိုရောင်းချမည်ဖြစ်ပြီးတစုလျှင်ကျပ်၁သောင်းသတ်မှတ် ထားကြောင်း၊အမြတ်ငွေများအားပါတီ၏ရပ်တည်ရေးအပြင်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟုလည်း ပါတီ ပြောခွင့်ရသူက ဆိုသည်။
SNDPပါတီသည်ရွေးကောက်ပွဲ၌ပါဝင်ခဲ့သောအကြီးဆုံးတိုင်းရင်းသားနိုင်ငံရေးပါတီတခုဖြစ်ပြီး ကိုယ်စားလှယ် ၁၅၆ ဦးဝင်ပြိုင် ခဲ့ရာ ၅၇ ဦး အနိုင်ရရှိခဲ့သည်။
ပါတီရေရှည်ရပ်တည်ရေးအတွက်တချို့ပါတီများတွင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် သတ်မှတ်ပြီးသော်လည်းတချို့မှာမူငွေကြေးမလုံလောက်သေး၍ရင်းနှီးငွေရရေးကိုအရင် လုပ်ဆောင်ရဦးမည်ဟု သိရသည်။
“ပါတီတခုရပ်တည်ဖို့ငွေရှိမှ ဖြစ်မှာပါ။ ငွေလှူမယ့် သူတွေ ရှိရင်တော့ စီးပွားရေး လုပ်ဖို့အစီအစဉ်ရှိပါတယ်။ ကျနော်တို့ပါတီမှာဘာရန်ပုံငွေမှလည်းမရှိပါဘူး”ဟုအမျိုးသားဒီမိုကရေစီအင်အားစု(NDF)၏ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။
ပါတီ ရပ်တည်ရေးအတွက် စီးပွားရေး လုပ်ရန် စဉ်းစားထားသော်လည်း မည်သည့် စီးပွားရေးလုပ်ငန်း လုပ်ရမည်ကို သေချာမသိသေးကြောင်း၊ အလှူခံရန်လည်း အစီအစဉ် မရှိသေးကြောင်း ၎င်းက ဆိုသည်။
NDFသည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှခွဲထွက်၍ ရွေးကောက်ပွဲဝင်ခဲ့သော ပါတီတခု ဖြစ်ပြီး ပါတီတွင်း၌ ငွေကြေးသုံးစွဲမှု ကိစ္စနှင့် ပတ်သက်၍ ပြဿနာများ ဖြေရှင်းခဲ့ရသော ပါတီတခုဖြစ်သည်။
NDFရွေးကောက်ပွဲဝင်နိုင်ရေး၊ပါတီရပ်တည်ရေးအတွက်စစ်အစိုးရနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖံွ့ပါတီ)တို့ကနောက်ကွယ်မှငွေကြေးထောက်ပံ့ပေးနေသည်ဟုသတင်း များထွက်ပေါ်နေခြင်းကို အဆိုပါ ပါတီ ခေါင်းဆောင်များက မဟုတ်မမှန်ကြောင်း ငြင်းဆိုသည်။
၎င်းပါတီသည် ရွေးကောက်ပွဲ၌ တတိယ အင်အားအများဆုံးပါတီအဖြစ် ကိုယ်စားလှယ် ၁၆၁ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁၅ ဦး အနိုင်ရရှိ ခဲ့သည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ)ကလည်းပါတီရပ်တည်ရေးအတွက်စီးပွားရေးလုပ်ငန်းလုပ်ရန် စီးပွားရေးနားလည် တတ်ကျွမ်းသည့် ပညာရှင်များနှင့် ဆွေးနွေးနေကြောင်း ၎င်းပါတီ ဥက္ကဋ္ဌ ဦးသုဝေ က ဧရာဝတီကို ပြောသည်။
“ဘယ်လိုစီးပွားရေး လုပ်မယ်ဆိုတာ မကြာခင်သိရမှာပါ။ စာစောင်ထုတ်တာနဲ့ တခြား လုပ်ငန်းတွေ ပါနိုင်ပါတယ်” ဟု ဦးသုဝေက ဆိုသည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ဘဏ္ဍာငွေရရှိရေးကိုလည်းသက်ဆိုင်ရာမြို့နယ်၊ရပ်ကွက် ကိုယ်စားလှယ်များက လုပ်ဆောင်နေခြင်းများ ရှိကြောင်း ၎င်းက ဆက်ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော နိုင်ငံရေးပါတီများသည် ၎င်းတို့၏ပါတီ ရေရှည်ရပ်တည်နိုင်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ရေးတို့အတွက် ငွေကြေး အခက်အခဲများနှင့် ရင်ဆိုင်နေကြရသော်လည်း စစ်အစိုးရ ကျောထောက်နောက်ခံပြုထားသည့် ကြံ့ဖွံ့ပါတီကမူ မည်သည့်စီးပွားရေး လုပ်ငန်းမှ လုပ်ဆောင်ရန် မလိုကြောင်း၊ ၎င်းတို့ပါတီတွင် ငွေကြေး အပြည့်အ၀ ရှိကြောင်း ရွေးကောက်ပွဲ အနိုင်ရထားသည့် ကြံ့ဖွံ့ကိုယ်စားလှယ် တဦးက ဆိုသည်။
“ကျနော်တို့ပါတီကိုယ်စားလှယ်တွေကငွေကြေးပြည့်စုံသူတွေများပါတယ်။ပါတီရန်ပုံငွေလည်း အလုံအလောက်ရှိတယ်။ အလှူခံစရာ မလိုပါဘူး” ဟုလည်း ၎င်းက ပြောသည်။
ကြံ့ဖွံ့ပါတီသည်ရွေးကောက်ပွဲ၌ပါဝင်ခဲ့သောပါတီ၃၇ခုအနက်အင်အားအကြီးဆုံးပါတီဖြစ်ပြီး လွှတ်တော်သုံးရပ်စလုံး၏မဲဆန္ဒနယ်၁၁၅၄နေရာတွင်၈၈၂နေရာအနိုင်ရထားသည်ဟု ထုတ်ပြန်ကြေညာထားသည်။

Geen opmerkingen: