မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 16 december 2010

စစ်အစိုးရတပ်များရှမ်းပြည်မြောက်ပိုင်း၌စစ်ရေးမငြိမ်သက်မှုပိုလာ

သန်းထိုက်ဦး Thursday, 16 December 2010 17:27
.ရှမ်းပြည်မြောက်ပိုင်းတန့်ယန်းမြို့နယ်ဒေသများတွင်နအဖစစ်အစိုးရတပ်များကပြည်သူ့စစ်များနှင့် ပူးပေါင်း၍ ယခုရက်ပိုင်း အတွင်း စစ်ရေးအရ ပို၍လှုပ်ရှား လာကြောင်းရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA -S)မှ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်း က ဧရာဝတီ သို့ ပြောသည်။
စစ်အစိုးရအနေဖြင့်နယ်ခြားစောင့်တပ်လက်မခံသောရှမ်းပြည်တပ်မတော်-မြောက်ပိုင်း(SSA-N)ကို စစ်ရေးအရ ဖိအား ပေးရန် စစ်အင်အား တိုးချဲ့၍ လှုပ်ရှားနေကြောင်း ဆိုသည်။
“တန့်ယန်းဘက်မှာဆိုရင်ဗိုလ်မွန်းပြည်သူ့စစ်တို့၊နောက်ပြီးတော့လားမားပြည်သူ့စစ်တို့အဲဒီလို အဖွဲ့တွေရှိတယ်၊ အရင် တုန်းကလည်းသူတို့ကနအဖနဲ့ပူးပေါင်းပြီးတော့ ကိုးကန့်ကို သွားတိုက်တုန်းကလည်း ပါတယ်။ ဆိုတော့အဲဒီနောက်ပိုင်းရှမ်းပြည်မြောက်ပိုင်း ဘက်မှာဆိုရင် အစိုးရဘက်က စစ်ရေးတိုးချဲ့ပြီးတော့ လှုပ်ရှားတာတွေ ပိုများလာတယ်”ဟု စိုင်းလောင် ဆိုင်းက ဆက်ပြောသည်။
နအဖ တပ်များသည် ကချင် လွတ်မြောက်ရေး တပ်မတော်(KIA)အပါအဝင် နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ငြင်းဆန်နေဆဲဖြစ် သည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊(SSA-N)၏ တပ်မဟာ (၁) တို့နှင့်လည်း စစ်ရေး တင်းမာမှု များ ရှိနေကြောင်း သိရှိရသည်။
SSA မြောက်ပိုင်း အပါအ၀င် မိုင်းလား တပ်ဖွဲ့ (NDAA)နှင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) တို့က စစ် အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန်ထားသည်။
အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များက စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ရန် ငြင်းဆန် ကာ လက်ရှိအခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ငြင်းဆန်မှုကြောင့် စစ်ရေးအရ တင်းမာမှုများ ပေါ်ပေါက်နေခြင်း ဖြစ်ကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။
ရှမ်းပြည်နယ် လားရှိုးနှင့် တန့်ယန်း ဒေသများတွင်ရှိသော ပြည်သူ့စစ်ကို လက်နက်တပ်ဆင်ပေးရန် ၎င်းတို့၏ ခေါင်းဆောင်များ နှင့် စစ်အစိုးရက ယခုရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။
“ဒေသခံပြည်သူ့စစ်အဖွဲ့တိုင်းလိုလို၂၁ဖွဲ့လောက်အစည်းအဝေးခေါ်ပြီးတော့အင်အားတွေသုံးဖို့ ပြင်ဆင်မှုတွေ လုပ်နေ တယ်”ဟု ၎င်းက ဆိုသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၊ ၀မ်လဲရွာ ဒေသ တ၀ိုက်တွင် အခြေစိုက်သော နအဖ တပ်နှင့် SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များ ယခုရက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်က ၂ ဦး ကျဆုံး၍ ၂ ဦး ဒဏ်ရာရရှိသွားကြောင်းလည်း ဦးစိန်ကြည်က ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့သည် စစ်ရေးအရ ပူးပေါင်းလုပ်ဆောင်မှုများ တိုးမြှင့်သွားရန် ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ(၄)အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA) ဌာနချုပ်တည်ရှိရာ မိုင်းလားမြို့တွင် အလွတ်သဘော ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယခင် ရက်သတ္တပတ်က မိုင်းလားမြို့တွင် ပြုလုပ်သည့် ရှမ်းနှစ်သစ်ကူးပွဲတော်၌ ယင်းကဲ့သို့ ဆွေးနွေးကြခြင်း ဖြစ်သည်။
ထိုဆွေးနွေးပွဲတွင် NDAA ခေါင်းဆောင်များ၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၏ ဒုတိယ ခေါင်းဆောင် ကျောက်ကြုံးတန်းနှင့် အဖွဲ့၊ အပစ်ရပ် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

Geen opmerkingen: