မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 8 december 2010

သံဃာတော်များကိုဒေါ်အောင်ဆန်းစုကြည်သင်္ကန်းကပ်လှူ

ဧရာဝတီ Wednesday, 08 December 2010 14:01
.ရန်ကုန်ရွှေဂုံတိုင်မြို့နယ်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးချုပ်၌ယနေ့နံနက်၈နာရီတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLDအဖွဲ့ဝင်များက သံဃာတော်များနှင့် သီလရှင်များကို သင်္ကန်းနှင့် ၀တ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
                               ဒေါ်အောင်ဆန်းစုကြည်သံဃာတော်များကိုသင်္ကန်းကပ်လှူစဉ်(ဓာတ်ပုံ-ဧရာဝတီ)
အဆိုပါ လှူဒါန်းပွဲသို့ ပင့်ဖိတ်ထားသော သံဃာတော်များအပြင် တခြားသော ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များစွာ ကြွရောက် လာမှုကြောင့် စီစဉ်ထားသော သင်္ကန်း အရေအတွက် မလောက်မင ဖြစ်ခဲ့ပြီး သံဃာတော် အပါး ၁၅၀ ကိုသာ သင်္ကန်းများ ကပ်လှူနိုင် ခဲ့ကြောင်း၊ သင်္ကန်း မကပ်လှူနိုင်သော သံဃာတော်များကို ဖိနပ်နှင့် ၀တ္ထုငွေများ ကပ်လှူခဲ့ ရကြောင်း NLD လူငယ်အဖွဲ့ဝင် တဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သံဃာတော် ၁၅၀ ကို သင်္ကန်းများကပ်လှူရန် NLDရုံး အနီးအနားရှိ ဘုန်းကြီးကျောင်းများကို လိုက်လံပင့်ဖိတ်ခဲ့သော်လည်း ယနေ့တွင် ရန်ကုန်မြို့တမြို့လုံးရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်များ၊ သာမဏေ များနှင့် သီလရှင်များစွာ ကြွရောက်ခဲ့ကြောင်း NLD ဗဟိုကော်မတီဝင် တဦးဖြစ်သူ ဦးဝင်းထိန်က ပြောသည်။
ယနေ့ လှူဒါန်းပွဲသို့ NLDရုံးရှေ့တွင် အပတ်စဉ် အင်္ဂါနေ့တိုင်း ဆွမ်းခံကြွလေ့ ရှိသည့် သံဃာတော် ၇၈၅ ပါးနှင့် သီလရှင် ၁၁၉ ပါးကြွရောက်ခဲ့သည်ဟု သူက ပြောသည်။
ယနေ့လှူဒါန်းမှု မပြုလုပ်မီ ၁ ပတ်အလိုကတည်းကNLDရုံးချုပ်ရှေ့နှင့် ရွှေတိဂုံ စေတီတော် အနီးတဝိုက်တွင် သံဃာ တော်များကြွရောက်ပါရန် ပင့်ဖိတ်ထားသည့် ကြော်ငြာစာရွက်များ လိုက်လံကပ်ခဲ့သည်ဟု သိရသည်။

Geen opmerkingen: