မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 8 december 2010

အတိုက်အခံကိုပေးမည့်နိုဗဲလ်ဆုပေးပွဲတရုတ်အစိုးရမတက်

ရန်ပိုင် Wednesday, 08 December 2010 18:06
.နိုဗဲလ်ငြိမ်းချမ်းရေးဆုရတရုတ်အတိုက်အခံလျိုရှောင်ပေါ(LiuXiaobo) အား ဆုချီးမြင့်သည့် အခမ်းအနားကို တရုတ်နိုင်ငံနှင့် တခြားသော နိုင်ငံပေါင်း ၁၈ နိုင်ငံက တက်ရောက်ရန် ငြင်းဆို ထားသည်ဟု နိုဗဲလ်ဆု ချီးမြှင့်ရေး ကော်မတီက ပြောဆိုခဲ့ကြောင်း အေပီ သတင်းတွင် ယနေ့ ဖော်ပြထားသည်။
                                     ၂၀၁၀ပြည့်နှစ်နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်လျိုရှောင်ပေါ(ဓာတ်ပုံ-GettyImage)
လျိုရှောင်ပေါအား ထောက်ခံ သူများကို “ပြက်ရယ်ပြုစရာ လုပ်နေသူတွေ” ဟု တရုတ်အစိုးရက တိုက်ခိုက် ပြောဆိုခဲ့ပြီး ထိုသို့ ဆု ချီးမြှင့်၍ အသိအမှတ် ပြုခြင်းသည် တရုတ်နိုင်ငံ၏ နိုင်ငံရေးနှင့် တရားစီရင်ရေးကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ပြင်ပ အင်အားစု များကြောင့် တရုတ်နိုင်ငံ ၏ မူဝါဒ များသည် ယိမ်းယိုင်သွားမည်မဟုတ်ကြောင်း တရုတ်အစိုးရက ပြောဆိုသည်ဟုလည်း ရေးသား ထားသည်။
တရုတ်နိုင်ငံခြားရေး ၀န်းကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Jian Yu က နိုဗဲလ်ဆု ရွေးချယ်ရေး ကော်မတီကိုလည်း တရုတ် ဆန့်ကျင်ရေး ပူးပေါင်း ဆောင်ရွက်နေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။
“ဒီလို ၀င်ရောက် စွက်ဖက်မှုတွေကြောင့် တရုတ်နိုင်ငံ အနေနဲ့ ပြောင်းလဲမှုတွေ ရှိမှာမဟုတ်ဘူး”ဟုလည်း JianYu က ပြောသည်။
ထိုအခမ်းအနား တက်ရောက်ရန် နိုင်ငံပေါင်း ၆၅ နိုင်ငံမှ သံရုံးများကို ဖိတ်ကြားခဲ့ရာ ၄၄ နိုင်ငံက ဖိတ်ကြားခြင်းကို လက်ခံခဲ့သည်။
ယင်းအခမ်းအနားသို့ တရုတ်နိုင်ငံနှင့် ရုရှား၊ ဆော်ဒီအာရေးဗီးရား ၊ ပါကစ္စတန်၊ အီရန်၊ အီရတ်၊ ကာဇက်စတန်၊ ကိုလံဘီယာ၊ တူနီးရှား၊ ဆားဘီးယား၊ ဗီယက်နမ်၊ အာဖဂန်နစ္စတန်၊ ဗင်နီဇွဲလား၊ ဖိလစ်ပိုင်၊ ယူကရိန်း၊ အီဂျစ်၊ ဆူဒန်၊ မော်ရိုကို၊ကျူးဘား စသည့် နိုင်ငံများက တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။
သီရိလင်္ကာနှင့် အယ်လ်ဂျီးရီးယားနိုင်ငံ တို့မှာမူ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း၊ အိန္ဒိယ၊ တောင်အာဖရိက၊ ဘရာဇီးလ် နှင့် အင်ဒိုနီးရှားနိုင်ငံ တို့ကမူ တက်ရောက်မည်ဟု အေပီ သတင်းတွင် ဖော်ပြထားသည်။
ထို့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စ နာဗီ ပီလေး လည်း ယင်းအခမ်းအနားသို့ တက်ရောက်မည်မဟုတ် ဟု သိရသည်။
အသက် ၅၄ နှစ် ရှိ ငြိမ်းရေးနိုဗဲလ်ဆုရရှိသူ လျိုရှောင်ပေါသည် ၁၉၈၉ ခုနှစ် တီယန်နန်မင် ရင်ပြင် ဆန္ဒပြမှုတွင် ကျောင်းသား ခေါင်းဆောင် တဦးအဖြစ် ပါဝင်ခဲ့ပြီး တခြားသော ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင်လည်း ပါဝင်ခဲ့သည့်အတွက် တရုတ်အာဏာပိုင် များ၏ မကြာခဏ ဖမ်းဆီး ထောင်ချ ခံရသူဖြစ်သည်။
လျိုရှောင်ပေါသည် ၂၀၀၈ ခုနှစ်က ဘေဂျင်း အိုလံပစ်ပွဲတော်အချိန်၌ တရုတ်ကွန်မြူနစ်ပါတီ၏ တပါတီ အာဏာရှင်စနစ်ချုပ် ငြိမ်း ရေး အပါအ၀င် အာဏာရှင်ဆန်သော အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရန်အတွက် တရုတ်ထိပ်တန်းပညာရှင် ၁၀၀၀၀ ကျော်က လက် မှတ်ရေးထိုး တောင်းဆိုခဲ့ရာတွင် ခေါင်းဆောင်ခဲ့သောကြောင့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရသည်။
လျိုရှောင်ပေါသည် ၂၀၀၄ ခုနှစ်တွင် နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ သတင်းလွတ်လပ်ခွင့် ကြိုးပမ်းမှုဆု ရရှိခဲ့သည်။
၁၉၅၅ ခုနှစ်တွင် မွေးဖွားခဲ့သော လျိုရှောင်ပေါသည် ရသစာပေနှင့် ဝိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့များရရှိခဲ့ပြီး ဧည့်ပါမောက္ခ အနေ နှင့် တရုတ်နိုင်ငံ တက္ကသိုလ်များအပြင် ကိုလံဘီယာ တက္ကသိုလ်၊ အော်စလို တက္ကသိုလ်၊ ဟာဝိုင်ယီ တက္ကသိုလ်များသို့ သွား ရောက်ခဲ့သည်။
ငြိမ်းချမ်းရေးနိုဗဲလ်ဆု ကြေညာပြီးကတည်းက လျိုရှောင်ပေါ၏ ဇနီး (LiuXia)ကို တရုတ်အာဏာပိုင်တို့က နေအိမ် အကျယ်ချုပ် ချထားခဲ့ပြီး လျိုရှောင်ပေါ၏ မိတ်ဆွေများနှင့် ထောက်ခံသူများကိုလည်း တရုတ်နိုင်ငံမှ ထွက်ခွာခွင့် ပိတ်ပင်ထားခဲ့သည်။
တရုတ်အာဏာပိုင်များက လျိုရှောင်ပေါအား နိုဗဲလ်ဆု ချီးမြှင့်ရေး ကော်မတီက ငြိမ်းချမ်းရေး နိုဗဲလ်ဆုပေးအပ်ခဲ့ခြင်းကို တုံ့ပြန် သည့် အနေဖြင့် “ကွန်ဖြူးရှပ် ငြိမ်းချမ်းရေး ဆု”ဟု ဆုတမျိုး တီထွင်ပြီး ချီးမြှင့်ရန် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့ထုတ် တရုတ် ကွန်မြူနစ်ပါတီ စာစောင် တစောင်တွင် ရေးသားထားသည်။
“ကွန်ဖြူးရှပ် ငြိမ်းချမ်းရေး”ဆု ကော်မတီ ဥက္ကဋ္ဌ TanChangLiuကမူ ယခုပေးအပ်မည့် ဆုမှာ အစိုးရနှင့် မပတ်သက်ကြောင်း သို့သော် တရုတ်နိုင်ငံ ယဉ်ကျေးမှု ၀န်ကြီးဌာန နှင့် ပူးပေါင်း ဆောင်ရွက်မှု ရှိကြောင်းပြောသည်။
ထိုင်ဝမ် ဒု သမ္မတဟောင်း LienChan အား တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်နိုင်ငံအကြား ငြိမ်းချမ်းရေးတံတား တည်ဆောက်နိုင်ခဲ့ သည့် အတွက် အဆိုပါ “ကွန်ဖြူးရှပ် ငြိမ်းချမ်းရေး”ဆုကို ပေးအပ်ခဲ့သည်ဟု သိရသည်။
အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၊ တောင်အာဖရိက သမ္မတဟောင်း နဲလ်ဆင် မင်ဒဲလား၊ အမေရိကန် သန်းကြွယ်သူဌေး ဘီလ်ဂိတ်၊ ပါလက်စတိုင်း သမ္မတ မာမွတ်အာဘတ်စ် နှင့် တရုတ်အစိုးရ သဘောကျ တင်မြှောက်ထားသည့် တိဘက် ဘာသာရေး ခေါင်းဆောင် ပန်ချန် လားမား တို့ကိုလည်း ဆုရွေးချယ်ရန် ရာထားခဲ့သည်။
အင်္ဂလန်နိုင်ငံအောက်စ်ဖို့တက္ကသိုလ်ရှိတရုတ်ပညာရှင်စတိဗ်ဆန်(SteveTsang)ကမူ တရုတ်အစိုးရအနေဖြင့် နိုဗဲလ်ဆု ချီးမြှင့် ရေးကော်မတီက လျိုရှောင်ပေါအား ငြိမ်းချမ်းရေးနိုဗဲလ်ဆု ပေးအပ်ခဲ့မှုအပေါ်တွင် မကျေနပ်သည့်အတွက် “ကွန်ဖြူးရှပ် ငြိမ်းချမ်း ဆု”ဟု ဆိုကာ အလောတကြီး ဖန်တီးခဲ့ခြင်း ဖြစ်ပုံရကြောင်း၊ ထို့ကြောင့် ကွန်ဖြူးရှပ် ၀ါဒ၏ အနှစ်သာရမှာ ပျက်စီးသွားကြောင်း ပြောဆိုသည်။
နိုဗဲလ်ငြိမ်းချမ်းရေးဆုကို မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်၊ တောင်အာဖရိက သမ္မတဟောင်း နဲလ်ဆင်မင်ဒဲလား၊ ဘုန်းတော် ကြီး ဒက်စ်မွန် တူးတူး၊ တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားတို့လည်း ရရှိထားသည်။

Geen opmerkingen: