မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 21 december 2010

မြန်မာကထိုင်းကို၎ဂိုးသုညဖြင့်ရှုံး

ဟိန်းသူ Tuesday, 21 December 2010 18:26
.၁၅ ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးပွဲစဉ်တွင် ယနေ့ ကျင်းပသည့် ဆီမီးဖိုင်နယ် အဆင့်၌ မြန်မာအသင်းက အိမ်ရှင် ထိုင်းအသင်းအား ၄ ဂိုး သုညဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့သည်။
၁၅ကြိမ်မြောက်အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲဘောလုံးပွဲစဉ်ဆီမီးဖိုင်နယ်တွင်မြန်မာ(အနီ)နှင့် ထိုင်း(အပြာ)တို့ ပွဲမစခင်နှုတ်ဆက်နေကြစဉ်(ဓာတ်ပုံ-ဧရာဝတီ)
ယင်း တက္ကသိုလ်အဆင့် အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဒီဇင်ဘာ ၁၅ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။
မြန်မာအသင်းအနေဖြင့် ဗိုလ်လုပွဲသို့တက်ရောက်ခွင့် မရတော့သောကြောင့် တတိယနေရာအတွက်သာ အာရုံစိုက် ရတော့မည်ဖြစ်ကြောင်း အားကစားပွဲသို့ လိုက်ပါလာသည့် မြန်မာအသင်းနည်းပြ ဦးဇော်မင်းက ပြောသည်။
“တတိယနေရာအတွက် မျှော်လင့်ထားပါတယ်။ ဒီပွဲမှာ ကျနော်တို့အသင်း အစစအရာရာ မယှဉ်နိုင်ခဲ့လို့ အခုလိုရှုံးနိမ့်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။
ဘောလုံးပွဲသို့ လာရောက်ကြည်ရှုသည့် မြန်မာပရိသတ်တဦးကလည်း မြန်မာအသင်းသည် အသင်းအလိုက် စုစည်းမှု အားနည်းခြင်း၊ ဘောလုံး ကျွမ်းကျင်မှုပိုင်း အားနည်းခြင်း၊ နည်းဗျူဟာပိုင်း အားနည်းခြင်းတို့ကြောင့် ထိုင်းအသင်းကို မယှဉ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။
ဝါရင့်အားကစားကလောင်ရှင်ခင်မောင်ထွေး(ပျဉ်းမနား)ကမူ ထိုင်းအသင်းကဲ့သို့ မြန်မာအသင်းမှာ နှစ်ရှည်စီမံကိန်းဖြင့်ဘောလုံးသမားများကိုမွေးထုတ်ထားခြင်းမဟုတ်ကြောင်း၊ထို့ကြောင့် မယှဉ်နိုင်ခြင်းဖြစ်ကြောင်း သုံးသပ်သည်။
                                                                            မြန်မာဘောလုံးအသင်း(ဓာတ်ပုံ-ဧရာဝတီ)
မြန်မာတက္ကသိုလ်များ ဘောလုံးအသင်းကို အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ၂ သင်း ရွေးချယ်ကာ ယှဉ်ပြိုင် စေခဲ့ပြီး အကောင်းဆုံး ကစားသမားများကို ယခုပြိုင်ပွဲအတွက် ခေါ်ယူသွားခြင်း ဖြစ်ကြောင်း ဦးခင်မောင်ထွေးက ရှင်းပြသည်။
ဆီမီးဖိုင်နယ် ဘောလုံးပြိုင်ပွဲသို့ ထိုင်းပရိသတ် အနည်းငယ်သာ လာရောက် အားပေးသော်လည်း မြန်မာပရိသတ်များမှာ အထူးတန်းပွဲကြည့်စင် အပြည့် လာရောက်အားပေးခဲ့သည်ကို တွေ့ရသည်။
အာဆီယံ တက္ကသိုလ်အဆင့် အမျိုးသား ဘောလုံးပြိုင်ပွဲသို့ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယား စုစုပေါင်း ၇ နိုင်ငံ ၀င်ရောက်ယှဉ်ပြိုင်ပြီး အဆင့် ၁ မှ ၄ အတွင်း ၀င်သော အသင်းများမှာ ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်ခွင့် ရခဲ့သည်။
မြန်မာအသင်းမှာ အုပ်စုအဖွင့် ပွဲစဉ်တွင် လာအိုအသင်းအား ၂ ဂိုး -၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲစဉ်တွင် မလေးရှား အသင်းအား ၁ ဂိုး-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ နောက်ဆုံး ပွဲစဉ်တွင် မြန်မာအသင်းက စင်ကာပူအသင်းနှင့် ဂိုးမရှိ သရေကျခဲ့သည့် အတွက်ကြောင့် ဇယားအဆင့် ၃ နေရာ ရရှိခဲ့၍ ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်ခွင့် ရခဲ့ခြင်းဖြစ်သည်။
တခြားသောဆီမီးဖိုင်နယ်ပွဲစဉ်တွင်လာအိုအသင်းကဗီယက်နမ်အသင်းအား၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် မြန်မာအသင်းမှာ ဗီယက်နမ်အသင်းနှင့် တတိယနေရာ လုရမည်ဖြစ်သည်။
   ဘောလုံးပွဲအားပေးသည့်အထဲတွင်မြန်မာပရိသတ်ကဤသို့ပိုများကြောင်းတွေ့ရသည်(ဓာတ်ပုံ-ဧရာဝတီ)
ဗိုလ်လုပွဲနှင့်တတိယလုပွဲကိုအားကစားပွဲနောက်ဆုံးရက်ဖြစ်သောဒီဇင်ဘာ၂၃ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ဆုပေးပွဲပါ တခါတည်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ချင်းမိုင်မြို့တွင်ကျင်းပသည့် အားကစား ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက် ခဲ့ပြီး ယခုဘောလုံးပွဲကိုလည်း လာရောက် အားပေးသွားခဲ့သည်ကို တွေ့ရသည်။
ယခု ဘောလုံးပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ လာအို၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနှင့် အရှေ့တီမောနိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
အာဆီယံ တက္ကသိုလ်များ အားကစားပွဲတွင် စုစုပေါင်း အားကစားနည်း ၁၆ မျိုး ယှဉ်ပြိုင်သော်လည်း မြန်မာနိုင်ငံမှ ကစားနည်း ၈ မျိုးသာ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ပြိုင်ပွဲများတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ တက္ကသိုလ်အဆင့် ကျောင်းသူ/ ကျောင်းသား အားကစားသမား ၂၀၀၀ ခန့် လာရောက် ယှဉ်ပြိုင်ခဲ့သည်။
မြန်မာနိုင်ငံမှာ ယခုယှဉ်ပြိုင်လျက်ရှိသည့် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိမှု၌ အဆင့် ၉ နေရာတွင် ရပ်တည်နေပြီး အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု တဆုသာ ရရှိထားသည်။
ဆုတံဆိပ် ရရှိမှုဇယားထိပ်ဆုံးတွင် အိမ်ရှင် ထိုင်းအသင်းက စုစုပေါင်း ဆုတံဆိပ် ၈၂ ခု ဖြင့်ရပ်တည်နေပြီး အင်ဒိုနီးရှားနိုင်ငံမှာ စုစုပေါင်း ဆုတံဆိပ် ၇၂ ခုဖြင့် ဒုတိယ၊ မလေးရှားအသင်းက စုစုပေါင်း ဆုတံဆိပ် ၆၄ ခုဖြင့် တတိယနေရာ၌ ရပ်တည် နေကြသည်။

Geen opmerkingen: