မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 15 december 2010

အရပ်ဘက်သုံးအင်တာနက်များဆက်လက်နှေးမည်

နရီလင်းလက် Wednesday, 15 December 2010 17:48
.စစ်အစိုးရထိန်းချုပ်ထားသောအင်တာနက်သည်ပြီးခဲ့သည့်လများအတွင်းကDistributedDenialofService(DDoS)ဖြင့်အပြင်းအထန်အတိုက်ခံရပြီးနောက်ပြန်လည်ပြင်ဆင်ထားသော်လည်း အင်တာနက်လိုင်းများ နှေးကွေးနေဦးမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းပြင်ဦးလွင်မြို့တွင်ရှိသောရတနာပုံတယ်လီပို့အဆောက်အအုံ။(ဓာတ်ပုံ-theingara.blogspot.com)
ရတနာပုံတယ်လီပို့မှ ဝန်ထမ်းတဦးက “ပြည်ပက ရောက်လာတဲ့ စက်တွေသုံးပြီး အင်တာနက် ပြန်သုံးလို့ ရအောင် လုပ်ပြီးသွားပြီ။ ဒါပေမယ့် တိုက်တဲ့ဘက်ကနေ အလိုအလျောက် စနစ်မျိုးပေးထားတော့ နေ့တိုင်းအတိုက်ခံနေရသလို ဖြစ်ပြီး ကွန်နက်ရှင်က ပြန်ပြန် ကျသွားတာ” ဟု ပြောသည်။
၎င်းက ဆက်လက်၍ “DDoSကို ကာကွယ်ဖို့ AntiDDoSစနစ်တွေ ထပ်ရောက်လာပြီး လိုအပ်တဲ့ ပညာရှင်တွေနဲ့ ပေါင်းလုပ်နိုင်မယ်ဆိုရင်တော့ တဖက်က လာတိုက်လည်း ခုခံနိုင်သွားပြီ။ ဒါဆို အင်တာနက်လိုင်းတွေလည်း မကျတော့ဘူး” ဟု ပြောသည်။
နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီက တိုက်ခိုက်ခံရမှုမှာ 14Gbpsပမာဏအထိ ပြင်းထန်ခဲ့ကြောင်း အင်တာနက်လုံခြုံရေး အဖွဲ့များ၏ လေ့လာဖော်ပြချက်အရ သိရသည်။
ရတနာပုံ တယ်လီပို့မှ တာဝန်ရှိသူများ၏ အဆိုအရ WebPortalသို့မဟုတ် WebServerသို့မဟုတ် ISP များ၏ DNSServerများကဲ့သို့ ဝန်ဆောင်မှုများကို တိုက်ခိုက်ခြင်း မဟုတ်ကြောင်း၊ အင်တာနက် သုံးစွဲမူ ရပ်ဆိုင်းစေရန် တမင်ရည်ရွယ်၍ ပြည်ပမှ တိုက်ခိုက်နေခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတော် ဆိုက်ဘာ ခြိမ်းခြောက်မှု အဆင့် ဖြစ်သည်ဟု ဆိုသည်။
“အခုအချိန်မှာ Gtalk ရယ်၊ Facebook ရယ်သုံးလို့ရတယ်။ Gmail ကတော့ တော်တော်နှေးနေတယ်” ဟု ရန်ကုန်မြို့မှ အင်တာနက် သုံးစွဲသူတဦးက ပြောသည်။
အရပ်သုံး အင်တာနက်ဆိုင်များ၊ ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်များ၊ ကုမ္ပဏီကြီးများတွင် အင်တာနက် နှေးကွေးမှု၊ မကြာခဏ ပြတ်တောက်မှုများ ဖြစ်နေသော်လည်း စစ်အစိုးရ၏ နေပြည်တော်နှင့် ၀န်ကြီးဌာနများတွင်မှု ကောင်းမွန်လျက်ရှိကြောင်း နေပြည်တော်မှ ဝန်ထမ်းတဦးက ပြောသည်။
၂၀၁၀ နှစ်ကုန်ပိုင်းတွင် စတင်ပြောင်းလဲလိုက်သောစနစ်အရမြန်မာပြည်ISPတွင် စာတိုက်နှင့်ကြေးနန်းဌာန ISP နှင့် ကာကွယ်ရေး ဝန်ကြီးဌာနသုံး ISP ဟူ၍ နှစ်ခုရှိကြောင်း၊ စာတိုက်နှင့် ကြေးနန်းဌာန ISP တွင် ရတနာပုံနှင့် နေပြည်တော်ဟူ၍ နှစ်ခု ထပ်ခွဲထားကြောင်း၊ ရတနာပုံ ISPက အများပြည်သူသုံး အင်တာနက်ကို ဝန်ဆောင်မှုပေးပြီး နေပြည်တော် ISPက အစိုးရဌာနသုံး အင်တာနက် ဝန်ဆောင်မှု ပေးထားကြောင်း မြန်မာသတင်းသမဂ္ဂက ပြုစုသော “အမျိုးသားအဆင့် ရတနာပုံ WebPortal– ဖွံ့ဖြိုးမှုလော၊ ဖိနှိပ်မှုလော” ဟူသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
နိုဝင်ဘာ ၁၃ ရက်နေ့က ရတနာပုံ ၀က်ဘ်ပေါ်တယ်လ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစကားကို ဟက်ကာများက တင်သွားပြီးနောက် အဆိုပါဝက်ဘ်ဆိုဒ် ၃ ရက်ခန့် လုံးဝ ပိတ်သွားခဲ့သည်။
အင်တာနက်လုံခြုံရေးအတွက် စစ်အစိုးရက အမေရိကန်ဒေါ်လာ ၈ သန်း အကုန်အကျခံ ရင်းနှီးထားကြောင်း၊ ပြီးခဲ့သည့် လအတွင်းက အင်တာနက် လုံးဝ ပြတ်တောက်မှုများကြောင့် ခရီးသွားလုပ်ငန်းများအပါအ၀င် စီးပွားရေးလုပ်ငန်းများ ဒေါ်လာ သန်း ၂၀ ခန့် ဆုံးရှုံးနစ်နာသွားကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြထားသည်။

Geen opmerkingen: