မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 9 september 2010

တရုတ်နှင့်မြန်မာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

NEJ / ၀၉ စက်တင်ဘာ ၂၀၁၀
တရုတ်နှင့် မြန်မာနိုင်ငံတို့သည် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း တရုတ်သမ္မတ ဟူကျင်းတောင်နှင့် မြန်မာနအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ယမန်နေ့ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း ချိုင်းနားဒေလီးသတင်းတွင် ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် တရုတ်နိုင်ငံက အထူးအလေးထား ဆက်ဆံပါကြောင်း တရုတ်သမ္မတက မြန်မာဗိုလ်ချုပ်မှူးကြီးအား ပြောကြားခဲ့သည်ဟုလည်း သိရသည်။
“တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနဲ့ ချစ်ခင်ရင်းနှီးမှု တည်တံ့တိုးမြှင့်သွားရေးဟာ တရုတ်နိုင်ငံရဲ့ ခိုင်မာတဲ့ မူဝါဒဖြစ်ပါတယ်။ နိုင်ငံတကာ အခြေအနေတွေ ပြောင်းလဲသွားနိုင်ပေမယ့် ဒီမူဝါဒက ပြောင်းလဲသွားမှာမဟုတ်ပါဘူး” ဟု မစ္စတာ ဟူကျင်းတောင်က တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာ့သွင်းကုန်များကို တိုးမြှင့်လက်ခံလိုပြီး မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများလည်း တရုတ်ဈေးကွက်အတွင်း ပိုမိုရင်းနှီးမြှပ်နှံရန် ဖိတ်ခေါ်ကြိုဆိုပါကြောင်း၊ စွမ်းအင်နှင့်တည်ဆောက်ရေးလုပ်ငန်းများ အပါအ၀င် အခြားစီမံကိန်းများတွင်လည်း နှစ်နိုင်ငံအကျိုးရှိရှိ ပိုမိုပူးပေါင်းလုပ်ဆောင်သွားကြမည်ဟုလည်း တရုတ်သမ္မတက ပြောကြားသည်ဟု သတင်းတွင် ဖော်ပြသည်။
ရေရှည်မူဝါဒတရပ်ဖြစ်သည့် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှု မပျက်ပြားစေရေးအတွက် မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်းမှု ရှိစေရန် မြန်မာအစိုးရအနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရာသီဥတုအပြောင်းအလဲဖြစ်ခြင်းနှင့် အခြားအရေးကြီးကိစ္စများတွင် တရုတ်နိုင်ငံ၏ ရပ်တည်ဆောင်ရွက်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကျိုးပြုအလေးထားစရာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။
မြန်မာအစိုးရအနေဖြင့် တရုတ်တနိုင်ငံတည်း ပေါ်လစီကို ကိုင်ဆွဲသွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ထပ်လောင်းပြောဆိုခဲ့သည်။
မြန်မာနှင့်တရုတ်နိုင်ငံတို့သည် တနိုင်ငံနှင့်တနိုင်ငံ အားပေးထောက်ခံကာ နှစ်ပေါင်းများစွာ နားလည်မှုရှိခဲ့ကြပြီး နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်မှာ နှစ် (၆၀) ပြည့်ခဲ့ပြီဖြစ်သည်။

Geen opmerkingen: