မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 26 oktober 2010

နယ်စပ် ပိတ်မှု ဘတ် သန်း ၇၀၀၀ ကျော် ထိခိုက်

သန်းထိုက်ဦး Tuesday, October 26, 2010
.မြန်မာ စစ်အစိုးရက ထိုင်း-မြန်မာ နယ်စပ် မဲဆောက်- မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားဂိတ်ကို ၃လကျော်ကြာ ပိတ်ထား သောကြောင့် ထိုင်းနိုင်ငံအနေဖြင့် ဘတ်ငွေ သန်း၇၂၀၀ ခန့် ထိခိုက်နစ်နာကြောင်း တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ BunpotKokiatcharoneက ယနေ့ ဧရာဝတီသို့ ပြောသည်။
“ရွေးကောက်ပွဲပြီးရင် ပြန်ဖွင့်နိုင်တယ်လို့ တချို့ပြောနေကြတယ်၊စောင့်တော့ စောင့်ကြည့်ရမယ်၊ ဒါပေမယ့် ဘယ်သူမှ အတည် မပြုနိုင်ကြသေးဘူး”ဟု ၎င်းက ဆိုသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ မဲဆောက်- မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားမှတဆင့် တင်ပို့နေသော ထိုင်းကုန်ပစ္စည်းများကို မြန်မာအာဏာပိုင်များက ပြီးခဲ့သော ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ ပိတ်ထားခဲ့ရာ တရက်လျှင် ဘတ် သန်း ၈၀ ခန့် နစ်နာမှု ရှိသောကြောင့် ၃ လကြာ ခန့်မှန်းခြေ ထိုင်းဘတ် ငွေ သန်း ၇၂၀၀ ခန့် ဆုံးရှုံး နစ်နာနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ နယ်စပ်ဂိတ်များ အနက် မဲဆောက် - မြ၀တီ ချစ်ကြည်ရေး တံတားဂိတ်သည် နှစ်နိုင်ငံ ကုန်ပစ္စည်းများ အပြန် အလှန် တင်ပို့နေသည့် ကုန်စည် စီးဆင်းမှု အကြီးဆုံးဂိတ် တခုဖြစ်သည်။
နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကို နိုဝင်ဘာလတွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ ပြီးသည့် အချိန်အထိ ပိတ်ထားမည်ဟု မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရာရှိများကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာတွင် ယနေ့ ဖော်ပြ ထားသည်။
နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကဆစ် ပီရုမ်းကလည်း ပြီးခဲ့သည့် သောကြာနေ့က မဲဆောက်ခရီးစဉ်တွင် နယ်စပ် ပြန်လည်ဖွင့် လှစ်ရေး ကိစ္စများကို နှစ်ဘက် တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ၏ ပြည်တွင်း လုံခြုံရေး အခြေအနေ တည်ငြိမ်အေးချမ်းမှသာလျှင် နယ်စပ်ဂိတ်ကို ပြန်လည် ဖွင့်လှစ်နိုင်မည် ဖြစ် ကြောင်း မျှော်လင့်ရသည်ဟု ဆိုသည်။ ထိုင်း အာဏာပိုင်များကလည်း နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲပြီးမှသာလျှင် ပြန် လည် ဖွင့်လှစ်နိုင်ဖွယ်ရှိသည်ဟု ယူဆထားကြသည်။
အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် မြန်မာပြည်သို့ တရက်ကြာ ခရီးစဉ်သွား ရောက်ကာ နယ်စပ်တံတား ပြန်လည် ဖွင့်လှစ်ရန် အတွက် ဆွေးနွေးခဲ့ သော်လည်း မဆင်မပြေခဲ့ကြောင်း သိရသည်။
မြန်မာ စစ်အစိုးရ၏ အဆိုအရ ပြည်တွင်း ပြဿနာများကို ဖြေရှင်းပြီးမှသာလျှင် နယ်စပ်တံတား ပြန်လည် ဖွင့်လှစ်နိုင်မည် ဖြစ် ကြောင်း၊ လတ်တလောတွင် ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် အဖိဆစ်က ပြောကြားခဲ့သည်။
နယ်စပ်ဂိတ်များကို မြန်မာဘက်က ပိတ်ထားသော်လည်း ညပိုင်း အချိန်တွင် နှစ်နိုင်ငံ ကုန်ပစ္စည်းများကို အပြန်အလှန် တင် သွင်း လျက်ရှိကြောင်းလည်း သိရသည်။
တာ့ခ် ခရိုင်အတွင်းရှိ သောင်ရင်းမြစ် ကမ်းပါး တလျှောက်တွင် ထိုင်းဘက်အခြမ်းက ကမ်းထိန်းတမံများ ဆောက်လုပ်နေခြင်း အား မြန်မာ အာဏာပိုင်များက ကန့်ကွက်သည့် အနေဖြင့် ကုန်စည် စီးဆင်းမှုများကို ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းဘက် အခြမ်းမှ ကမ်းပါး အကာအကွယ် တမံများ ဆောက်လုပ်မှုကြောင့် ရေကြောင်းပြောင်းလဲပြီး မြန်မာဘက် ကမ်းပါး တိုက်စားနိုင်သည့်အတွက် မြန်မာအစိုးရက ကန့်ကွက်ခဲ့သည်ဟု သတင်းများအရ သိရသည်။ သို့သော် တံတားပိတ်ရခြင်း၏ အကြောင်းအရင်းကိုမှု မြန်မာအာဏာပိုင်များက တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။

Geen opmerkingen: