မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 27 oktober 2010

နိုင်ငံတဝန်း အင်တာနက်လိုင်းများ ပြတ်

ရန်ပိုင် Wednesday, October 27, 2010
.မြန်မာနိုင်ငံအတွင်းသို့ဂီရိဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက်ပိုင်းရန်ကုန်မြို့နှင့်တခြား မြို့ကြီးများတွင် အင်တာနက် သုံးစွဲရန် ခက်ခဲနေကြောင်း သိရသည်။
ရန်ကုန်မြို့ခံလူငယ်တဦးက “မနေ့က မနက်ပိုင်း ခဏသုံးလို့ရသေးတယ်။ နောက်ပိုင်း မရဘူး။ အခုထိပဲ အားလုံး ပြတ်နေ တယ်” ဟု ဧရာဝတီသို့ပြောသည်။

                    ရန်ကုန်မြို့တွင်မြန်မာကျောင်းသားများအင်တာနက်ကဖေး၌အသုံးပြုနေစဉ်။(ဓာတ်ပုံ-AP)
မြန်မာနိုင်ငံသို့ မုန်တိုင်း ၀င်ရောက်လာချိန်တွင် လျှပ်စစ် ဓာတ်အားလိုင်း တချို့နှင့် အင်တာနက် လိုင်းများကို ဖြတ်တောက် ထားမည်ဟူသော သတင်းများလည်း ဆိုင်ကလုန်း မုန်တိုင်း မတိုက်မီ အစောပိုင်းက ထွက်ပေါ်ခဲ့သည်။
စစ်အစိုးရတည်ထောင်ထားသည့်မန္တလေးအခြေစိုက်ရတနာပုံဝက်ဘ်ပေါ်တယ် (http://yatanarpon.com.mm/) ကို မုန်တိုင်းကြောင့် ရပ်ဆိုင်း ထားခဲ့ရာမှ ပြန်လည် လည်ပတ်ရန် မစတင်နိုင်သေးခြင်း ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့(YTP)နှင့် နီးစပ်သူ တဦးကလည်း ဧရာဝတီသို့ ပြောသည်။
ဘင်္ဂလား ပင်လယ်အော်မှ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းသည် အောက်တိုဘာ ၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် သို့ ဖြတ်သန်း ဝင်ရောက်ခဲ့ပြီး မန္တလေးတိုင်း ဘက်သို့ အရောက်တွင် အားပျော့သွားသည်။ မုန်တိုင်းကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း တို့တွင် မိုးရွာသွန်းမှုများ ဖြစ်ပွားခဲ့သည်။
ရတနာပုံတယ်လီပို့ကို စစ်အစိုးရက မလေးရှားနိုင်ငံမှ နည်းပညာကုမ္ပဏီတခု၏ အကူအညီဖြင့် တည်ဆောက်ခဲ့ကြောင်း၊ ပြည်တွင်းရှိ ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းဆင်းလာသူများကို ၀န်ထမ်းအဖြစ် စုဆောင်းခဲ့ပြီး ၎င်းတို့သည် တယ်လီပို့ရှိ ရုံးအဆောက်အအုံ ၇ ခုတွင် အလုပ်လုပ်ကိုင်နေကြကြောင်း သိရသည်။
မန္တလေးမြို့ခံ စာနယ်ဇင်းသမားတဦးက ယခုကဲ့သို့ အင်တာနက်လိုင်းများ ပြတ်တောက်သွားခြင်းသည် မုန်တိုင်း တိုက်ခတ်မှုကြောင့် မဟုတ်နိုင်ဘဲ မုန်တိုင်းတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသည့် အပျက်အစီးသတင်းများကို ပြည်ပမှ သိရှိမည်ကို စိုးရိမ်သည့်အတွက် ဖြတ်တောက်ထားခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောသည်။
လာမည့် နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲကာလများတွင် စစ်အစိုးရသည် အင်တာနက်လိုင်းများကို ဖြတ်တောက်ခြင်း၊ နှေးကွေးရန် ပြုလုပ်ခြင်းများ လုပ်ဆောင်လိမ့်မည်ဟု လေ့လာသုံးသပ်သူများက ပြောသည်။

Geen opmerkingen: