မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 20 oktober 2010

ခေတ်ပြိုင် ယာယီရပ်၊ သျှမ်းသံတော်ဆင့် စာစောင် ဆက်ထုတ်မည် မဟုတ်

ဘစောတင် Wednesday, October 20, 2010
.ရွေးကောက်ပွဲ နီးကပ်လာသည့် ကာလတွင် ခေတ်ပြိုင် သတင်းဌာနက ယာယီ ရပ်ဆိုင်းမည်ဖြစ်ပြီး သျှမ်းသံတော်ဆင့် သတင်းဌာနက လစဉ်စာစောင်ထုတ်ဝေမှုကို ရပ်ဆိုင်းမည်ဟု သတင်းရရှိသည်။
၁၇ နှစ်ကျော် သက်တမ်းရှိခဲ့ပြီဖြစ်သော ခေတ်ပြိုင်သတင်းဌာနသည် လာမည့် အောက်တိုဘာလ ၃၁ ရက်နေ့မှ စတင်၍ ယာယီရပ်နားမည်ဟု ခေတ်ပြိုင် အင်တာနက်စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။
“ခေတ်ပြိုင် ရပ်နားမယ်ဆိုတာက ထွေထွေထူးထူး မဟုတ်ပါဘူး။ ကျမတို့ ဒီတိုက်အတွင်းမှာပေါ့နော်၊ Reorganize ပြန်လုပ်ဖို့ အတွက် Reform ပြန်လုပ်ဖို့အတွက်ပေါ့နော်။ အချိန်လေးယူပြီး လုပ်ဖို့အတွက် ရပ်နားတာဖြစ်ပါတယ်။ အခုလို ခေတ်ပြိုင် ယာယီရပ်နားတယ်ဆိုတာနဲ့ပတ်သက်ပြီး အများထင်နေတာက Donor (အလှူရှင်) က ငွေရပ်လိုက်လို့လို့ ထင်နေကြတယ်။ အဲဒီဥစ္စာ လုံးဝ မဟုတ်ပါဘူးဆိုတာကိုတော့ ကျမ အတည်ပြု ပြောနိုင်ပါတယ်” ဟု ခေတ်ပြိုင် အယ်ဒီတာ ဒေါ်ခင်မျိုးထွေးက ဧရာဝတီသို့ ပြောသည်။
စာဖတ်သူများသို့ ခေတ်ပြိုင်၏ ကြေညာချက်တွင် ခေတ်ပြိုင်သည် ပုံနှိပ်ထုတ်ဝေသော သတင်းဂျာနယ်မှတဆင့် အင်တာနက် မီဒီယာ သတင်းစာ၊ ထိုမှတဆင့် ပြောင်းလဲနေသည့် နိုင်ငံရေးအခြေအနေများနှင့်အညီ အံဝင်ခွင်ကျမည့် အသွင်တမျိုး ပြောင်းလဲရန် လိုအပ်လာပြီဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှ စ၍ ခေတ်ပြိုင်ဂျာနယ် အွန်လိုင်းထုတ်ဝေမှုများကို ယာယီ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ခေတ်ပြိုင်သတင်းဌာန ယာယီရပ်ဆိုင်းမည့် ကာလအပိုင်းအခြားကိုမူ မသိရပေ။
ခေတ်ပြိုင်ကို ကွယ်လွန်သူ ဦးတင်မောင်ဝင်းက ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် စတင်ခဲ့သည်ဟု သိရသည်။
တိုင်းရင်းသား သတင်းဌာနတခုဖြစ်သော သျှမ်းသံတော်ဆင့်ကမူ အလှူရှင်က ငွေကြေးဖြတ်တောက်လိုက်သဖြင့် အင်တာက်နက်စာမျက်နှာသာ ရှိတော့မည်ဖြစ်ပြီး လစဉ်ပုံနှိပ် ထုတ်ဝေနေသည့် ဂွဏ်းခေါ်စာစောင်ကို ရပ်နားမည်ဟု သိရှိရသည်။
“DBC (Danish Burma Committee) က EBO (Euro Burma Office) ကို ဖြတ်လိုက်တယ်။ EBO အဖြတ်ခံရတော့ EBOကလည်း ကျနော်တို့ကို ပြန်ဖြတ်တယ်။ အဲသလိုမျိုး ဖြတ်သွားတဲ့အခါကျတော့ လာဖြတ်တဲ့အချိန်ကလည်း ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းတွေ လိုက်နေရတဲ့အချိန်။ နောက်တဘက်ကလည်း အပစ်အခတ် ရပ်စဲရေးအဖွဲ့တွေကိစ္စနဲ့ အလုပ်များနေတဲ့အချိန်မှာ ခုလိုလာဖြစ်တော့ တော်တော်လေး ပြဿနာပေါ်တာပေါ့လေ”ဟု သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက ဧရာဝတီသို့ ပြောသည်။
ဦးခွန်စိုင်းက ဆက်လက်၍ “စာစောင်ထုတ်ဖို့ကူတဲ့အဖွဲ့က ၀င်ကူလိုက်လို့ ကျနော်တို့ နည်းနည်း သက်သာရာ ရလိုက်တယ်။ ခင်ဗျားတို့ စာစောင်ထုတ်နေတာကို ခဏရပ်လိုက်ပြီး ၀က်ဘ်ဆိုဒ်ကိုပဲ ဆက်လုပ်လို့ ပြောတာကို ကျနော်တို့လည်း လက်ခံလိုက်တယ်” ဟု ဆိုသည်။
သျှမ်းသံတော်ဆင့်ကို ၁၉၉၁ ဒီဇင်ဘာ၂၇ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး သျှမ်း၊ ထိုင်း၊ မြန်မာ၊ အင်္ဂလိပ် ဘာသာများဖြင့် သတင်းနှင့် ဆောင်းပါး စာစောင်များ ထုတ်ဝေခဲ့သည်။
မြန်မာသတင်းသမဂ္ဂ ဒုဥက္ကဋ္ဌ ဦးဇင်လင်းက “ဒီလို ရွေးကောက်ပွဲကာလ အရေးကြီးနေချိန်မျိုးမှာတော့ ပြင်ပ မီဒီယာတွေက အတွင်း မီဒီယာတွေထက် သတင်းတွေကို ထဲထဲဝင်ဝင် နှိုက်နှိုက်ချွတ်ချွတ် တင်ပြနိုင်စွမ်းရှိတယ်။ ဘာလို့လဲဆိုတော့ ဆင်ဆာ ဖြတ်ကျော်စရာ မလိုဘူးလေ။ ပြီးတော့ ပြည်တွင်းက ပြည်သူတွေကလည်း ပြင်ပ မီဒီယာတွေကိုပဲ အဓိက အားထားနေရဆဲ ဖြစ်တယ်။ အလားတူပဲ လက်ရှိအခြေအနေရ ပြည်ပမီဒီယာတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေဆဲပဲ။ ဒါကြောင့်မို့လို့ ပြည်ပမီဒီယာတွေ ဆက်လက်ရပ်တည်နိုင်ရေးဟာ အလွန်အရေးကြီးပါတယ်” ဟု ပြောသည်။

Geen opmerkingen: