မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 20 oktober 2010

ရေနံချောင်း ကြံ့ဖွံ့ ဓမ္မာရုံ သုံး မဲဆွယ်ရန်ကြံ၊ ဂေါပက လက်မခံ

ရန်ပိုင် Wednesday, October 20, 2010
.ရေနံချောင်းမြို့ ဘေးမဲ့ရပ်ကွက်ရှိ သဒ္ဓမ္မကာမီ ဓမ္မာရုံတွင် မဲဆွယ်စည်းရုံးရေး ပြုလုပ်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါ တီ(ကြံ့ဖွံ့ပါတီ)၏ ကြိုးပမ်းမှုကို ဥပဒေနှင့် မကိုက်ညီသည့် အတွက် ဓမ္မရုံ ဂေါပကများက လက်မခံဘဲ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။
ဘေးမဲ့ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ(ရယက)များက ကြံ့ဖွံ့ ပါတီ၏ မဲဆွယ်မှုကို ထိုဓမ္မာရုံတွင် ပြုလုပ် မည်ဖြစ်သည့် အတွက် ပြည်သူများလာရောက်ရန် အသံချဲ့စက်ဖြင့် ဆော်သြခဲ့ကြောင်း၊ ဓမ္မာရုံသည် ဘာသာရေး အဆောက် အအုံ ဖြစ်သည့်အတွက် ဓမ္မာရုံ၏ ဂေါပကလူကြီးတချို့က ခွင့်ပြုချက်မပေးခြင်း ဖြစ်သည်ဟု ဘဏ္ဍာရေးမှူး ဦးအေးထွန်းက ဧရာဝတီသို့ ပြောသည်။
“ကြံ့ဖွံ့တွေက ရယက ဥက္ကဋ္ဌကို သုံးပြီးတော့ မဲဆွယ်တာလည်း လက်မခံဘူး၊ ဓမ္မာရုံကိုလည်း ပါတီနိုင်ငံရေးအတွက် ဥပဒေနဲ့ မညီ တဲ့ အတွက် အသုံးမခံနိုင်ဘူး”ဟု ၎င်းကဆိုသည်။
ဘေးမဲ့ရပ်ကွက် ရယက ဥက္ကဋ္ဌ နှင့် ကြံ့ဖွံ့ပါတီ၏ ရပ်ကွက်စည်းရုံးရေးမှုးတို့မှာမူ တခြားသော ရပ်ကွက်ဓမ္မရုံများတွင်လည်း မဲဆွယ် စည်းရုံးရာတွင် အသုံးပြုခွင့်ပေးသည့် အတွက် ယခုလည်းပေးသင့်သည်ဟု ဂေါပကများကို ပြောဆိုခဲ့ကြောင်း ဦးအေးထွန်းက ဆို သည်။
ထို့နောက် မြို့နယ်အေးချမ်းသာယာရေး(မယက) ဥက္ကဋ္ဌ ရောက်ရှိလာပြီး ပြည်သူလူထုအကျိုးစီးပွားကို မထိခိုက်နိုင်သည့် ကိစ္စ ရပ် များကို ခွင့်ပြုပေးသင့်သည်ဟု ထပ်မံပြောဆိုသော်လည်း ဂေါပကလူကြီးများကခွင့်မပြုခဲ့ကြောင်း ဦးအေးထွန်းက ဆက်လက် ရှင်းပြသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း နိုင်ငံရေးပါတီများအနေဖြင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း စသည့် ဘာသာ ရေး နယ်နိမိတ်များတွင် မဲဆွယ်စည်းရုံးခွင့်မပြုကြောင်း ထုတ်ပြန်ကြေညာထားပြီး နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၂ ၊ ပုဒ်မ ၆ (င)တွင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား မပြုလုပ်ရဟု ပြဌာန်းထားသည်။
ယခုကဲ့သို့ ကြံ့ဖွံ့ပါတီနှင့် ရယက ဥက္ကဋ္ဌတို့ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းများ ဖောက်ဖျက်မှုကို ဘေးမဲ့ရပ်ကွက်ရှိ လက်မှတ် ကုန်း ရဲစခန်း သို့လည်း တိုင်ကြားခဲ့ကြောင်း သိရသည်။
ဘေးမဲ့ရပ်ကွက်နေ ဦးသန်းအောင်ကလည်း အဆိုပါ ဓမ္မာရုံကို ထိန်းသိမ်းစောင့်ရှောက်နေသည့် ဂေါပက ၇ ဦးရှိကြောင်း၊ ၄ ဦး မှာ လက်ခံကြောင်း လက်မှတ်ထိုးခဲ့ပြီး ကျန် ၃ ဦး မှာလက်မခံသည့်အတွက် ဒီမိုကရေစီ ပုံစံအတိုင်း မဲခွဲ ဆုံးဖြတ်ရန် မယက ဥက္ကဋ္ဌက ပြောဆိုခဲ့သော်လည်း ရွေးကောက်ပွဲ ဥပဒေ အတိုင်း လိုက်နာရန် တချို့ဂေါပကများက ပြောဆိုခဲ့သည့်အတွက် ကြံ့ဖွံ့ပါတီ အနေဖြင့် လက်လျှော့သွားခဲ့သည်ဟု ဧရာဝတီသို့ ပြောသည်။
ယင်းဓမ္မာရုံဂေါပကများ၏ ကန့်ကွက်မှုနှင့် ပတ်သက်၍ ရေနံချောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်သို့ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
ဘေးမဲ့ရပ်ကွက်သည် လူဦးရေ ၆၀၀၀ ခန့်ရှိပြီး လာရောက်မဲဆွယ်မည့် ကြံ့ဖွံ့ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဒေါ်ဝင်းမော်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ဝင်း နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ငြိမ်း တို့ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့ကလည်း ကြံ့ဖွံ့ ပါတီ၏ မဲဆွယ်စည်းရုံးရေးကို ရေနံချောင်းမြို့နယ် မြေနီခင်(တောင်ပိုင်း) ရပ်ကွက် ဓမ္မရုံတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

Geen opmerkingen: