မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 20 oktober 2010

မဇ္ဈိမသတင်းဌာန၏ သတင်းတင်ပြချက်နှင့် ပတ်သက်၍ ရှင်းလင်းချက်

NEJ / ၂၀ အောက်တိုဘာ ၂၀၁၀
“ခေတ်ပြိုင် ယာယီရပ်နားမည်”ဆိုသည့် အောက်တိုဘာ(၁၉)ရက်နေ့စွဲဖြင့် မဇ္ဈိမသတင်းဌာန ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းနှင့်ပတ်သက်၍ ခေတ်ပြိုင်မှ ရှင်းလင်းတင်ပြအပ်ပါသည်။
အဆိုပါ သတင်းဖော်ပြချက် စာပိုဒ်တွင် “ခေတ်ပြိုင်မှာ ငွေကြေးထောက်ပံ့မှု အခက်အခဲနဲ့ သတင်းထောက် အခက်အခဲ ရှိနေပါတယ်။ ခေတ်ပြိုင်လို တချို့ သတင်းအဖွဲ့အစည်းတွေက အလှူရှင်တဖွဲ့ထဲကိုပဲ မှီခိုထားတော့ အဲဒီအလှူရှင်က နောက်ဆုတ်သွားရင် အခက်အခဲဖြစ်တာမျိုးလို့ ထင်ပါတယ်။ အလှူရှင်တွေ လက်ပန်းကျတာရယ်၊ ပြည်တွင်းမှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားတာရယ်က အလှူရှင်တွေကို မှီခိုတဲ့ အဖွဲ့အစည်းတွေအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်”ဟု ထိုင်းနိုင်ငံရှိ မြန်မာ့သတင်းသင်တန်းဆရာ ဦးအောင်နိုင်၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားပါသည်။
ယင်းသို့ ဖော်ပြချက်သည် သတင်းရင်းမြစ်ဖြစ်သည့် ခေတ်ပြိုင်တာဝန်ရှိသူတို့ထံမှ အတည်ပြုချက် ရယူမှု မရှိဘဲ ခေတ်ပြိုင်နှင့် ပတ်သက်ခြင်းမရှိသူထံမှ ခေတ်ပြိုင်အကြောင်း မေးမြန်းကိုးကားထားသည့် ထင်မြင်ချက်များသာ ဖြစ်ပါသည်။
ခေတ်ပြိုင်ရပ်နားရခြင်းသည် ငွေကြေးကိစ္စနှင့် ပတ်သက်ခြင်းမရှိပါ။ အလှူရှင်က နောက်ဆုတ်သွားခြင်း၊ ငွေကြေးဖြတ်တောက်ခံရခြင်းကြောင့် ရပ်နားခြင်းမဟုတ်ပါ။ ခေတ်ပြိုင်သတင်းဂျာနယ်သည် (၁၇) နှစ်ကျော်ကာလအထိ အလှူရှင်၏ ထောက်ပံ့မှုအပါအ၀င် ကိုယ်ပိုင်ငွေကြေး စိုက်ထုတ်မှုဖြင့် ရပ်တည်လာသည့် သတင်းဂျာနယ်ဖြစ်ပါသည်။
ယခု ခေတ်ပြိုင်ရပ်နားရခြင်းမှာ တိုက်တွင်း လိုအပ်ချက်များကို ပြန်လည်ဖြည့်ဆည်း အားသစ်လောင်းရန်အတွက် ရပ်နားခြင်းသာ ဖြစ်ပါသည်။
“သတင်းထောက်အခက်အခဲ ရှိနေပါတယ်” ဟူသည့် သတင်းပါ ဖော်ပြချက်နှင့် ပတ်သက်၍လည်း ခေတ်ပြိုင်မှ နေ့စဉ်ရေးသားနေသည့် သတင်းများက သက်သေပြနေပြီး ဖြစ်ပါသည်။
သတင်းတွင်“ရပ်နားမည့်ကိစ္စနှင့်ပတ်သက်ပြီးအသေးစိတ်သိရှိနိုင်ရန်ဒေါ်ခင်မျိုးအေးထံ ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ”ဟု ဖော်ပြထားသော်လည်း အချက်အလက်မှန်ကို အတည်ပြုချက် ရယူရန်မှာ သတင်းဌာန၏ တာဝန်သာဖြစ်ပါသည်။
ယခုကဲ့သို့ သက်ဆိုင်ရာ သတင်းရင်းမြစ်ထံမှ အတည်ပြုချက် ရယူခြင်းမရှိဘဲ ရေးသားဖော်ပြချက်သည် ခေတ်ပြိုင်ကိုထိခိုက်နစ်နာစေသည့်အတွက် သတင်းသမားတို့၏ ကျင့်ဝတ်ကို စောင့်ထိန်းရန်လိုအပ်ကြောင်း အသိပေးအပ်ပါသည်။

ခင်မျိုးထွေး (အယ်ဒီတာ)
ခေတ်ပြိုင်ဂျာနယ်

Geen opmerkingen: