မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 20 oktober 2010

ရခိုင်ကမ်းရိုးတန်းတွင် မုန်တိုင်း သတိပေး

မျိုးချစ်သူ / ၂၀ အောက်တိုဘာ ၂၀၁၀
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ ပိုမိုအားကောင်းလာနိုင်သည့်အပြင် မြန်မာ့ကမ်းရိုးတန်းနှင့်လည်း နီးကပ်နေသည့်အတွက် ကြိုတင်ပြင်ဆင်သတိရှိရန် လိုအပ်ပြီဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။
ရခိုင်ကမ်းရိုးတန်းတွင် သွားလာနေသော ငါးဖမ်းရေယာဉ်များ၊ ခရီးသည်တင်ရေယာဉ်များ၊ ကုန်တင်ရေယာဉ်များ အနေဖြင့် လှိုင်းဒဏ်၊ လေဒဏ်ကို အထူးသတိထားရန် လိုအပ်ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။
၎င်းက “အထူးသဖြင့် တံငါလှေတွေ ပိုအရေးကြီးပါတယ်။ လောလောဆယ်မှာ လေတိုက်နှုန်း (၁) နာရီ ၄၀-၄၅ မိုင်လောက်အထိ ခန့်မှန်းထားပါတယ်” ဟုပြောသည်။
မိုးလေ၀သဂြိုဟ်တုက အောက်တိုဘာ (၁၉)ရက်နေ့ ညနေ (၆) နာရီခွဲတွင် ရိုက်ယူခဲ့သည့် တိမ်တိုက်ပုံတွင် ပြန့်ကျဲနေသော တိမ်များမှာ ပိုမိုစုစည်းလာသည်ကို တွေ့ရပြီး အင်အားလျော့သွားခြင်း မရှိသေးကြောင်း သိရသည်။
အောက်တိုဘာ(၁၉)ရက်နေ့နေ့လယ်ပိုင်းတွင်စောင့်ကြည့်ရန်အဖြစ်သတ်မှတ်ထားခဲ့သော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှ လေထုမငြိမ်သက်မှုသည် လေဖိအားနည်း ရပ်ဝန်းတခုဖြစ်လာကြောင်း ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံ မိုးလေ၀သဌာနက ဖော်ပြချက်ကို ကိုးကား၍ ဒေါက်တာထွန်းလွင်က ပြောကြားသည်။
ထိုလေဖိအားနည်းရပ်ဝန်းသည် ကမ်းနှင့်နီးကပ်နေသည့်အတွက် ရခိုင်ပြည်နယ်အနေဖြင့် အထူးသတိထား စောင့်ကြည့်ရန်လိုသည်ဟုလည်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၁၉၇၈ ခုနှစ်ခန့်က စတင်ကာ မိုးရာသီ တဖြည်းဖြည်း တိုလာကြာင်း၊ ယင်းမှာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်းကြောင့်ဖြစ်ပြီး မုန်တိုင်းဖြစ်ပေါ်မှုများ ဆက်တိုက် ဖြစ်ပေါ်လာကြောင်း သိရသည်။
ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ် မေလ (၂)ရက်နှင့် (၃)ရက်နေ့များတွင် နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့သည့်အတွက် ရန်ကုန်နှင့်ဧရာဝတီတိုင်း အတွင်း လူပေါင်း (၁) သိန်းခွဲခန့် သေဆုံးခဲ့သည်။
ယခုလ ပထမပတ်တွင် ရခိုင်ပြည်နယ် ကျေက်ဖြူမြို့မှ မော်တော်တစီး မုန်တိုင်းမိခဲ့သဖြင့် လူ (၁) ဦးသေဆုံးခဲ့သည်။

Geen opmerkingen: