မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 14 december 2009

မြန်မာ့ကြယ်ငါးပွင့်ကို ဦးပိုင်လီမိတက် လွှဲပြောင်းယူရန် ညှိနိုင်း

မေကျော် / ၁၄ ဒီဇင်ဘာ ၂၀၀၉

နိုင်ငံပိုင် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းကို ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်မှ လွှဲပြောင်းလုပ်ကိုင်ရန် ညှိနှိုင်းနေသည်။
နိုင်ငံပိုင် လုပ်ငန်းတခုဖြစ်သည့် မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းကို ဦးပိုင်လီမိတက်က ၂၀၁၀ မတိုင်မီ လွှဲပြောင်းလုပ်ကိုင်နိုင်ရေး ညှိနှိုင်းနေခြင်းဖြစ်သည်။
“သင်္ဘောတစင်းက ငှားပြီးပြီခင်ဗျ။ အခုဟာက လုပ်ငန်းတခုလုံး လွှဲပြောင်းဖို့ ညှိတယ်” ဟု မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း သုတေသနဌာန ၀န်ထမ်းတဦးက ပြောသည်။
စစ်တပ်ကျောထောက်နောက်ခံ စီးပွားရေးအုပ်စုဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်က ၂၀၁၀ မတိုင်မီ အကျိုးအမြတ်များသည့် နိုင်ငံပိုင် စီးပွားရေးတခုဖြစ်သော မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းကို နှစ်ရှည် ငှားယမ်းလုပ်ကိုင်ခွင့်ရရန် စီစဉ်နေခြင်းဖြစ်သည်။
နိုင်ငံပိုင်လုပ်ငန်း ဖြစ်သည့်အတွက် ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းမှ ၀န်ထမ်းများသည် အခြား နိုင်ငံတကာ သင်္ဘောလုပ်ငန်း ၀န်ထမ်းများထက် လစာ အဆမတန် နည်းပါးသည့်အတွက် ၀န်ထမ်းများက စွဲစွဲမြဲမြဲ လုပ်ကိုင်မှု မရှိကြကြောင်း သိရသည်။
“အဲဒီမှာ ပြဿနာက ဦးပိုင်က လစာပေးတာ များတယ်။ ကြယ်ငါးပွင့်က အစိုးရ ၀န်ထမ်းဖြစ်နေတော့ လစာပေးတာ နည်းတယ်။ အဲဒီမှာ ဦးပိုင်နဲ့ လုပ်ချင် လိုက်ချင်တဲ့ ၀န်ထမ်းက များလာတယ်” ဟု ကြယ်ငါးပွင့် သုတေသနဌာနမှ ၀န်ထမ်းက ပြောသည်။
နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတခုကို ပုဂ္ဂလိက ကဏ္ဍသို့ လွှဲပြောင်းလုပ်ကိုင်ရန် စီစဉ်လိုက်ခြင်းဖြစ်ပြီး အခြား ပုဂ္ဂလိကပိုင် ကုမ္ပဏီများ ယှဉ်ပြိုင်ခွင့်မရှိဘဲ ဦးပိုင် တခုတည်းကိုသာ လက်သိပ်ထိုးပေးရန် စီစဉ်နေခြင်းဖြစ်သည်ဟု သိရသည်။
မြန်မာ့ကြယ်ငါးပွင့် သဘောင်္လုပ်ငန်းသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတခုအဖြစ် ရပ်တည်လာသည်မှာ နှစ်ပေါင်း (၅၀) ကျော်ရှိပြီး ပင်လယ်ကူးသင်္ဘော (၁၃) စီး၊ ကမ်းရိုးတန်းသွားသင်္ဘော (၁၀) စီးရှိကြောင်း ၎င်းတို့၏ ၀က်ဆိုဒ်တွင် ဖော်ပြထားသည်။
စစ်တပ် ကျောထောက်နောက်ခံ စီးပွားရေးအုပ်စု ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်ကို ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေးက ဦးဆောင်လုပ်ကိုင်နေသည်။

Geen opmerkingen: