မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 25 december 2009

“ အားလုံးရဲ့ကိုယ်စား ”




  
အေးချမ်းလှတဲ့ 

ဒီဇင်ဘာလရဲ့ နောက်ဆုံးအပတ်ထဲမှာ

ထာဝရဘုရားသခင်ရဲ့

သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးနဲ့ သန္ဓေရခဲ့တဲ့

တဦးတည်းသောသားတော်

ယေရှုခရစ်တော်ကို မွေးဖွားခဲ့တယ့့်  ။

ဧဒင် ဥယျာဉ်ကြီးထဲမှာပေါ့ 

မစားရလို့ ဘုရားတာမြစ်ထားတဲ့အပင်ကအသီးကို

စာတန်နတ်ဆိုးရဲ့မာယာစကား ဧ၀ယုံစားကာ

အဲ့ဒီပန်းသီးကို အာဒံကိုကျွေးခဲ့လို့

ထာဝရအသက်တွေ ဆုံးရှုံးခဲ့ရပေါ့  ။

မေတ္တာတော်ကြီးမားတဲ့ထာဝရဘုရာ့း့ 

အပြစ်ရှိလိုလူဖြစ်လာကြတဲ့

လောကသားတွေကို ဥပေက္ခာပြုမထားနိုင်လို့

အားလုံးရဲ့ကိုယ်စားပေးဆပ်ဖို့

သားတော်ယေရှုကို သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးနဲ့

မာရိရဲ့ဝမ်းမှာ သန္ဓေတည်စေကာ

ဒီကမ္ဘာမြေပေါ် လွှတ်ချခဲ့ပေါ့  ။

ခရစ်တော် ယေရှုကလည်းပဲ့ 

လောကသားတွေအားလုံး ထာဝရအသက်တွေပြန်ရဖို့

အားလုံးရဲ့ကိုယ်စား

လက်ဝါးကပ်တိုင်မှာ သံမှိုနှက်ခံကာ

မေတ္တာတရားကြီးမားစွာ အသေခံပြခဲ့ပေါ့  ။

ဇာနည်မောင်

၂၅.၁၂.၂၀၀၉ ( သောကြာနေ့ )

Geen opmerkingen: