မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 8 oktober 2010

ဦးတေဇ လေကြောင်းလိုင်းသစ် ဖွင့်ရန်စီစဉ်

ဧရာဝတီ Friday, October 08, 2010
.စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့် SunFarTravels&ToursCo.,Ltd ကုမ္ပဏီနှင့် ပူးပေါင်းပြီး ပြည်တွင်း ပျံသန်းမည့်AsiaWingဟု အမည်ပေးထားသော လေကြောင်းလိုင်းအသစ် တခု ဖွင့်ရန် စီစဉ်နေကြောင်း သိရသည်။
                                                ဦးတေဇပိုင်AirBaganလေယာဉ်နှင့်လေယာဉ်မယ်များ(ဓာတ်ပုံ-AP)
ဦးတေဇအနေဖြင့် SunFarကုမ္ပဏီ နှင့် ပူးပေါင်း၍ လေကြောင်းလိုင်းသစ် ထပ်မံဖွင့်လှစ်ရခြင်းမှာ ၎င်းပိုင်ဆိုင်သည့် AirBagan(အဲပုဂံ) လေကြောင်း လိုင်းကို အမေရိကန် နှင့် ဥရောပသမဂ္ဂ နိုင်ငံများက စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ထားမှုကို ရှောင်ရှားနိုင်ရန် ထပ်မံ တည်ထောင်ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့ခံ စီးပွားရေးသမားများက ဧရာဝတီသို့ ပြောသည်။
မကြာသေးမီကလည်း စီးပွားရေးပိတ်ဆို့ အရေးယူမှုကြောင့် ဦးတေဇ၏ AirBagan လေကြောင်းလိုင်းမှ လေယာဉ်နှင့် ပတ်သက် သည့် အပိုပစ္စည်းများ ၀ယ်ယူမရရှိသည့်အတွက် ယင်း လေကြောင်းလိုင်းကို ပြန်လည်ရောင်းချတော့မည် ဆိုသည့် သတင်းများ လည်း ထွက်ပေါ်ခဲ့သေးသည်။
အမေရိကန်အစိုးရက ၂၀၀၇ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး စစ်အစိုးရအဖွဲ့ဝင်များ၏ မိသားစုဝင်များ၊ ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများအား အဓိကထားသည့် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုကို ပြုလုပ်ခဲ့သည်။
ဦးတေဇနှင့် နီးစပ်သူ တဦးကမူ“ဦးတေဇကတော့ အခက်အခဲ ဘယ်လိုရှိရှိ အဲပုဂံ လေကြောင်းလိုင်းကို ဆက်လုပ်သွားမှာပါ” ဟု ပြောသည်။
ရန်ကုန်မြို့ ၃၈လမ်းရှိ SunFar ကုမ္ပဏီသို့ လေကြောင်းလိုင်းအသစ် ဖွင့်မည့်သတင်းနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ တာဝန်ခံတဦးက လေကြောင်းလိုင်းအသစ် ပြေးဆွဲမည့် သတင်းကို အတည်ပြုပြောကြားခဲ့ပြီး အသေးစိတ် ပြောဆိုရန် ငြင်းဆိုသွားသည်။
SunFarTravels&ToursCo.,Ltdကုမ္ပဏီကို၁၉၉၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး AirChina ၊AirMandalay ၊ Myanmar Airways International(MAI) ၊ Biman Bangladesh Airlines ၊ India Airlines၊ Malaysia Airlines ၊ MandarinAirlines၊SilkAirစသည့် လေကြောင်းလိုင်းများ၏ လက်မှတ်များကို ရောင်းချပေးသည့် ကုမ္ပဏီတခုဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ဝေသည့် ပြည်တွင်းအခြေစိုက် WeeklyElevenဂျာနယ်၏ အွန်လိုင်းစာမျက်နှာတွင်လည်း AsiaWingအမည်ဖြင့် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ်တခုကို ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် နိုင်ငံသားပိုင် ကုမ္ပဏီတခုက လုပ်ကိုင် ရန် ရှိကြောင်း၊ ၎င်းခရီးသွားလာရေး ကုမ္ပဏီသည် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းတခုနှင့် ဆက်သွယ်မှုရှိကြောင်း ရေးသားထား သည်။
ထို့အပြင် AirBusအမျိုးအစား လေယာဉ်ကို ၀ယ်ယူထားကြောင်းရေးသားထားပြီး အရေအတွက်ကိုမူ ဖော်ပြထားခြင်းမရှိပေ။
မြန်မာနိုင်ငံ၌ လတ်တလောတွင် အဲမန္တလေး ၊ ရန်ကုန်အဲဝေး ၊ အဲပုဂံ နှင့် အဲကမ္ဘောဇ စသည့် ပုဂ္ဂလိက လေကြောင်းလိုင်း ၄ လိုင်း ရှိသည်။
မကြာသေးမီကလည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သည့် ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းနှင့် အမှတ် (၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၏သား ဦးနေအောင်တို့ကို အဲ အင်းလေး ဆိုသည့် လေကြောင်းလိုင်းသစ် တခု ဖွင့် လှစ်ခွင့် ပြုခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

Geen opmerkingen: