မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 11 oktober 2010

ထိုင်း ၀န်ကြီးချုပ် မြန်မာနိုင်ငံသို့ ရောက်ရှိ

သန်းထိုက်ဦး Monday, October 11, 2010
.ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် နယ်စပ် တံတားပိတ်ခြင်း အပါအ၀င် နှစ်နိုင်ငံဆိုင်ရာ ပြဿနာများ ဆွေးနွေး ရန် နေပြည်တော်သို့ ယနေ့ ရောက်ရှိနေကြောင်း သိရသည်။
အောက်တိုဘာလ၆ရက်နေ့ကအမေရိကန်နိုင်ငံနယူးရောက်မြို့ရှိကုလသမဂ္ဂရုံးချုပ်၌မစ္စတာအဖိဆစ်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်းတို့ တွေ့ဆုံစဉ်(ဓာတ်ပုံ-Reuters)
“နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန်နှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး၊ ချစ်ကြည်ရေး တံတား ပိတ်ထားမှု အပါအ၀င် တခြားသော နယ်စပ်ပြဿနာများ အရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု တိုက်ဖျက်ရေး စသည်တို့ကို ဆွေးနွေးရန် ယခု ခရီးစဉ် ကို ရည်ရွယ်သည်”ဟု အဖိဆစ် က မြန်မာနိုင်ငံသို့ မထွက်ခွာမီ သတင်းထောက်များကို ပြောကြားခဲ့သည်။
ထိုင်း ရုပ်မြင်သံကြားလိုင်းတခုတွင်လည်း မစ္စတာ အဖိဆစ်က“မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ လာမယ့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ချောချောမောမော ဖြစ်တာကို ကျနော်မြင်ချင်ပါတယ်၊ ထိုင်းအစိုးရ အနေနဲ့လည်း နယ်စပ် ဒေသတလျှောက် တည်ငြိမ်အေးချမ်းမှု ရှိတာကို လိုလားနေပါတယ်”ဟု ပြောဆိုထားသည်။
ဝန်ကြီးချုပ် အဖိဆစ်၏ ပထမဦးဆုံး မြန်မာနိုင်ငံခရီးစဉ်တွင် ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကဆစ် ဖိရုမ်း အပါအ၀င် ထိုင်းနိုင်ငံ လက်ရှိ ကြည်းတပ် ဦးစီးချုပ် GenPrayuthChanOchaတို့လည်း လိုက်ပါသွားကြပြီး စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၀န်ကြီးချုပ် ဦးသိန်းစိန် တို့ကိုလည်း တွေ့မည်ဟု ထိုင်း နိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ယနေ့ဖော်ပြ ထားသည်။
မစ္စတာအဖိဆစ်က၂၀၁၀ရွေးကောက်ပွဲအပြီးစစ်အစိုးရ၏အစီအစဉ်များကို လေ့လာရန်ရှိပြီးဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် နိုင်ငံရေး အကျဉ်းသားများ အခြေအနေနှင့် မြန်မာပြည်ရှိ တိုင်းရင်းသားများ အရေးတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း လည်း ပြီးခဲ့သည့်လ အတွင်းက ပြောကြားခဲ့သည်။
ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ စစ်အစိုးရဘက်က ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။
နယ်စပ် တံတား ပိတ်ထားသည့်အတွက် ကုန်စည်စီးဆင်းမှုမရှိဘဲ ကုန်သည်များ အပါအဝင် သာမန် ပြည်သူများပါ အခက်အခဲ ကြုံနေကြကြောင်း၊ တံတားပိတ်ထားမှုကြောင့် တရက်လျှင် ဘတ် သန်း ၁၀၀ ခန့် အထိ နစ်နာလျက်ရှိကြောင်း ထိုင်း သတင်း ဌာနများက ဖော်ပြသည်။
မြန်မာက ထိုင်းသို့တင်ပို့သည့် ကုန်ပစ္စည်းတန်းဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်သာရှိပြီး ထိုင်း နိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိသည်ဟု သိရသည်။
ယခုနှစ် ဇူလိုင်လကတည်းက မစ္စတာ အဖိဆစ်သည် မြန်မာပြည်သို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားသော်လည်း နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ခရီးစဉ် အချိန်ဇယားဆွဲရန် အခက်အခဲရှိသောကြောင့်ဟု ဆိုကာ ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့သည်။

Geen opmerkingen: