မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 26 maart 2010

တိပိဋကဆရာတော် ဘန်ကောက်တွင် ရက်ရှည်တရားပွဲ ကျင်းပ

မင်းနိုင်သူ Friday, March 26, 2010
.မြန်မာ ရွှေ့ပြောင်း လုပ်သားများ ကူညီရေး ရန်ပုံငွေ အတွက် ဘန်ကောက်တွင် တိပိဋကဓရ ဆရာတော် တပါးက ပထမဆုံး အကြိမ် ရက်ရှည် တရားပွဲများ ဟောကြားမည် ဖြစ်ကြောင်း သိရသည်။
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မြင်းခြံဆရာတော် ဒေါက်တာ ဂန္ဓမာလာလင်္ကာရ ဇန်နဝါရီ အတွင်းက တရားချီးမြှင့်နေစဉ် (ဓာတ်ပုံ - ဒဿနခရီးစဉ် ဝက်ဘ်ဆိုဒ်)
ရွှေ့ပြောင်း လုပ်သားများ၏ ပညာရေးနှင့် သာရေး နာရေး ကိစ္စ ရပ်များကို ကူညီရန် ဖွဲ့စည်း ထားသည့် "ထိုင်း နိုင်ငံရောက် မြန်မာ ကျောင်းသား ရဟန်းတော်များ အဖွဲ့" ရန်ပုံငွေ အတွက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မြင်းခြံ ဆရာတော် ဒေါက်တာ ဂန္ဓမာလာ လင်္ကာရက ဘန်ကောက်မြို့ နေရာ ငါးခုတွင် သုံးရက်ကြာ တရား ဟောကြား ပေးမည် ဖြစ်သည်။
"ဆရာတော်ဟာ မြန်မာ ကျောင်းသား ရဟန်းတော်များ အဖွဲ့ရဲ့ သြဝါဒါစရိယ ဆရာတော်လည်း ဖြစ်တယ်။ ဓမ္မပူဇာ အလှူငွေ တွေကိုလည်း ရဟန်းတော်များ အဖွဲ့ ရန်ပုံငွေ အတွက် ဆရာတော်က စွန့်ကြဲတဲ့ အတွက် ဦးပဉ္ဇင်းတို့ ရုံးခန်းနဲ့ သာရေး နာရေး ကိစ္စတွေ ဆောင်ရွက် ပေးနိုင်ဖို့ အဆင်ပြေသွား စေပါတယ်”ဟု ရဟန်းတော်များ အဖွဲ့မှ အရှင်တေဇက ဧရာတီသို့ မိန့်ကြား သည်။
မတ်လ ၂၆ ရက်နေ့တွင် Assumptionတက္ကသိုလ်၊ ၂၇ ရက်နေ့တွင်မဟာချိုင်စီလဖွန်ပုစွန်စက်ရုံနှင့် ဖိကဆင် လင်းလိုင်း စက်ရုံနှင့်၂၈ ရက်နေ့တွင် ဘန်းဘော နှင့် ထိုင်းယူနီယံ အားကစားကွင်းတို့၌ အသီးသီး ဟောကြားရန် ရဟန်းတော်များ အဖွဲ့က စီစဉ်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ကို လွန်ခဲ့သော ၆ လခန့်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဘန်ကောက် မြို့ ဖလမ်ဆောင် အရပ်တွင် ရုံးခန်းငှား၍ ရွှေ့ပြောင်းလုပ်သားများအား ကွန်ပျူတာနှင့် အင်္ဂလိပ်စာ သင်ပေးခြင်း၊ သာရေး နာရေး ကိစ္စရပ်များ ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိသည်။
၂၀၀၀ ပြည့်နှစ်တွင် ဆရာတော် ဒေါက်တာ ဂန္ဓမာလာလင်္ကာရသည် ကမ္ဘာ့အရှည်ကြာဆုံး စာမေးပွဲ ဖြစ်သော တိပိဋက အာဂုံ၊ ရေးဖြေ စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီး နဝမမြောက်အဖြစ် တိပိဋကဓရ တိပိဋကကောဝိဓ တိပိဋက ဓမ္မဘဏ္ဍာဂါရိက ဘွဲ့ တံဆိပ်တော်ကို ရရှိခဲ့သည်။ ၂၀၀၉ တွင် ဆရာတော်ကို ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်း ဗုဒ္ဓတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ဆပ်ကပ် လှူဒါန်းခံရပြီး ယင်းတက္ကသိုလ်မှ စတုတ္တမြောက် ပါရဂူဘွဲ့ ဆပ်ကပ်ခံရသော မြန်မာဆရာတော်လည်း ဖြစ် သည်။
ဆရာတော်သည် မြန်မာပြည်အပါအဝင် နိုင်ငံပေါင်းများစွာရှိ ကျောင်းတိုက်များ၏ ပဓာန နာယကဆရာတော် အဖြစ်လည်း တာဝန်ယူရင်း လတ်တလောတွင် လန်ဒန်ရှိ အောက်စဖို့ဒ်တက္ကသိုလ်၌ ပါရဂူ (Ph.D) ဘွဲ့အတွက် တက်ရောက် သင်ကြား လျက်ရှိသည်။
မြန်မာပြည်သို့ ခေတ္တပြန်ပြီး အင်္ဂလန်သို့ ပြန်မကြွမီ မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ ပင့်လျှောက်ချက်အရ တရား ချီးမြှင့်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

Geen opmerkingen: