မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 24 maart 2010

ကယန်း ပါတီ ဖွဲ့စည်းရန်ပြင်ဆင်

သန်းထိုက်ဦး Wednesday, March 24, 2010
.ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ရန်အတွက် ကယား ပြည်နယ်အတွင်း ကယန်းလူမျိုးစု ပါတီတဖွဲ့ ထူထောင်ရန် ပြင်ဆင် နေကြောင်း သိရသည်။
ယင်း ပါတီကို အပစ်အခတ် ရပ်စဲထားသော ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး(ကလလတ) ခေါင်း ဆောင်တချို့က ထူထောင်ရန် ပြင် ဆင်နေခြင်းဖြစ်သည်။
ကလလတ အတွင်းရေးမှူး ဦးရွှေဝါက“ပါတီ ထောင်မယ်ဆိုတာကို ဆုံးဖြတ်ထားတယ်၊ ပါတီကတော့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး ပါတီပဲ၊ နာမည်မပြောင်းပါဘူး ပါတီ အလံကလည်း မပြောင်းဘူး”ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံရေး ပါတီထောင်ရန် ကလလတ ဗဟိုကော်မတီဝင်များနှင့် လွန်ခဲ့သည့် ၂လခန့်က သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း၊ ၎င်းက ဆိုသည်။
ပါတီထောင်ပြီးခဲ့ပါက ကယားပြည်နယ်တွင် စစ်အစိုးရက သတ်မှတ်ထားသည့် ခရိုင် ၂ ခုနှင့် မြို့နယ် ၈ ခုတို့တွင် မဲဆွယ် စည်း ရုံးရေး လုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်သည်။
ပါတီကို ကလလတမှ ဒု ဥက္ကဌ ဦးထွန်းကျော်က ကယားပြည်နယ် ကိုယ်စားလှယ် အနေနှင့် ရွေးကောက်ခံမှာဖြစ်ပြီး ဒီမောဆို၊ နမ်း မယ်ခုံနှင့် မယ်ဆဲ့ မြို့ နယ်များတွင် စည်းရုံးရေး ဆင်းနေပြီဖြစ်ကြောင်း ကရင်နီ ဒေသခံများက ပြောသည်။
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး ပါတီတွင် ကယားပြည်နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ ဟောင်း ဦးတောရယ် ပါဝင်ကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP)၏ အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့် က ပြောသည်။
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး ပါတီပဲ မဲရခြင်း၊ မရခြင်းသည် ကရင်နီပြည်သူများအတွက် မည်သို့မျှ ထူးခြား မည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
“စစ်အစိုးရ ၂၀၀၈ အခြေခံ ဥပဒေကို အခြေခံထားတယ်၊ ကျနော်တို့ လူမျိုးစုတွေ အတွက်ဘာမှ ရောင်ပြန်ဟပ်စေတဲ့ ရလဒ်မျိုး ရလာမယ်လို့ ကျနော်တို့က မမျှော်လင့်ဘူး၊ အဲဒါ စစ်အစိုးရ သက်ဆိုးရှည်ရေးကို ကျနော်တို့က ၀ိုင်းဝန်းပံ့ပိုးတဲ့ ရွေးကောက်ပွဲပဲ ထွက်လာမှာပဲ”ဟု ဦးအောင်ဆန်းမြင့်က ဧရာဝတီသို့ပြောသည်။
ကလလတ အဖွဲ့သည် ၁၉၇၈ ခုနှစ်တွင် ၎င်းမိခင် အဖွဲ့အစည်း ဖြစ်သည့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)အဖွဲ့မှ ခွဲထွက်ခဲ့သည်။ ၁၉၉၄ ခုနှစ် မေလတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။
ကလလတ တပ်ဖွဲ့သည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်သည်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအစီအစဉ်ကို စစ်အစိုးရက လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလတွင် စတင်ခဲ့ခြင်းဖြစ်သည်။
၁၉၉၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ် မဲဆန္ဒနယ် ၈ နေရာတွင် နိုင်ငံရေး ပါတီအဖွဲ့အစည်း ၁၀ ခု ကိုယ်စားပြု၍ လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၂ ဦးနှင့် တသီးပုဂ္ဂလ လွှတ်တော် ၁ဦးတို့က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထိုသို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ၄ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနှင့် ကယား ပြည်နယ် လူမျိုးပေါင်းစုံ ဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ ၂ ဦးစီ အသီးသီး ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။

Geen opmerkingen: