မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 26 maart 2010

ကြိမ်ဒဏ်ပေးသည့် ဦးပိုင်အရာရှိအား အရေးယူ

နရီလင်းလက် Friday, March 26, 2010
.ပါရမီယာဉ်လိုင်း ၀န်ထမ်းများအား ကြိမ်ဒဏ် အပြစ်ပေးသူ စီးပွားရေး ဦးပိုင် လီမိတက် ဒါရိုက်တာ တဦးအား ရန်ကုန်တိုင်း (စစ်ဌာနချုပ်) တိုင်းမှူးက ပြင်းထန်စွာ သတိပေး၍ အရေးယူ လိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ဌာနမှ ကြားသိရသည်။
ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေးမှ ပါရမီနှင့် အဓိပတိ ယာဉ်များ ပြေးဆွဲ နေသည်ကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - ကိုခိုင်)
စည်းကမ်း မလိုက်နာသူ ဦးပိုင် ဝန်ထမ်း များအား ကြိမ်ဒဏ် ပေးသည့် သတင်းကို မတ် ၂၂ ရက်နေ့က ဧရာဝတီ သတင်း စာမျက်နှာတွင် ဖော်ပြခဲ့ ပြီးနောက် ယခုကဲ့သို့ အရေးယူကာ ကြိမ်ဒဏ် အပြစ်ပေးမှု ကိုလည်း ရပ်တန့် လိုက်ပြီ ဖြစ်သည်။
ဦးပိုင်၏ လုပ်ငန်း တခု ဖြစ်သော ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းမှ အဓိပတိ (ပါရမီ) အထူးယာဉ် လိုင်းများတွင် မတ်လ ဆန်းပိုင်းမှ စတင်၍ သတ်မှတ် ၀င်ငွေ ပြည့်မီရန် ရှာဖွေ မပေး နိုင်သော ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များကို ယာဉ်လိုက်ခွင့် ရက် အကန့် အသတ်ဖြင့် ပိတ်ခြင်း၊ ဒဏ်ငွေ ရိုက်ခြင်းများ အပြင် ကြိမ်ဒဏ် အပြစ်ပေး ခြင်းများ ရှိခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်က ပါရမီယာဉ်လိုင်းမှ ဒါရိုက်တာ ဗိုလ်မှူး ယဉ်မောင်စိန်အား ပြင်းထန်စွာ သတိပေးသည့် စာတစောင်ကို လက်မှတ်ရေးထိုးထုတ်ပြန်ကာ အရေးယူလိုက်ပြီ ဖြစ်ကြောင်း ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းမှ အရာရှိတဦးက ပြောသည်။
“အထက်လူကြီးတွေခွင့်မပြုဘဲဒီကိစ္စလုပ်လို့မရပါဘူး။အစောပိုင်းကတည်းကကြည်ဖြူလို့ လုပ်ခွင့်ပေးလိုက်ပြီးမှ၊ အပြင်မှာ ဒီအကြောင်း ဟိုလေးတကြော်ကြော်ဖြစ်သွားတော့ အာဏာပိုင်တွေက တိုင်းမှူးကိုခေါ်ပြီး အခုလို စာ ပြန်ထုတ်ခိုင်းလိုက်တာပါ”ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ တဦးကပြောသည်။
ကြိမ်ဒဏ်ရိုက်ခြင်းအား ရပ်တန်းမှရပ်ရန်နှင့် ဆက်လက်ဆောင်ရွက်ခြင်း မပြုရန် ပါရှိသည့်အပြင် တာဝန်ရှိသူ ဗိုလ်မှူး ယဉ်မောင်စိန်အား အရေးယူပါရန် ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ဥက္ကဋ္ဌ ဗိုလ်မှူးကြီး မျိုးမြင့်ကို ပြောကြားထားကြောင်း ယင်းစာတွင်ပါရှိသည်။
ကြိမ်ဒဏ်ပေးရာတွင် အဓိပတိ ယာဉ်လိုင်းများ၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး တာဝန်ရှိသူများ ကိုယ်တိုင် လူအများရှေ့တွင် ရိုက်နှက်ခြင်း ဖြစ်ကြောင်း၊ အပတ်စဉ် ကြိမ်ဒဏ်အရိုက်ခံရသူ အဓိပတိယာဉ်လိုင်းမှ ၀န်ထမ်း ၁၀ ဦးကျော်ရှိကြောင်း သိရသည်။
မတ်လမှစတင်၍ အပြစ် အကြီး၊ အသေးပေါ်မူတည်၍ ခွဲမှူးကိုယ်တိုင် အပြစ်တခုအတွက် အနည်းဆုံး ၃ ချက်ရိုက်ကြောင်း၊ ရိုက်သည့်ကြိမ်မှာ ကြီးမားလှပြီး အထက်လူကြီးကို ပမာမခန့် လုပ်ပါက ကြိမ်လုံး နှစ်ချောင်းပူးရိုက်ကြောင်း သိရသည်။
မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်သည် သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ သင်္ဘောလိုင်း လုပ်ငန်း၊ ဆိပ်ကမ်းများ၊ ဆီဆိုင်များနှင့် ဆီရောင်းချသည့် လုပ်ငန်း၊ ဘဏ်လုပ်ငန်း အပါအ၀င် ပြည်သူပိုင် လုပ်ငန်း အများအပြားဖြင့် စစ်တပ်ရန်ပုံငွေ ရှာပေးနေသော စီးပွားရေး အစုအဖွဲ့ဖြစ်သည်။

Geen opmerkingen: