မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 30 maart 2010

NLD ဆုံးဖြတ်ချက် ရွေးကောက်ပွဲ အနှောင့်အယှက်ဖြစ်ဟု ဂျာနယ်များတွင် ဖော်ပြခိုင်း

သန်းထိုက်ဦး Tuesday, March 30, 2010
.အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဆုံးဖြတ်ချက်က ရွေးကောက်ပွဲအား အနှောင့် အယှက် ဖြစ်စေသည် ဆိုသည့် စာသားကို ပြည်တွင်း အပတ်စဉ်ထုတ် သတင်း ဂျာနယ်များတွင် စာပေ စိစစ်ရေးက ဖိအားပေး ဖော်ပြ ခိုင်းကြောင်း သိရသည်။
NLDပါတီအနေဖြင့်ရွေးကောက်ပွဲကိုမ၀င်ရန်ကြေညာခဲ့ခြင်းသည်ဒီမိုကရေစီစနစ်သို့ငြိမ်းချမ်းညင်သာစွာ ကူးပြောင်းရေးကို ထိခိုက်နိုင်ကြောင်း ယနေ့ ဖြန့်ချိခဲ့သည့် ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ် ၂ စောင်တွင် ရေးသားထားသည်ကို တွေ့ရသည်။
အဆိုပါဂျာနယ်များမှာဧပြီလ၁ရက်နေ့ထုတ်MyanmarNewsWeekဂျာနယ်နှင့်မတ်လ၃၁ရက်နေ့ထုတ်The YangonTimesဂျာနယ်တို့ ဖြစ်သည်။ထိုဂျာနယ်နှစ်စောင်မှာယနေ့ပင်ဖြန့်ချိခဲ့သည်။
MyanmarNewsWeekဂျာနယ်တွင်“မဲခွဲဆုံးဖြတ်၍ရွေးကောက်ပွဲမ၀င်ရန်ကြေညာခဲ့ခြင်းကြောင့်ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက်ပွဲ ကျင်းပရန် အစီအစဉ်ကို သွေဖည်၍ နိုင်ငံနှင့် လူမျိုး အတွက် ဒီမိုကရေစီ စနစ်သို့ ငြိမ်းချမ်း ညင်သာစွာ ကူးပြောင်း ရေးအား ထိခိုက်နိုင်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူ တဦးက သုံးသပ်ပြောကြားသည်”ဟု ရေးသားထားပြီး TheYangonTimesဂျာနယ်တွင်လည်း အလားတူ ရေးသားထားသည်။
ပြည်တွင်းရှိ အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် ဖော်ပြခွင့်ရရန် အတွက် စာပေစိစစ်ရေးသို့ သတင်း မူကြမ်းများတင်ပြီး တပတ်ခန့် စောင့်ဆိုင်း ကြရသည်။ ယခုကဲ့သို့ သတင်းဂျာနယ် ၂ စောင်က ချက်ချင်းဖော်ပြခွင့်ရခြင်းမှာ စာပေစိစစ်ရေးက ထည့်သွင်းလိုသည့် အချက်ကို ရေးသားပေးသောကြောင့် ဖြစ်နိုင်ကြောင်း ရန်ကုန်စာနယ်ဇင်း အသိုင်းအဝန်းတွင် ပြောဆိုနေကြသည်။
၎င်းဂျာနယ်၂စောင်အပြင်NLDပါတီ ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်သည့် သတင်းကို တခြားသော သတင်းဂျာနယ်များက ဖော်ပြခွင့်ရရန် အတွက် စာပေစိစစ်ရေးသို့ တင်ထားကြောင်းလည်း သိရသည်။
“ကျနော်တို့ကိုလည်း စိစစ်ရေးက သူတို့ ထည့်စေချင်တဲ့စာသားတွေ ဖော်ပြပေးမှ ဒီသတင်းကို ခွင့်ပြုမယ်လို့ ထင်ပါတယ်” ဟု သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
ယမန်နေ့က နိုင်ငံ တ၀န်းလုံးရှိ NLDကိုယ်စားလှယ်များမဲခွဲဆုံးဖြတ်ရာ ကိုယ်စားလှယ် ၁၁၃ ဦး၏ ထောက်ခံချက်ဖြင့် ရွေးကောက်ပွဲတွင် မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့သည်။
ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ ကျင်းပသော မှတ်ပုံတင်ရေး မတင်ရေး ဆွေးနွေးပွဲတွင် နိုင်ငံတ၀န်းရှိ NLDအကျဉ်းကျခံနေသောNLDခေါင်းဆောင်များရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခွင့်မရှိစေရန် ပါတီများမှတ်ပုံတင်ခြင်းဥပဒေကတားမြစ်ထားသည့်အပြင်NLDအနေဖြင့် မေလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မတီထံသို့ မှတ်ပုံတင်ခြင်းမပြုပါကတရားဝင်ပါတီ အဖြစ်မှ ဖျက်သိမ်းခံရမည်ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းNLDအဖွဲ့ဝင်များအကြား ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ပတ်သက်၍ အငြင်းပွားခဲ့ကြသည်။ NLD လူငယ် ခေါင်းဆောင်များက ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။
NLDပါတီသည်၁၉၈၈ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲတွင်လူထုထောက်ခံမဲ အများဆုံးဖြင့် အနိုင်ရရှိခဲ့သည်။

Geen opmerkingen: