မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 30 maart 2010

NLD ဆုံးဖြတ်ချက်ကို အမေရိကန်နှင့် ကုလ အလေးထား

ဧရာဝတီ Tuesday, March 30, 2010
.ရွေးကောက်ပွဲတွင်ပါဝင်ခြင်းမပြုရန်ဆုံးဖြတ်လိုက်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဆုံးဖြတ်ချက်ကို လေးစားကြောင်း အမေရိကန် အစိုးရနှင့် ကုလသမဂ္ဂတို့က တနင်္လာ နေ့တွင် ပြောကြား လိုက်ကြသည်။

                                                    (ဓာတ်ပုံ - ရိုက်တာ)
ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် သူ့ပါတီ၏ မည်သည့် ဆုံးဖြတ် ချက်ကို မဆို နိုင်ငံတကာ အသိုင်းအ၀န်းက လေးစားကြရန် လိုအပ်သည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ပြောခွင့် ရပုဂ္ဂိုလ် မစ္စတာ မာတင်နီ ဆာကီက နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်တွင် ပြောကြား လိုက်သည်။ ပြီးခဲ့သည့် အပတ်က ထုတ်ပြန်ခဲ့သည့် မစ္စတာ ဘန်ကီမွန်း၏ ကြေညာချက်ကို ရည်ညွှန်းပြီး သတင်း ထောက်များကို ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
“သူ(မစ္စတာဘန်ကီမွန်း)ပြောခဲ့သလိုပါပဲဒီရွေးကောက်ပွဲကမျှတပြီးယုံကြည်စိတ်ချရတယ်လို့ ယူဆနိုင်တယ်ဆိုရင်အများရဲ့ပါဝင်နိုင်မှု ရှိနိုင်သမျှ ရှိဖို့ လိုအပ်ပါတယ်”ဟု ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းပြသည်။
မစ္စတာ ဘန်ကီမွန်းက သူ၏ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့နှင့် ပြီးခဲ့သည့် အပတ်က တွေ့ဆုံရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။
အမေရိကန် အစိုးရကလည်း NLD ၏ ဆုံးဖြတ်ချက်ကို လေးစားသည်ဟု အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြည်သူ့ရေးရာဌာန အကြီးအကဲ မစ္စတာ ပီဂျေခရော်လေ က ပြောသည်။
“မြန်မာပြည် နိုင်ငံရေး ဖြစ်စဉ်မှာ လိုအပ်တယ်လို့ ကျနော်တို့ ယူဆထားတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေ၊ တခြား အဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အလေးအနက်ထားပြီး ဆွေးနွေးဖို့ မြန်မာအစိုးရကဆန္ဒမရှိတဲ့အတွက်ကြောင့်NLDကဒီလိုဆုံးဖြတ်လိုက်တာပဲလို့ကျနော်တို့ နားလည်မိပါတယ်” ဟု မစ္စတာ ပီဂျေခရော်လေ က ပြောသည်။
ပြီးခဲ့သည့်နှစ်ကစပြီး အမေရိကန်အစိုးရသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် ထိတွေ့ဆက်ဆံရေး၊ ဒဏ်ခတ်ပိတ်ဆို့ရေး နည်းလမ်းနှစ်သွယ်ကို တပြိုင်နက် ကျင့်သုံးခဲ့သည်။
“ရွေးကောက်ပွဲဥပဒေတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အမြင်ကို ပြောပြီးပါပြီ။ စိတ်ပျက်စရာ ဥပဒေတွေလို့ ကျနော်တို့ ထင်ပါတယ်။ ဒီလို ပြောပြီး နောက်ပိုင်းမှာတော့ မြန်မာအစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးတာ မရှိသေးပါဘူး။ အနာဂတ်မှာ မရှိဘူးလို့တော့ မပြောနိုင်ပါဘူး။ သို့သော်လည်းပဲ မြန်မာပြည်မှာ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဥပဒေတွေက နည်းမှန် လမ်းမှန် မဟုတ်ပါဘူး” ဟု မစ္စတာ ပီဂျေခရော်လေ က ရှင်းပြသည်။
ဤအတောအတွင်း ၀ါရှင်တန်အခြေစိုက် US Campaign for Burma ခေါ် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့က NLD ၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ယမန်နေ့က ကြေညာချက် ထုတ်လိုက်သည်။
“NLDခေါင်းဆောင်တွေကသတ္တိရှိရှိဆုံးဖြတ်လိုက်တာပါပဲ။ဒီအတွက်ကျနော်တို့အင်မတန်ဂုဏ်ယူပါတယ်” ဟု ထိုအဖွဲ့၏ ညွှန်ကြားရေးမှူး ကိုအောင်ဒင်က ပြောသည်။
“စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို လက်မခံတဲ့ နည်းနဲ့ သူတို့အားလုံးက ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ပြီးတော့ ပြည်သူတွေ နဲ့အတူ ဆက်လက် ရပ်တည်ဖို့ ဆုံးဖြတ်လိုက်ကြတာပါပဲ” ဟု ကိုအောင်ဒင်က ဆိုသည်။

Geen opmerkingen: