မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 31 maart 2010

မဲခေါင် ညီလာခံအတွက် လုံခြုံရေး တိုးမြှင့်မည်

ဥဆာ ဖိချိုင်း
ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၁ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၁ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းအစိုးရသည် ဧပြီလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပမည့် မဲခေါင်မြစ်ဝှမ်း ကော်မရှင် ညီလာခံအတွက် ပြည်တွင်း လုံခြုံရေး ဥပဒေတရပ်ကို သက်တမ်းတိုးလိုက်သည်။
ထိုပြည်တွင်း လုံခြုံရေး ဥပဒေသည် မူလက ယခုလ ၃ဝ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သော်လည်း ဘန်ကောက်၊ Nonthaburiနှင့်SamutPrakanခရိုင်များအတွက် လာမည့်လ ၇ ရက်နေ့အထိတိုင်အောင် တိုးချဲ့  သတ်မှတ်လိုက်ကြောင်း ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် Suthep Teuksuban က ပြောကြားခြင်း ဖြစ်သည်။
အဆိုပါဥပဒေသည်PrachuapKhiriKhanနှင့်Phetchaburiခရိုင်များပါ အကျုံးဝင်မည်ဖြစ်ကာ၊ မဲခေါင်မြစ်ဝှန်း ကော်မရှင် ညီလာခံအတွက် လေ့ကျင့်ပြင်ဆင်ထားသည့် လုံခြုံရေး ဝန်ထမ်းများ ရှိသည်ဟု ဒုဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ထိုင်းအစိုးရ၏ ဝက်ဘ်ဆိုဒ်တခုတွင် ယမန်နေ့က ဖော်ပြခဲ့သည်။
မြို့တော်ဘန်ကောက်တွင် ‘အာဏာရှင်ဆန့်ကျင်သော ဒီမိုကရေစီ ညီညွတ်ရေး တပ်ဦး’UDD၏ ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ် ငြိမ်းချမ်းရေး ထိန်းသိမ်းရန် ကြိုးပမ်းသည့်အနေဖြင့် အဆိုပါ ဥပဒေအား ဘန်ကောက်နှင့် ပတ်ဝန်းကျင် နယ်မြေများအတွက် ယခုလ ၁၁ ရက်နေ့မှစတင်၍ ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
ရှပ်နီဝတ်UDDသည် ပြည်ပသို့ ထွက်ပြေးခိုလှုံနေသည့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ကို ထောက်ခံသော အဖွဲ့လည်း ဖြစ်သည်။
ညီလာခံအား Prachuap Khiri Khan ရှိ ဟွာဟင်းခရိုင် (Hua Hin) တွင် ကျင်းပမည်ဟု သိရသည်။
လက်ရှိအချိန်အထိ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအို နိုင်ငံများမှ ဝန်ကြီးချုပ်များသည် ညီလာခံတက်ရောက်ရန် သေချာနေပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကိုမူ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ရန် ဖိတ်ကြားထားသည်။



Geen opmerkingen: