မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 18 november 2010

ကြံ့ဖွံ့နှင့်ပေါင်းရန် ကရင် ပါတီကို စည်းရုံး

သန်းထိုက်ဦး Thursday, 18 November 2010 17:47 သတင်း
.စစ်အစိုးရ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းနှင့် သာသနာရေးဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း သူရ ဦးမြင့်မောင်တို့က ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ပူးပေါင်းရန် တောင်ကလေး ဆရာ တော် အရှင်ပညာသာမိ ထံ လာရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ၁၃ရက်နေ့ကကြံ့ဖွံ့ပါတီကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲအပြီးတွင်ပါတီဝင်များကို တွေ့ရစဉ်။(ဓာတ်ပုံ-AP)
နိုဝင်ဘာလ ၁၆ ရက်နေ့က စစ်အစိုးရ အာဏာပိုင်များသည် ကရင်ပြည်နယ် ဘားအံမြို့တောင်ကလေး ဘုန်းကြီးကျောင်းရှိ စာသင်သားများကို စာအုပ်များ လာရောက်လှူဒါန်း၍ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
တောင်ကလေး ဆရာတော်သည် ကရင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့တွင် ဥက္ကဌ ဖြစ်ပြီး ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီကို အကြံပေးနေသော ဆရာတော် တပါးဖြစ်သည်။
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီသည်ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့နယ်နှင့်ဘားအံမြို့တို့တွင် အနိုင်ရရှိထားသောကြောင့် စစ် အစိုးရကပူးပေါင်းရန်လာရောက်ဆွေးနွေးခြင်း ဖြစ်ကြောင်း တောင်ကလေး ဆရာတော်နှင့် နီးစပ်သူတဦး က ဧရာဝတီသို့ ပြောသည်။
သို့သော် ဖလုံ-စဝေါ် ပါတီ၏ သဘောထား ရပ်တည်ချက်များနှင့် မကိုက်ညီပါက ပူးပေါင်းရန် မရှိကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ဖလုံ-စဝေါ်ပါတီ အမတ်လောင်း ဖြစ်သော စောတယ်ရီက ယင်းသတင်းနှင့် ပတ်သက်၍ ငြင်းဆိုခဲ့ သည်။ မနက်ဖြန်တွင် ဆရာတော်က အစည်းအဝေးခေါ်ထားသဖြင့် ဘားအံမြို့သို့ သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆို သည်။
ဖလုံ-စဝေါ်ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်မြို့ အပါအ၀င် ၁၈ နေရာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၉ နေရာ အနိုင် ရရှိကြောင်း ၎င်းပါတီက ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲ ကာလ အတွင်း ကရင်ပြည်နယ် အမျိုးသားများ အဖွဲ့ချုပ် (KSNO)၊ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်(UKL)နှင့် ကရင်အမျိုးသား ဒီမိုကရေစီ ကွန်ရက် (KNCD)ဟူ၍ ကရင်နိုင်ငံရေးပါတီ ၃ ခု ရှိခဲ့ကြောင်း သိရသည်။
ယင်း ပါတီများ အနက် KSNOသည် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေတခု၌ အနိုင်ရရှိခဲ့ကြောင်း၊ ထိုရွေးကောက်ပွဲ၌ အဓိက အတိုက်အခံပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေ ၁၄ ခုအနက် ၁၀ ခုတွင် အနိုင်ရရှိခဲ့သည်။

Geen opmerkingen: